ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
သိုးထိန်း
ဘက်တ်စီသည် တနေ့လေယာဉ်ပေါ်မှ ပြုတ်ကျပြီး သစ်ပင်ကတဆင့် လျောကျသွားသည်။ခြေချောင်းများကြားတွင် ညပ်နေသည့်သစ်စမှလွဲ၍ သူမသည် အားလုံးအကောင်းပကတိဖြစ်သည်။ တစ်မနက်မှာ သိုးထိမ်းသမားက သူမကိုကယ်ဆယ်သည့်တိုင်အောင် သစ်ပင်များတွင် ရက်ပေါင်းများစွာနေခဲ့ရသည်။ သူမရဲ့အိမ်ကို လိုက်ပို့ခဲ့ပြီးနောက် သူမရဲ့ခြေချောင်းတွေကြား စိုက်ဝင်နေတဲ့ သစ်စကို ဖယ်လိုက်ပြီး ပျားသံပုရာပူပူတခွက်ကို တိုက်လိုက်သည်။သူမသည် သူကိုချစ်ကြိုးသွယ်မိပြီး မကြာမီ သူတို့လက်ထပ်ခဲ့သည်။ သူမသည် သူ့ကို နေ့တိုင်းဟင်းချိုချက်တိုက်သည်။ဟင်းချိုကို မြည်းစမ်းခဲ့သည့်ပထမဆုံးအကြိမ်သာဖြစ်လို့ ကျေးဇူးတင်ကြောင်း သူပြောခဲ့သည်။ သူက သူမရဲ့မိသားစုအကြောင်းမေးတော့ သူမမှာ မိသားစုမရှိဘူးလို့ ပြောသည်။ သူမက သူအကြောင်းကိုမေးသည်။သူ့မှာ မွေးချင်းတွေ ရှိသော်လည်းသူမတွေ့ဖူးဘူးဟု ဆိုခဲ့သည်။ ဘာကြောင့်သူ့ကိုမေးတော့ ဟာရိုက သိုးကြောင့်လိုဆိုသည်။ သူသည် ဆေးတံကိုတစ်နေကုန်နီးပါးသောက်သည်။ သူဘာကြောင့် သူ သောက်နေတာလဲလို့ မေးတော့သူက” သိုး” ကြောင့်လို့ဖြေသည်။ မေးတဲ့အခါတိုင်း”သိုး”ကြောင့်လို့ အဖြေတခုတည်း။ ဒါပေမယ့် ဘက်တ်စီကို သူမြတ်နိုးသည်။ ညနေခင်းမှာ သူမပတ်ပတ်လည်ကိုစောင်ခြုံပေးတယ်လို့ သူပြောသည်။အထူးသဖြင့်ညအချိန်တွင်သူမအအေးမမိဘို့ဖြစ်သည်။သူဟာတစ်ညလုံးမီးမွှေးပေးပြီးမီးပုံဘေးမှာ ညတိုင်း သူမကိုထိုင်စေသည်။ ထို့နောက်သူသည် သိမ်မွေ့လွန်းတဲ့မေတ္တာဖွဲ့ သီချင်းကိုသီဆိုသည်။သူမသည် ညတိုင်းသူ့အပြုစုအောက်မှာအိပ်ပျော်သွားသည်။နံနက်ခင်းအခင်းအကျင်းကတမျိုး။သူအလုပ်များပြီးသိုးများကိုကျွေးမွေးသည်။ရေတိုက်သည်။ သိုးခြံကိုသန့်ရှင်းရေးလုပ်သည်။ ဒါဟာတနေ့တာသူ့အလုပ်ဖြစ်သည်။ နေ့လည်စာစားပြီးခဏနားတာအနားယူသည်။အလုပ်မှအိမ်ပြန်ရောက်တိုင်းသူသည်သူမကို ဘယ်လိုနေလဲ။ တနေ့တာဘာလုပ်လဲအမြဲတမ်းမေးမြန်းသည်။ သူမကလည်းအဆင်ကိုပြေလို့ပါဟုသူ့ကိုပြန်ပြောသည်။ အားလပ်ရက်ယူခဲ့ဖူးလားလို့သူမကသူ့ကိုမေးသည်။ဒီကိစ္စကိုတစ်ခါမှ မစဉ်းစားဖူးဘူးလို့သူပြောသည်။သိုးတွေကိုဘယ်သူတွေဂရုစိုက်မှာလဲ။ တစ်ယောက်ယောက်ကိုငှါးဖို့ ၊ အရည်အချင်းရှိသူဖြစ်ဖို့ဘဲ လိုကြောင်းသူမက ပြောသည်။ဒါကိုသူရှာလိုက်မယ်လို့ပြောသည်။တစ်ပါတ်အကြာတွင်တစ်ယောက်ကိုတွေ့ပြီဟုသူပြောသည်။ ဒါကြောင့်နောက်တစ်လအကြာမှာ မြောက်ဒါကိုတာကို သူတို့ခရီးထွက်ခဲ့ကြသည်။သူတို့ဟာရေကန်ဘေးကအခန်းငှါးသည်။ဘက်တ်စီကသဘောကျသည်။ တစ်နေ့လုံးငါးဖမ်းပြီးသူတို့ရတဲ့ငါးတွေကိုညမှာချက်ပြုတ်စားသည်။
ဟာရိုဘယ်တော့မှမပျော်ဘူး။ သူတို့အိမ်ပြန်ရောက်တော့သိုးများမရှိကြတော့။ သူတို့မယုံနိုင်ကြ။အနှံလိုက်ရှာလည်းတစ်ကောင်တစ်မြီးမှမရှိ။သူတို့ငှားရမ်းထားသူမှာသူခိုးဖြစ်သည်။ တိရိစ္ဆာန်များမရှိဘဲသူတို့ယခုဘာလုပ်မလဲ။သူတို့မရှိလဲပျော်ပျော်နေမည်လို့သူတို့ဆုံးဖြတ်ခဲ့ကြသည်။ သူတို့ဆင်းရဲတောင်မှပျော်ရွှင်မှာပါ။ပြီးတော့သူတို့ကသူခိုးကိုဖမ်းမိရင်သူခိုးကိုကျေးဇူးတင်ပါသည်။ ပြီးတော့ ဟာရို သူ့ကိုသတ်မှာ။








