ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
နွားမနှင့်လိပ်ပြာ
ထောင်ထဲရောက်နေတဲ့ သူငယ်ချင်းရော့ဒ်ကိုကျွန်တော်သွားတွေ့ခဲ့တယ်။ ရော့ဒ် ဘာ့အတွက်ထောင်ကြလဲဆိုတာကို ကျွန်တော် တကယ်မသိဘူး။ ရော့ဒ်-မင်းဘယ်လို ဒီထဲရောက်နေရသလဲကွာ။ သူတို့မင်းကို ဘာအတွက် အကျဉ်းချရတာလဲဆိုတာ ငါတကယ်ကို စဉ်းစားမရဖူးလို့ “ ကျွန်တော်မေးတယ်။ “အို- ဘာမှမဟုတ်ဘူး၊နွားကို နွားခြံထဲ ထည့်သိမ်းသလိုပေါ့ကွာ” လို့ သူဖြေတယ်။ “မင်းကို ဒီလိုမျိုးလုပ်တော့ ကမ္ဘာကြီး ဘာများဖြစ်သွားမှာမို့လဲ“ လို့ ကျွန်တော်ပြောတယ်။ “ငါအထီးကျန်နေတယ်” လို့ သူပြောတော့ “အင်း ကျန်နေဦးမှာ… ” လို့ ကျွန်တော်ကပြောတယ်။ ”ဒါကို လုပ်ရတာ မကောင်းမှန်းသိတယ်၊ ဒါပေမယ့်မင်း ငါ့နေရာ၀င်ကြည့်လေ။ အမျိုးသမီးတစ်ယောက်တောင် တစ်နှစ်မက
မတွေ့ရဘူး” လို့ သူကပြောတယ်။ “ဘယ်မှာလဲ” လို့ ကျွန်တော်မေးတော့ “ကျွန်းပေါ်က နို့ထွက်ပစ္စည်းမွေးမြူရေးခြံမှာ” လို့ သူက ပြောတယ်။ “ဘယ်နေရာလဲ” ဆိုတော့ ”အိုက်စလန်မှာ” လို့ သူပြောတယ်။ “ဒါနဲ့အဲဒီမှာ ဘာလုပ်လဲ” လို့ ကျွန်တော်မေးတော့”ငါအလုပ်လုပ်နေတာလေ” လို့ သူကပြောတယ်။ “ဒါပေမဲ့ ဒီလိုလုပ်တာ အရမ်းထူးဆန်းနေသလိုပဲ”လို့ ကျွန်တော် ပြောတော့သူက ”ဒါပေါ့။ ငါလည်း နောင်တရမိတယ်။ ဒီလိုမျိုးလုပ်တာ ရူးနေလို့နေမှာ” လို့သူကပြောတယ်။ “ငါလဲ အဲ့လိုပဲထင်တယ်” လို့ ကျွန်တော်ပြောတယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ စောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ သူ့အမေဆီကို သွားတယ်။ သူအမေက သူ့သားအကြောင်းမေးတော့ သူနေထိုင်ကောင်းပါတယ် လို့ ကျွန်တော်ပြောတယ်။ အဲ့ဒီနောက် သူမဂေဟာမှာ နေရတဲ့ အကြောင်းတွေ ကျွန်တော်တို့ ပြောကြတယ်။ သူမက သူမရဲ့ကြောင်ကို သတိအရဆုံးဖြစ်ကြာင်း ကျွန်တော်ကို ပြောပြတယ်။ သူမကို သူကမနက်ခင်းဆို နှိုးလေ့ရှိပြီး၊ အခုဒီမှာတော့ သူမ အိပ်ယာကထဖို့ လုံးဝမေ့နေတယ်လို့ပြောတယ်။ ဂေဟာ၀န်ထမ်းတွေက သူမကို ပုံမှန် လေ့ကျင့်ခန်းလုပ်ခိုင်းတယ်။ ပြီးတော့ဂေဟာက အစားအသောက်က သိပ်မဆိုးလှဘူး။ သူတို့ကျွေးတဲ့ ပူတင်းကို သူမ ကြိုက်တယ်။ သူ့သမီးဆီကို သွားလည်ပေးဖို့ ကျွန်တော့်ကို ပြောတယ် ။ သူ့သမီးက Long Island မှာနေတယ်။ လိပ်စာပေးရင် အလည်သွားပါ့မယ်လို့ ကျွန်တော်ပြောတယ်။ သူ့သမီးလိပ်စာ ပေးတယ်။ နောက်အပတ်မှာ ကျွန်တော် သူ့သမီးဆီသွားလည်တယ်။ မာဂျိုရီက ကျွန်တော့်ကိုတွေ့တော့ အံ့သြသွားတယ်။ အိမ်ငယ်လေးမှာ တစ်ယောက်တည်းနေတာ။ ကျွန်တော့်ကို လက်ဖက်ရည် ဧည့်ခံတယ်။ကျွန်တော်တို့ စကားတွေပြောကြတယ်။ သူမက ရော့ဒ်အကြောင်း အားလုံးသိချင်တယ်။ ကျွန်တော် ညာရပြန်ရော။ သူ အဆင်ပြေတယ်လို့ပဲ ကျွန်တော်ပြောတယ်။ ထို့နောက် သူမဘဝအကြောင်း ပြောတယ်။ သူမက မြို့လယ်က ကော်ဖီဆိုင်လေးမှာ စားပွဲထိုးလုပ်တယ်။ ကော်ဖီဆိုင်မှာ လုပ်တာကလည်း တစ်ယောက်စာ လောက်ငရုံသာ။ သူမမှာ စကားပြောဖေါ်မရှိဘူး။ သူမနဲ့ စကားများများပြောလေ ကျွန်တော်သူမကို ပိုသဘောကျလာ လေလေ။
အချိန်တန် နှုတ်ဆက်ပြန်လာတော့ သူမကိုချစ်မိနေပြီလား မသိဘူးလို့ ကျွန်တော်တွေးမိတယ်။ နောက်တစ်နေ့ သူမအလုပ်ကပြီးတော့ ကျွန်တော်တို့ ထပ်တွေ့တယ်။ သူ့ရှေ့မှောက် ကျွန်တော်အရူးအမူး ဒူးထောက်ရပေါ့။ ကျွန်တော်တို့ နမ်းကြတယ်။ ကယောင်ချောက်ခြားတွေ ဖြစ်လို့။ သူမက “နင့်အကြောင်းမှ ငါ မသိတာ” လို့ပြောတယ်။ “ဘာမှမပူနဲ့ နောက် သိရမှာပါ” လို့ပြောတယ်။ ပြီးတော့ အရုဏ်မကျင်းခင် ကျွန်တော်တို့ဟာ ငှက်နှစ်ကောင်လိုပဲ ချစ်မိသွားကြတယ်။ သို့မဟုတ် ဘယ်ဆီရောက်မယ် မသိပဲ၊လေကြမ်းထဲမိနေတဲ့ လိပ်ပြာနှစ်ကောင်လို။ ဘယ်ရောက်ရောက် ဘယ်ပေါက်ပေါက်၊ ပျော်တာပေါ့လို့။








