ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
မှော်
ကလေးတစ်ယောက် သစ်ပင်ပေါ်က ပြုတ်ကျသွားတာ ငါတွေ့လိုက်တယ်။ သူ့ဆီ ငါအပြေးသွားတယ်။ဒါပေမယ့် ငါလည်းရောက်ရောသူမရှိတော့ဘူး။ ငါပတ်ပတ်လည်အနှံ့ ရှာလည်း မတွေ့ဖူး။ နောက်ဆုံး သစ်ပင်ပေါ်ကအိမ်ကို မော့ကြည့်လိုက်တော့ သူအဲဒီမှာ ဆိုဒါထိုင်သောက်နေတာ တွေ့လိုက်ရတယ်။ သစ်ပင်ပေါ်က အိမ်ပေါ်တက်ပြီး “မင်းသစ်ပင်ပေါ်က ပြုတ်ကျတယ်ထင်လို့”လို့ ပြောတော့သူက “ဟုတ်တယ်။ ပြန်ကန်တက်လာတာ” လို့ သူပြောတယ်။ “ငါနားမလည်ဘူး”ဆိုတော့” ဒါဟာ အင်မတန်လွယ်တဲ့ မှော်ပါကွာ” လို့သူပြောတယ်။ “ငါမသိဘူး”။ “ငါကိုယ်တိုင်လည်း အဲ့ဒါကို နားမလည်ဘူး”လို့ သူပြောတယ်။ “မင်းနားလည်သလောက် ငါ့ကိုရှင်းပြပါဦး” လို့ သူကို့ပြောတယ်။
“ကောင်းပြီ၊ ငါ့ကိုအဖြစ်ဆိုး၊ဘေးတစ်ခုခု မဖြစ်ခင် _ အိုး ဘုရားသခင် ကျွန်တော်မျိုး အိမ်ကိုပြန်လာနေပါပြီ လို့ ယေရှုခရစ်ကို ပြောတာပဲ” ဟု သူကပြောသည်။ “ ဒါက ခရစ်ယာန်တွေလုပ်တာ၊ သူက “ဘယ်သူလုပ်တာ” လို့ပြန်မေးတယ်။ “ခရစ်ယာန်တွေလုပ်တာလေ၊ မင်းကခရစ်တော်ကို ယုံကြည်တယ်လေ” လို့ပြောလိုက်တယ်။ “အဲ့တာတွေတော့ ငါ နားမလည်ဖူး၊ ဒါပဲငါပြောတာ” လို့ သူပြန်ပြောတယ်။ “မင်း အဲ့တာကို နောက်ပြန်ပြောရင် ဘာဖြစ်မလဲ” လို့ပြောတော့၊ “အဲ့လိုပြောမယ်ဆိုရင်တော့အာစက်လျှာစက် ရှိမယ်မထင်ဘူး” ဟု သူကပြောသည်။ “ဒါဆို စမ်းကြည့်ကြရအောင်” လို့ ဆိုတော့၊ “ငါကတော့ စမ်းမကြည့်ချင်ဘူး” လို့သူပြောတယ်။ “စမ်းကြည့်ပါကွာ” လို့ကျွန်တော်ကပြောတယ်။ “ကောင်းပြီ၊ တစ်ခုတော့ရှိတယ်၊ ငါတစ်ခြားနည်းနဲ့ ပြောတယ်လို့မင်းကိုပြောခဲ့ရင်တောင် ငါမတော်တဆမှု ကြုံရင် ပြောတဲ့အတိုင်းပဲပြောမှာ” လို့ သူကပြောပါတယ်။ “ငါ မင်းကို ဒီသစ်ပင်အိမ်ပေါ်က တွန်းချလိုက်ရင်ကော” လို့ ကျွန်တော်မေးတယ်။ “ဒါကို ငါ သဘောတူလိုက်ပြီဆိုရင် ဒါဟာမတော်တဆမှု မဟုတ်တော့ဘူး” ဟု သူကပြောသည်။ “ဟုတ်တယ်လေ။ ငါကိုယ်တိုင် မင်းဆီမှာ ရှိတယ်နေတယ်လေ။ နောက်တစ်ခါ မင်းတစ်ခုခုဖြစ်ပြီဆိုရင် ပြောင်းပြန်ပြောပါ့မယ်လို့သာ ကတိပေးပါ” လို့ ကျွန်တော်ပြောတယ်။ သူက အိုကေ လို့ ပြန်ဖြေတယ်။ ငါတို့ကက်ဆွဲနေတုန်း တစ်နာရီလောက်အကြာမှာ သူကဆားမုန့်ယူဘို့အထ၊ သူ့ကို ရုတ်တရက် ခြေထိုးခံလိုက်တယ်။သူလည်း သစ်ပင်ပေါ်ကအိမ်ကနေ ထွက်ကျသွားပါလေရော။
“အိုး ဘုရားသခင်၊ ယေရှုခရစ်၊ အိုဂေါ့ ” လို့ ရေရွတ်နေသံ ကျွန်တော်ကြားတယ်။ ပြီးတော့ သူကောင်းကင်ထက်ကို ၀လုံးထိုး တက်သွားတယ်။ သူပြန်ဆင်းလာတာကို စောင့်နေခဲ့ပေမယ့် ကိုယ်တော်ချောက ပေါ်မလာဘူး။ ညရောက်တဲ့အထိအောင် စောင့်နေခဲ့တယ်။ ပြီးတော့
စိတ်မကောင်းခြင်းများစွာနဲ့ အိမ်ကို ပြန်ခဲ့တယ်။ မနက်ကျတော့ သစ်ပင်ပေါ်က အိမ်ဆီသွားတယ်။ ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်အတွက် ဗိုက်ထဲမှာတဆစ်ဆစ်နဲ့ပေါ့။ တစ်နေကုန်စောင့်ပြီး ညရောက်တော့ အိမ်ပြန်လာခဲ့တယ်။
နောက်နေ့လည်း ဒီအတိုင်းပဲ ဆက်စောင့်ခဲ့တယ်။ ဒါနဲ့ သုံးရက်မြောက်နေ့ သူ့ဆီကိုရောက်တော့ ပဟေဠိဆန်တဲ့ ဂျေဆန်ကို တွေ့ရပြီပေါ့။”ဂျေဆန် မင်းဘယ်ရောက်နေတာလဲ” လို့ ငါမေးတော့”ငါအိပ်ပျော်နေတာ” လို့ သူက ပြောတယ်။ “ဘယ်မှာအိပ်နေတာလည်း” ဆိုတော့ “ငါ့အိပ်ယာထဲမှာပေါ့ကွာ” လို့ ပြောတယ်ဗျာ။








