ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
ကွပ်မျက်ခြင်း
ပေါ့ဘွိုင်လာ လှိုင်ဂူထဲပြန်ရောက်လာပြီး၊ပြောတာက”ယုန်ဘယ်မှာမှမရှိဘူး။ ငါတို့ဝက်တစ်ကောင်ကိုသတ်ဖို့လိုလိမ့်မယ်ထင်တယ်၊ ဒါပေမယ့်သူတို့ကအဖိုးတန်ပေလိမ့်မယ်” “သတ်လို့မရဘူး။ ဝက်ကို နောက် ဘယ်တော့မှ ထပ်တွေ့မှာမဟုတ်ဘူး ။သူတို့ဟာသေလုမြောပါးမျိုးစိတ်တွေဖြစ်တယ်”လို့ ဟမ်ကဆိုတယ်။ “ဒါပေမယ့်ငါတို့ဘာတွေစားရမလဲ။ ယုန်မရှိရင်ဝက်ကိုသတ်ဖို့ဘဲ၊ ငါတို့မှာရွေးချယ်စရာမရှိဘူး” ဟုသစ်ပင်ကပြောသည်။ “ဘော့ကို ငါတို့စားနိုင်တယ်။ တို့အတွက် သူကအသုံးမဝင်ဘူး”လို့ ဆန်မိုဗာကပြောသည်။ သိပ်ကောင်းတဲ့အစီအစဉ်ပဲ။ဘော့ကဘာမှမလုပ်ဘဲငါတို့ယုန်တွေကိုစားလိုက်တယ်။ သူကအမဲလိုက်တာလည်းတစ်ခါမှမလုပ်ဘူးတော့ငါတို့အတွက်ဘာစားစရာမှယူမလာဘူး။ ခုသူ့အလှည့်ဘဲ”လို့ ဟမ်က ပြောတယ်။ ဆန်မိုဘာက ` လာသွားရှာကြမယ်”လို့ပြောပြောဆိုဆို သူတို့အားလုံးတစုတဝေးဘော့ကိုရှာကြတယ်။'' ညောင်မုတ်ဆိတ်အောက်မှာ သူအိပ်ပျော်နေတာကို တွေ့လိုက်တော့ ပေါ့ဘွိုင်လာ ကအိုထတော့။ငါတို့ကို အစာကျွေးဖို့ မင်းအလှည့်လို့”ပြောတော့ ဘော့သည်သူ့အိပ်ချင်မူးတူးမျက်လုံးများကိုပွတ်သပ်လိုက်ပြီး “ မင်းဘာတွေလာပြောနေတာလဲ။မင်းကိုဘာကျွေးရမလဲ။ငါလည်းစားစရာမရှိဘူး။” “မဟုတ်ဖူး။ မင်းနားမလည်တာပါ။ငါတို့ မင်းကို စားတော့မလို့ “ဆန်မိုဘာပြောတယ်။”လာပြီးအရူးထ မနေစမ်းပါနဲ့ကွာ။ ငါ့ကိုစားလို့ရမလားကွ။ ငါက မင်းတို့အဖွဲ့ဝင်တစ်ယောက်ပါ” လို့သူကပြောသည်။ “ ငါတို့ အကျိုးအတွက်မင်းဘာမှ လုပ်မပေးတာ” လို့ ဟမ်က ငေါ့လိုက်တော့ “ငါကဉာဏ်ရွှင်တဲ့ကောင်၊ အရမ်းလည်း ရယ်ရတဲ့ ကောင်လေကွာ”လို့ ဘော့က ပြန်ပြောတယ်။စားစရာအကြောင်းငါတို့ပြောနေကြတာ”လို့ ” ပေါ့ဘွိုင်လာ ကပြောတယ်။ “အေး၊ ငါကတော့ အရေးမပါတဲ့ ဘက်ကပဲ” လို့သူကပြောတယ်။ “ဒါကြောင့်ငါတို့နင့်ကိုစားတော့မယ်လို့ ဆန်မိုဘာ ကပြောတယ်။ “ဟောဗျာ ခုမှဘဲ သဘောပေါက်တော့တယ်။“လို့ ဘော့ကပြောတယ်။ ဘယ်သူကဒီအလုပ်ကိုလုပ်မှာလဲ” ဟုဟမ်ကမေးတယ်။ “ ငါလုပ်မယ်။ ငါ ဘော့ကိုဘယ်တော့မှမကြိုက်ဘူး” ဟု ဆန်မိုဘာ ကပြောတယ်။”ကျေးဇူးအများကြီးတင်ပါတယ်” ဘော့ကဆိုသည်။ “ဟုတ်ပါပြီ။ ဒါတကယ်ပဲ” ဟုသူကပြောသည်။ အပိုင်းပိုင်းအပြတ်ပြတ်မလုပ်ကြပါနဲ့လို့ သစ်ပင်ကပြောတယ်။ ဂုဏ်သိက္ခာရှိတဲ့သေဒဏ်စီရင်ခြင်းဖြစ်သင့်တယ်” လို့ ပေါ့ဘွိုင်လာ ကပြောတယ်။လုပ်ကြစို့လို့ ဟမ်က ပြောတယ်။ “ငါ့ကို ဓါးရှည်ပေး”လို့ ဆန်မိုဘာတောင်းတယ်။ ပေါ့ဘွိုင်လာ က“ တို့မှာဓားနဲ့ခက်ရင်းခွရှိတယ်လို့ ပြောတယ်။”ဒါက ဘယ်လို သတ်ဖြတ်မှုကြီးလဲ”လို့ ဆန်မိုဘာက ပြောတော့ “ ဒါက မျက်စိပသာဒဖြစ်စေတဲ့ နည်းပဲ”လို့ ဟမ်ပြောတယ်။ ဆန်မိုဘာ က“ မျက်စိပသာဒဖြစ်အောင် ကွပ်မျက်တာကိုမကြိုက်ဘူး”လို့ပြောတယ်။” ငါတော့ ကြိုက်တယ်” လို့ဘော့ကဆိုသည်။ ပေါ့ဘွိုင်လာက “ငါမှာအကြံဉာဏ်တစ်ခုရှိတယ်၊ ငါတို့တစ်ယောက်ကို ရေခဲချောင်းတစ်ခုစီလောက် စားပြီး ဒီကိစ္စကို ကြေအေးလိုက်တာပေါ့”” “ ကောင်းပြီ၊ ဒါကကောင်းတဲ့အကြံပဲ။ ရေခဲချောင်းတွေပဲ စားကြတာပေါ့”လို့ ဟမ်ပြောတော့ “ငါ့အတွက် အရမ်းကောင်းတာပဲ “လို့ဘော့က ဆိုတယ်။







