ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
နှစ်ပူဆင့်ပြသနာ
ကျွန်တော်မြို့လယ် ကော်ဖီဆိုင်မှာတစ်ယောက်တည်း ထိုင်ခဲ့တယ်။ ကျွန်တော့်မှာဟမ်ဘာဂါနဲ့ နွားနို့ရှိတယ်။ ကျွန်တော် ခဏနေ အလုပ်ထဲပြန်သွားရဖို့ရှိတယ်၊ ဒါပေမယ့်စားပွဲထိုးတစ်ယောက်နဲ့ စကားပြောဖို့ ကျွန်တော့်အချိန် အလုံအလောက် ရခဲ့တယ်။ သူမရဲ့နာမည်က အိုင်ရင်းဖြစ်ပြီး သူမက ကျွန်တော် နေတဲ့ မြို့အနီးအနားမှာ ရှိတဲ့မြို့တမြို့ကပါ။ တကယ်တော့ကျွန်တော်တို့အထက်တန်းကျောင်းတခု အတူတူတက်ခဲ့ကြပြီး အင်္ဂလိပ်စာ ဆရာလည်းတူခဲ့တယ်။ အိုင်ရင်းကို ကျွန်တော်ကြိုက်ခဲ့တယ် ။သူမက “မင်းအိမ်ကိုပြန်လာခဲ့တာလား” တဲ့။ “အိုး ဟုတ်တယ်၊ တစ်လလောက်ပဲရှိသေးတယ်” လို့ ကျွန်တော်ပြောခဲ့တယ်။ “မင်းကောဘယ်လိုလဲ “ငါဒီမှာ နေတုန်းပဲ။ ငါ အသွားအပြန်လုပ်နေတာ၊မင်းခန့်မှန်လို့ ရမယ်ထင်ပါတယ်” လို့သူမကပြောတယ်။ “ဘော်ဘီကိုတွေ့သေးလား”လို့ကျွန်တော်မေးလိုက်တော့ “အိုး .. ငါ ခဏသူ့ကိုချိန်းထားတယ်” လို့ သူမကပြောပါတယ်။ “နောက် နေတာမဟုတ်ဘူး။ ဘော်ဘီက ငါ့ရဲ့အကောင်းဆုံး သူငယ်ချင်း ဖြစ်ခဲ့တယ်။ ” လို့ ကျွန်တော် သူမကိုပြောတော့” ဒါတကယ်ကြီးလား။ ငါနဲ့သူ ပက်ပက်စက်စက် စကားများ ရန်ဖြစ်သွားတယ်၊ ဒါပေမယ့်ငါ သူ့ကိုငါအရမ်းကြိုက်တယ်” ဟုသူမကပြောတယ်။ “ ငါမေးလို့ စိတ်မဆိုးဖူးဆိုရင် မေးချင်တယ် ဘာတွက် ရန်ဖြစ် စကားများပြီးတဲ့နောက် ဆက်ဆံရေးမကောင့်ရတာလဲ “ လို့ ကျွန်တော် မေးဖြစ်လိုက်တယ်” ။”အိုး သူနောက်တစ်ယောက်ကိုတွဲနေတယ်။ မာရီယာနီဆိုတဲ့တစ်ယောက်”လို့သူမပြောတယ်။ “ငါကိုယ်တိုင် မာရီယာနီနဲ့ ချိန်းတွေ့ဖူးတယ်”လို့ ကျွန်တော်ပြောတော့ “ဒါဟာသေးငယ်တဲ့ ကမ္ဘာကြီးပါပဲ” လို့ သူမကဆိုတယ်။ “ဟုတ်ပါတယ်၊ သိပ်သေချာတာပေါ့”လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။
နောက်တော့ကျွန်တော် အလုပ်ပြန်ဝင်ဖို့လု လုပ်ခဲ့တယ်။ကော်ဖီဆိုင်နဲ့လည်း တပတ်လောက်ထိ ဝေးနေခဲ့ပြန်တယ်။ကော်ဖီဆိုင်ဖက် လှည့်ခဲ့တာနဲ့ အိုင်ရင်းကကျွန်တော့်အတွက် သတင်းထူးတခု ပေးတော့တယ်။ ကျွန်တော့်ကွာရှင်းထားတဲ့ အမေက သူ့မုဆိုးဖခင်နဲ့ ချိန်းတွေ့တယ်။ ကျွန်တော်ယုံတောင် မယုံနိုင်ဘူး။ ဒါကကျွန်တော်တို့ကို အစ်ကိုနဲ့အစ်မ ဖြစ်စေခဲ့ပေမဲ့ သိပ်တော်စပ်ဖို့ မဟုတ်ပါဘူး ။ကျွန်တော်တို့ ရွေးချယ်လိုက တစ် ဦး နှင့်တစ်ဦး ချိန်းတွေ့နိုင်ကြပြီး ကျနော်တို့အဖို့အကြည့်ချင်း ဆုံလိုက်၊ဟိုးအဝေးကို ငေးမောလိုက် လုပ်ကြတယ်။ ကျွန်တော်လည်းခဏနေကော်ဖီဆိုင်ထဲကို ပြန်ဝင်တော့မှာ မဟုတ်ဘူး။ ကော်ဖီဆိုင်မှာ ထိုင်တာ များနေပြီလေ။ဒါနဲ့ကျွန်တော်လည်းဒီမြို့သူ မိန်းကလေးတစ် ယောက်နဲ့ချိန်းတွေ့လိုက်တယ်။ဒါပေမယ့်နောက်ဆုံးမှာတော့ ကျွန်တော်တို့ ကွဲသွားကြတယ်၊ ဘာမှကိုမပြောချင်ဖူး။ကျွန်တော် ဘာမှနားမလည်ခဲ့ဘူး။ သူမက သူလွတ်လပ်ခွင့် ပိုလိုချင်ကြောင်း ပြောခဲ့တယ်။ ဒါနဲ့ ကျွန်တော်လည်း သူ့သဘောထားအတိုင်း ဒိုးပါပေါ့။ကော်ဖီဆိုင်ကို ကျွန်တော်ပြန်သွားတဲ့အခါ အိုင်ရင်းမရှိတော့ဘူး။ ပြီးခဲ့သည့်သီတင်းပတ်ကဘဲ သူမ အလုပ်ထွက်ခွာသွားခဲ့ပြီး၊ ကျွန်တော် မြို့ပတ်လည်သူမအကြောင်းကို မေးတယ်။ဘယ်သူမှ ဘာမှမသိ။ နောက်ဆုံးတော့ အမေကိုဖုန်းဆက်ပြီး၊ အမေများ အိုင်းရင်းကိုကူရှာပေးရန် သူ့အဖေကို မေးပေးဖို့ တောင်းဆိုခဲ့တယ် ။သူမဘယ်နေရာဘယ်ဒေသရောက်နေသလဲပေါ့။နောက်တစ်နေ့မှာအမေက ကျွန်တော့်ကို ဖုန်းဆက်တယ်၊သူဘယ်မှာလဲဆိုတာ မသိဘူးလို့ပြောတယ်။ ဒါပေမယ့်သူ့ကို မခေါ်ဖို့ပါ အမေကပြောလိုက်တယ်။သူဘယ်မှာ နေတယ်ဆိုတာကို ကျွန်တော့်သိချင်စိတ်စွဲလမ်းသွားတယ်။ ကျွန်တော် အလုပ်ကနေထွက်ပြီး သူမကိုအချိန်ပြည့် ရှာဖွေခဲ့တယ်။ ကျွန်တော် ကမ္ဘာကုန်ကျယ်သရွေ့လိုက်ရှာဖို့ ငွေယားလည်းစုထားတယ်၊ အချိန်ပြည့်ရှာဖို့ကို ခွင့်ပြုထားတယ်ပေါ့။
သူမ စိန့်သောမတ်စ်မှာ ဖြစ်နိုင်ချေရှိတယ်လို့ တစ်စွန်းတစ ခန့်မှန်းမိတယ်။ ဒါနဲ့ကျွန်တော် လက်မှတ်ဝယ်လိုက်တယ်။ ကျွန်းမှာမွှေနှောက်ရှာတယ်၊နောက်ကျွန်တော် လက်မြှောက်လိုက်တယ်။ပြန်ပြေး လာခဲ့ရပြန်တယ်။အဲ့ဒီအချိန်မှာ သူမဟာကျွန်တော့်ထပ်ခိုးမှာ နေ နေတာကိုတွေ့တယ်။ တောင်းပန်ပါတယ်လို့ ပြောတယ်။သူမက ကျွန်တော်နဲ့ ပိုရင်းနှီးအောင်နေချင်လို့ပါ ပြောတယ်။ဘယ်လိုပြောရမှန်းတောင် မသိဘူးတကယ်ပါ လို့ ထပ်ပြောတယ်။ သူမကို ဆင်းလာဖို့နဲ့ ကျွန်တော့်နေရာမှာ နေဖို့ပြောခဲ့တယ်။ သူမကခုလောလောဆယ် သူမလာချင်ဖူးလို့ ပြောတယ်။ဘာကြောင့်ဆိုတော့ ငါတို့မိဘတွေလက်ထပ်ထားပြီ။ဒါဟာ ( incest )သွေးရင်းစပ်ယှက်မှု။သိပ် များသွားပြီလို့ ပြောတယ်။“ ကျွန်တော်တို့မိဘတွေ လက်ထပ်ထားတာကိုကျွန်တော်မသိခဲ့ပါဘူး။ “ လို့ကျွန်တော်ပြောတော့ “သူတို့က ဘယ်သူ့ကိုမှမသိစေချင်ဘူး။” တဲ့ သူမကပြန်ပြောတယ်။”ဘာကြောင့်”လဲလို့ ကျွန်တော်မေးတော့”ငါတို့လက်ထပ်ခဲ့မယ်ဆိုရင်” ဟု သူမက ဆိုတယ်။ “ဘာကြောင့်”ကျွန်တော် ထပ်မေးတော့ ဒါဟာသွေးတူနှောလွန်းတာနဲ့ တူတယ်” ဟုသူမဆို တာကို “အိုး” သူမ ဘာကိုဆိုသလဲ ကျွန်တော်မသိဖူးပြောလိုက်တယ်။







