The Government Lake ထာဝရ

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

ထာဝရ


တောရိုင်းကြက်တိန်ညင်သည် ဤတောင်ကုန်းများတွင် နေထိုင်ကြသည် ။ သူတို့ တောင်ကုန်းရှိရာ ဘယ်လိုရောက်လာပြီး ဘယ်လို ရှင်သန်နေကြသလဲဆိုတာ မည်သူမျှမသိ။ သူတို့ပဲသိကြမယ်။ အိုး-သေချာတယ်ဆိုရင် မြေခွေးတစ်ကောင်သည်၎င်းတို့ထဲမှ တစ်ကောင်အားဖမ်းသွားလေ့ရှိသည်။ ကြက်တိန်ညင်များသည်ခပ်လှမ်းလှမ်းလောက်သာ ပျံနှိုင်ကြပြီးနှုတ်သီးဖြင့် တကယ့်အရူးအမူးထိုးပေါက်စွမ်းသည်။သူတို့ကို တောလိုက်မုဆိုးများလည်း အလွန်အမင်း မျက်စေ့ကျသည်။ ပြီးတော့သူတို့ကို ရှာဖွေတွေ့ဖို့ အရမ်းခက်သည်။ ဒါပေမဲ့သူတို့ ကအတော်လေးမြန်မြန်ဆန်ဆန် မျိုးပွါးတတ်သော်ငြား အကျိုးများသူတွေက တောလိုက်များနှင့် မြေခွေးများသာဖြစ်သည်။တစ်ကောင်ဆုံးရှုံး။ သုံးကောင် ထပ်မျိုးပွါးပြီး ခရီးဆက်ကြသည်။ ဆောင်းရာသီကို ဘယ်လို ကျော်လွှားမလဲဆိုတာသည် အလွန်တရာထူးဆန်းနေသော်ငြားသူတို့ ဆောင်းရာသီကို ဖြတ်သန်းမြဲပင်။ကြက်မွေးများ ငါတို့ရဲ့မီးခိုးခေါင်းတိုင်မှာမျောလွင့်လာသည်။ ကြက်များမီးဖိုထဲ ခဏပြည့်သွားသည်။ တို့အစားအစာတွေကို သူတို့စားလိုက်ကြသည်။”မိုင်းရက်”သည် ဗိုက်နာလာသည်ဟု ပြောသည်။ နောက်ထပ်သိပ်မကြာမှီမှာ သူမဥတစ်လုံး ဥချခဲ့သည်။ငါတို့ မယ် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့အောင် တအံ့တဩ ဖြစ်ကြလို့။မိုင်းရက်သည် သူမဥပေါ် ရက်တော်တော်ကြာဝပ်ခဲ့ပြီးနောက် ကြက်သားပေါက်ကလေး ရလာသည်။ကြက်သားပေါက်ကလေးက သိပ်ချစ်ဖို့ကောင်းပြီး မိုင်းရက်နှင့်လည်း တော်တော်များများ ဆင်သည်။သူမသည် အရင်ကလို ရက်အတန်ကြာ သွားဝပ်ခဲ့ပြန်သည်။ပြီးတော့ကျနော်တို့က အိမ်မှာလှည့်လည်ကျက်စားဘို့ ပလပ်ပေးခဲ့သည်။ ရက်သပ္ပတ် တော်တော်ကြာကြာလာတော့ အရင်တခါလို ပြန်ဖြစ်ခဲ့ပြန်သည်။မိုင်းရက်ဗိုက်နာလာတယ်ပေါ့။ရက်ကြာကြာမစောင့်ရဘူး နောက်ထပ်ကြက်ကလေး တစ်ကောင်ပေါက်လာပြန်ရော။

ဒီလိုနဲ့ တစ်အိမ်လုံး ကြက်သားလေးတွေနဲ့ပြည့် လာပြီးမိုင်းရက်သည် မိုးမမြင် လေမမြင်ပျော်ရွှင်နေတော့သည်။ကျနော့အဖို့ တနေ့ထက်တနေ့ စိတ်ရှုပ်လို့လာ နေပြီးဘာလုပ်ရမယ်ဆိုတာကို မသိတော့လောက်အောင်။ကြက်တွေကို အချိန်တိုင်းအစားကျွေးရ။သန့်ရှင်းရေးလုပ်ပေးရနဲ့။ ကျနော့်ပေးဘို့အချိန်ဆိုတာ မိုင်းရက်မှာမရှိတော့။ သူမအဖို့သူ့ကြက်များကို နေ့ရောညပါလိုက်ဖမ်းနေရသည်။ ကျနော် ဘယ်လောက်ပင်လှည်းကျင်းစေကာမူကြက်မွေးတွေမကုန်တော့၊ အိမ်အပြည့်ရှိနေခဲ့ပြီ။ဒါနဲ့ တညမှာ မြေခွေးတစ်ကောင် အိမ်ထဲကို ဝင်ခဲ့သည်။ ကျနော်လည်း ဘာလုပ်တတ်မလဲ။ အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ ကြက်မွေးတွေမြေမဆန့်။အချန်တိုအတွင်းမှာပင် ကြက်သားပေါက်တွေမကျန်အောင် မြေခွေးသည် လျင်မြန်စွာပေါ်လာခဲ့ပြီး ပျောက်ကွယ်သွားသည် ။

မိုင်းရက်က “ ငါတို့ ဘာလုပ်ကြမလဲ” လို့ပြောသည်။ငါ့တို့ လုပ်စရာ ခုဘာမှမရှိတော့ဘူးနော်”။

“ဟိုတချိန်ကကြက်သားပေါက်တွေ မရှိတဲ့အချိန်ကလို ငါတို့ နေကြရမယ်”လို့ကျနော်ကဖြည့်ပြောသည်။ ဒါပေမယ့် ငါတော့စိတ်ကူးလို့ကို မရပါဘူး။ သားလေးတွေမရှိ ဘာအဓိပ္ပါယ်ရှိနေလို့လဲလို့ “ မိုင်ရက်ကဆိုသည်။”ကလေးတွေမရှိသော်ငြားငါ့တို့ မှာ တစ်ခုခု ရှိနေပါသေးသည်။တစ်ယောက်နဲ့တစ်ယောက် ချစ်ကြဘို့ အဓိကမဟုတ်လား”လို့ကျနော်က ပြောလိုက်သည်။” ဟိုး တချိန် တုန်းကလို ကြီး” လားလို့ သူမကဆိုသည်။” ငါ့အဖို့တော့ မနေ့တစ်နေ့ကလိုထင်နေဆဲ”လို့ ကျနော်က ပြန်ပြောခဲ့သည်။ “ထိုကြက်များသည် “ထာဝရဖြစ်သည်ဟု”သူမကဆိုသည်။

ဘဘဝ
“Eternityv From The Government Lake” by James Tate