ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
သူရဲကောင်း(ARGONAUT)
ကျွန်နော်ကွန်မြူနစ်လို့ ဘဇာက ထင်စေတာလဲကျွန်တော်မသိဘူး။ ဘယ်ကွန်မြူနစ်အစည်းအဝေးကိုမှလည်း မသွားဘူး။ မည်သည့်ကွန်မြူနစ်တွေနဲ့မှလည်း မသိခဲ့ဘူး။သူတို့သဘောတရားတွေကို ကျွန်တော်မယုံဘူး။ ဆောင်းတွင်မှာသမင်လိုက်တယ် ဆိုတာမှန်ပါတယ်။ တကယ်ဘဲ ပစ်မသတ်ခဲ့ဖူးဘူး။ သူတိုနောက်ကသာ လိုက်တာ။ နောက် ဗော့ဒ်ကာနှင့် ဘယ်ရီသီးဖျော်ရည်ကို စပ်သောက်တယ်။ ဒါပေမဲ့ဒီအရာတွေက ကျွန်တော့်ကိုကွန်မြူနစ်ဝါဒီ မဖြစ်စေဘူး။ တံတားပေါ်မှာရပ်ပြီး လှေတွေ ပင်လယ်ထဲထွက်လာတာကို ကျွန်တော်ကြည့်တယ်။ တစ်နေ့သူတို့နှင့်အတူသွားဖို့ အိပ်မက်မက်တယ်။။ ကျွန်တော့်တိုက်ခန်းမှာ တစ်ယောက်တည်းကတယ်။အစိုးရနဲ့ အလုပ်လုပ်ရတာကို မုန်းတယ်။ ဘယ်သူ့ကိုမှမသိခဲ့တဲ့ ပါတီပွဲတွေတက်တယ်။တိရစ္ဆာန်ရုံသွာပြီး တိရစ္ဆာန်တွေနဲ့စကားပြောတယ်။ငါမြင်းကျားမတစ်ကောင်နှင့်ငြိ ပြီးသူမရဲ့ စပ်ကြားတွေနဲ့ပွတ်သပ်တဲ့ အိပ်မက်မက်တယ်။ ကျွန်တော်ကြိုက်တဲ့မိန်းမတစ်ယောက်နဲ့ တွေ့ပြီးဖုန်းပြောတယ်။ ( phone sex ) ဖုန်းထဲက ဘုတာကို ကြိုက်တယ်လို့ သူမပြောတော့ ဘာဆိုလိုမှန်းကျွန်တော်မသိဘူး။ ငါအိပ်ရာပေါ်မှာလဲလျောင်းပြီး ကံကောင်းတာတွေ လက်ရေချိုး နေလိုက်တယ်။ မရှိသလောက်ဘဲ။ ရှိတောင် မများဘူး။ ပြတင်းပေါက်ကို ထရပ်ကြည့်တယ်။ စာကလေးတစ်အုပ်ပျံ သန်းသွားတယ်။ ဟင်းချိုတစ်ခွက်တည်လိုက်တယ်။ ဆွေမျိုးသားချင်းတွေကို သတိရသွားတယ်။ တစ်ယောက်ကလွဲလို့ အကုန်ကြွကုန်ပြီလေ။ သူမကို ဖုန်းခေါ်တယ်။ သူမကကျွန်မကိုမမှတ်မိဘူး။အက်ဒ်နာရဲ့သားပါ လို့သူ့ကို ကျွန်တော်ပြောတယ်။
“အက်ဒ်နာကိုငါမှတ်မိတယ်။ သူ့ကိုဘယ်တုန်းကမှမကြိုက်ဖူး။ အာကြမ်းလျှာကြမ်း” လို့သူပြောတယ်။
“အမေကဘယ်တော့မှ အာလျှာမကြမ်းဘူး။ဒါပေမဲ့ ကျွန်တော် ငြင်းတော့မှာမဟုတ်ဘူး။ ကျွန်တော်ရုပ်ရှင်သွားတယ်။
ဟပ်လောင်းကက်စီဒီ (Hopalong Cassidy )ကိုကျွန်တော်တွေ့တယ်။သူလက်ပြ နှုတ်ဆက်တာတွေ အများကြီးမလုပ်စေချင်ဘူး။ ဒါပေမယ့် ပြောင်းဖူးပေါက်ပေါက်ကို ကြိုက်တယ်။ မြို့ပတ်လမ်းလျှောက်ပြီးခိုတွေအစာကျွေးတယ်။ လမ်းကဆိုဒါဝယ်လိုက်တယ်။ ပန်းခြံမှာထိုင်တယ်။ မိန်းမတယောက်လျှာက်လာတယ်။ ဘေးမှာလာထိုင်တယ်။ “သာယာတဲ့နေ့ မဟုတ်လား”လို့သူပြောတော့”ဟုတ်တယ်။” သာယာတယ်ဗျာ။ ငါလည်း သဘောကျတယ် “လို့ကျွန်တော်ပြန်ဖြေတယ်။
“ရှင် ဘာအလုပ် လုပ်လဲ” လို့ သူမကမေးတယ်။”အစိုးရစာရင်းကိုင် တစ်ယောက်ပါလို့” ကျွန်တော်ပြောတယ်။ ”ကောင်းမှာပါ”လို့ သူပြောတယ်။ “ကျွန်တော်ကို သိတဲ့လူတွေက ကွန်မြူနစ်လို့ ထင်ကြတယ်” လို့ ကျွန်တော် ပြောတော့ “ဟာသလုပ်နေတာမလား”လို့ သူပြောတယ်။ ”ကျွန်တော့်အတွက်တော့ဟာသပါ” လို့ ကျွန်တော်ပြောတယ်။ “မင်းကသူရဲကောင်း( အာဂွန်နော့တ်) နဲ့ ပိုတူနေတာ” လို့ သူကျွန်တော်ကိုပြောတယ်။
“အာဂွန်နော့ဆိုတာဘာလဲ” လို့ငါမေးလိုက်တယ်။ “သမုဒ္ဒရာရေနက်ပိုင်းမှာ ရတနာရှာတဲ့သူတစ်ယောက်” လို့ သူကပြောတယ်။ “ကလေးဘဝတုန်းက ရေချိုးကန်ထဲမှာ ပိုက်ဆံတစ်ပြားတွေ့ခဲ့တယ်” လို့ကျွန်တော်ပြောတော့
“ဟာ ဒါဆို မင်းသူရဲကောင်းပဲ” လို့သူဆိုတယ်။







