ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
ကျွန်တော့်စားပွဲခုံမှာ ကျွန်တော်ထိုင်ပြီးနောက် ပြီးခဲ့သမျှသော အရာအာလုံးတို့ကို ဆင်ခြင်ကြည့်သည်
ဒီနှစ်အတွင်း ပြီးမြောက်ခဲ့သမျှအရာအားလုံးကိုကျွန်တော်စားပွဲခုံမှာ ထိုင်ပြီး စဉ်းစားခဲ့သည်။ရိုဒ်ကျွန်း ဟော့ဒေါ့ အစားပြိုင်ပွဲမှာ အနိုင်ရရှိခဲ့သည်။ ဟင့်အင်း၊ မနိုင်ပါဘူး။နောက်တာပါ ။ပေါဒ်လန်းပြည်နယ် ရှိ မိန်းမြို့ရဲ့လက်နပန်းချန်ပီယံ ဖြစ်ခဲ့သည်။ မှားနေပြန်ပြီ။ဘရာဇီးတောင်ပိုင်းမှာ အကြီးဆုံးမြွေကို ကျွန်တော်ဖမ်းခဲ့သည်။ အိမ်မက်တွေထဲမှာပါ။အမေရိကန် ပြည်ထောင်စု၌ အကြီးဆုံးအိမ်ကိုမီးခြစ်ဆံများနှင့် တည်ဆောက်ခဲ့သည်။ ဝိုး-ဝံပုလွေရဲ့အမြီးကို ကျွန်တော် ဆွဲဖမ်းလိုက်သည်။ပျော်စရာ။မိုနာကို၏မင်းသမီးနှင့် ကျွန်တော် လက်ထပ်ခဲ့သည် ။ဒါဆိုယုံနိုင်လား။ ဧဝရက်တောင်မှ ကျွန်တော်ကျသည်။အိုး-နာလိုက်တာ။ ဆက်မလျောက်တော့ဘဲပြန်ခဲ့ရသည်။ ကျွန်တော်ပင်ပန်းလွန်းနေတော့ ဟောက်သံတောင် ထွက်ပြီ။ကုလားထိုင်ပေါ်မှာကျွန်တော် ထိုင်ပြီး ဟောက်သံက သူများတွေထက် ပိုပြီး ကျယ်တာကို ကျွန်တော်မှတ်တမ်းတင်လိုက်သည်။ နိုးထပြီ။ကျွန်တော့်
ရေကူးကန်တစ်ဖက်ကနေ နီဘရက်စ်ကာပြည်နယ်ရှိ ရေကူးကန်များထိ ရေကူးစံချိန် တင်လိုက်သည်။ စာအုပ်အနှစ်ချုပ်။ချိုးငှက် တစ်ကောင် ရေးသားသော စာအုပ်တစ်အုပ်ကို ကျွန်တော်ဖတ်သည်။အလွန်ကောင်းသည်။နေ့ရော ညပါ ရက်ပေါင်း သုံးဆယ်တိတိကုလားထိုင်ပေါ် ကျွန်တော် အိပ်သည်။ဟူး။တစ်နှစ်လုံး နေ့တိုင်း ဒိန်ခဲညှပ်ဟန်ဘာဂါစားသည်။ နောက်ထပ် ဒါမျိုးမလုပ်ချင်ပြန် တော့။ဟင်းပန်းကန်များကို ဆေးကြောနေစဉ် ရေချိုငါးတစ်ကောင်သည် ကျွန်တော့်ကို ကိုက်လိုက်ပြီ။ဒါပေမယ့်သူ့ကို ကျွန်တော်မဖမ်းနိုင်ဘူး။ မွေးရပ်မြေကို ကျွန်တော်ပျံသန်းခဲ့သည်။ ဘယ်သူ့ကိုမှ ကျွန်တော်မသိခဲ့ဘူး။ ကျွန်တော်အိမ်မပြန်တာ ဘယ်လောက်ကြာပြီလဲ ။ရဲတစ်ယောက်က ကျွန်တော့်ကို လမ်းပေါ်မှာ ရပ်ခိုင်းပြီးသူက စိတ်မကောင်းပါဘူးလို့ ပြောသည်။ ကျွန်တော်နဲ့ တူတဲ့သူကို သူရှာနေတာလို့ပြောသည်။ဖြစ်နှိုင်တာတွေက ဘာတွေလဲ။







