The Government Lake အိုဂျိုဇက်ဖီးနာ

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

အိုဂျိုဇက်ဖီးနာ


ငါတို့ သားလေး ဂျိုးဇက်ဟာ ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးပဲ။ သူ့ကို ကျွေးမွေးရတာ၊ ချော့သိပ်ရတာတွေကို ငါတို့ အလှည့်ကျ လုပ်ပေးခဲ့ရတယ်။ ငါတို့ ဘယ်လိုကြောင့်များ ဒီသားလေး ရခဲ့တယ်ဆိုတာ အဲလစ်လည်း မယုံနိုင်ဘူး။ သူမကတော့ ဘုရားသခင် ကျေးဇူတော်ကြောင့်လို့ ထင်ပြီး အဲဒီလိုပဲ အိမ်နီးချင်းတွေကို ပြောခဲ့တာပဲ။ သူတို့တွေကတော့ သူမ နောက်နေတာ ဒါမှမဟုတ် သားရူး ရူးနေတာလို့ ထင်ကြတာပေါ့။ ဂျိုးဇက် အအသက် နှစ်နှစ် အရွယ်မှာ စကားပြောနိုင်၊ လမ်းလျှောက်နိုင်ခဲ့တယ်။ သူဟာ အိမ်ကို အရူးလို ပတ်ပြေးလိုက်၊ စားချင်တ့အခါ ‘ကျွန်တော် ဆာနေပြီ. တစ်ခုခု စားချင်တယ်။ မကျွေးရင် ခင်ဗျားတို့ကို သတ်မယ်’ လို့ ပြောခဲ့တယ်။ အဲ့ဒါကိုပဲ ကမ္ဘာပေါ်မှာ ချစ်စရာ အကောင်းဆုံး အရာလို့ ထင်ခဲ့တယ်။ သူ ငါးနှစ်သား အရွယ်ရောက်တော့ အိမ်ကို ရစရာ မရှိအောင် တစ်စစီ ဖျက်ဆီးခဲ့တယ်။ စစချင်း ဧည့်ခန်းထဲမှာက ခန်းစီးစ ကိုပေါ့။ ပြီးတော့ သူ့ အိပ်ခန်း နံရံတွေကို ခြေနဲ့ ကန်တယ်။ သူ့ကို ကြိုးနဲ့ တုတ်ပြီး သိပ်ရတဲ့ အထိပဲ။ စိတ်ရောဂါ ဆရာ၀◌န်တစ်ယောက်နဲ့ ပြရတယ်။ ဆရာ၀◌န်က သူ ဘာမှ မဖြစ်ပါဘူး လို့ ပြောတယ်။ မိသားစုမှာ တစ်ဥ◌ီးတည်းသော ကလေးမို့ နည်းနည်း ဖောက်တာပါလို့ ပြောခဲ့တယ်။ နောက်ထပ် ကလေးတစ်ယောက် ထပ်ယူဖို့ ငါတို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် သိပ်နောက်ကျသွားပြီ။ ကလေး မရနိုင်တော့ဘူး။ ဒါကြောင့် ငါတို့မှာ နောက်ထပ် ကလေးတစ်ယောက် ရှိသလို ဟန်ဆောင်လိုက်တယ်။ ဒီလို လုပ်တာ ဂျိုးဇက်ရဲ့ စိတ်ကို ပို ကသိကအောက် ဖြစ်စေခဲ့တယ်။ ငါတို့ မိသားစု လေးယောက်စာ စားပွဲပြင်ပြီး ဂျိူးဇက်ဖီးနာလို့ ခေါ်တဲ့ သမီးနဲ့ စကားပြောဟန် ဆောင်ခဲ့တယ်။ ဒါကို ဂျိုးဆက် လုံး၀ မကြိုက်ဘူး။ တကယ်တော့ ငါတို့ဟာ ဂျိုးဇက်ဖီးနာကို မျက်နှာသာ ပိုပေးမိခဲ့ကြတာ။ ငါတို့ ညစာ စားပွဲမှာလည်း သူမကိုပဲ စကားပြောခဲ့ကြတာ။ ဂျိုးဇက် စိတ်မကောင်း ဖြစ်တယ်။ သူဟာ ပစ္စည်းတွေကို လွှင့်ပစ်တာ၊ ချိုးဖျက်တာမျိုးတွေ မလုပ်တော့ဘူး။ သူနဲ့အတူ ပျောက်ကွယ်သွားဖို့ ဆုတောင်းနေသလိုမျိုး သူ့ရှေ့က အာလူးကတ်တလိပ်တွေကို ငေးစိုက်ကြည့််နေတယ်။ သူ အထက်တန်း ကျောင်းတက်တော့ သူ့မှာ ညီမလေး တစ်ယောက် ရှိခဲ့တယ်လို့ ပြောခဲ့တယ်။ ကျောင်းသားတွေက သူ့ညီမအကြောင်းကို မေးကြတယ်။ သူက သူ့ ညီမဟာ အရမ်းလှကြောင်း တော်ကြောင်း ပြန်ပြောခဲ့တယ်။ ကောင်လေးတွေက သူမကို တွေ့ချင်ကြတယ်။ သူ့ ညီမက ပုဂ္ဂိလက ကျောင်းမှာ တက်တာလို့ သူက ပြန်ဖြေလေ့ရှိတယ်။ ဂျိုးဇက်က လိမ္မာပြီး အနေအထိုင် အပြောအဆို ယဥ◌်ကျေးးတယ်။ သူ စပြီး ချိန်းတွေ့ချိန်မှာတော့ သူ အလွန် စိတ်ကသိကအောက် ဖြစ်နေခဲ့တယ်။ ညစာ စားပွဲမှာ ငါတို့အားလုံးကို လုံး၀ စကားမပြောနိုင်ခဲ့ဘူး။ သူ အဆင့်တွေ စပြီး ကျလာခဲ့ပြီး ဘောလုံး အသင်းကလည်း အထုတ်ခံခဲ့ရတယ်။ အချိန်ကုန်လွန်လာတာနဲ့ အမျှ သူဟာ သူ့ အတွေးနဲ့သူ အနေများလာတယ်။ သူ ဂျိုးဇက်ဖီးနာကို လွမ်းတယ်လို့ ပြောတယ်။ သူ့ အခန်းထဲမှာ သူမ ဓာတ်ပုံတွေ ချိတ်ဆွဲထားတယ်။ သူမနဲ့ တူတယ်လို့ ကျွန်တော်တို့ ထင်တဲ့ ပုံပေါ့။ ဒါနဲ့ တစ်နေ့မှာ ဂျိုးဇက် ကျောင်းကနေ အိမ်ပြန်မလာဘူး။ ငါတို့ အတော့်ကို စိုးရိမ်ပူပန်ခဲ့ကြရတယ်။ ညရောက်တော့ ရဲတွေ ရောက်လာတယ်။ တစ်ပါတ်ကုန်ပြီ။ ပြီးတစ်လလည်း လွန်သွားပြီ။ ဂျိုးဇက်ကတော့ ပေါ်မလာ။ ငါတို့ဟာ သူ့ ကျောင်းက ကလေးတွေ အားလုံးနဲ့ စကားပြောကြည့်ကြတယ်။ နောက်ဆုံးတော့ မိန်းကလေး တစ်ယောက်က ဂျိုးဇက်က သူ့ ညီမနဲ့ ခိုးပြေးသွားတာလို့ ပြောတယ်။ သူတို့ တစ်ဦးနဲ့ တစ်ဦးချစ်မြတ်နိုးပြီး ဥပဒေအရ သူတို့ လက်ထပ်တာ တရား၀င်တဲ့ နီဗားဒါးက တစ်နေရာရာမှာ လက်ထပ်ဖို့ စီစဥ် ထားခဲ့ကြတာတဲ့။

ဘဘဝ
“O Josephima From the Government Lake ” by James Tate