ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
ဖန်သားခန္ဓာ
သရဲတစ္ဆေကို သူဘယ်တော့မှမတွေ့ရတော့ဘူး။ ကျွန်ေတာ်တို့ ဇနီးမောင်နှံဟာ အိမ်အသစ်မှာအခြေချနေခဲ့ကြတယ်။ တကယ်တော့ ဒီအိမ်ဟာစိတ်သက်သာစရာမရှိလောက်အောင် အလွန်အိုမင်းဟောင်းနွမ်းနေပြီ။ တကျွီကျွီမြည်သံတိုင်းကို စူးစမ်းစိတ်ဖြာကြည့်ခဲ့တယ်။ သတိမပြုမိစရာဆိုလို့ ဘာမှမရှိ။ ဂျူလီယန်နာ ရေချိုးခန်းသို့ သွားတဲ့အခါ သူအခန်းတစ်ခန်းမှတစ်ခန်းသို့ လှစ်ကနဲ ကူးသွားသည်ကို ကျွန်တော်မြင်လိုက်ရတယ်လို့ ထင်တယ်။ သို့သော်ဒါဟာ လေတိုက်လို့လှုပ်နေတဲ့ ဇာကန့်လန့်ကာ တစ်ခုသာဖြစ်တယ်။ ဒီလိုမျိုး ထင်ယောင်ထင်မှားမြင်ရတာတွေ အမြောက်အမြားရှိသည်။ သို့သော် ပထမတစ်ခုကေတာ့ မှားစရာမဖြစ်နိုင်။ ဂျူလီယန်နာ နဲ့ငါဧည့်ခန်းမှာထိုင်ပြီး အိမ်အသစ်အကြောင်း စကားေကာင်းပြောနေတုန်း တစ္ဆေကတံခါးဝမှာပေါ်လာပြီး ကျွန်တော်စိတ်ထင် တစ်မိနစ်လောက်ကြာကြာ ကျွန်တော်တို့ကို ရပ်ပြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။ ကျွန်ေတာ်တို့နှစ်ဦးစလုံး ကတုန်ကရင်ဖြစ်ပြီး မှင်တက်သွားခဲ့ကြတယ်။ သူ့ကို သရုပ်ဖော်ပြဘို့ ခက်တယ်။ သူဟာ သရဲတစ္ဆေနဲ့ တူတယ်လို့ထင်တယ်။ စကားလည်းမေပြာဘူး ကျွန်တော်တို့ကိုပဲ စိုက်ကြည့်နေတယ်၊ ပြီးတော့ေပျာက်သွားတယ်။ ဒါကတော့ သူဟာ သရဲတစ္ဆေ ဆိုတာ သေချာကြောင်း ပြောတာပါ။
ဒီလိုနဲ့ နောက်အပတ်တွေမှာ ကျေတာ်တို့ အထုပ်အပိုးတွေ ဖြည်ကြတယ်။ လုပ်စရာေတွကလည်း များတယ်။ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းများနှင့်တွေ့ဆုံခဲ့သည်။ သူတို့ကကျွန်တော်တို့အတွက် ကိတ်မုန့် ယူလာပေးတယ်။ ကျနော်တို့ကုန်စုံဆိုင်ကို ဈေး၀ယ်သွားတယ်။ ညစာချက်တယ်။ တို့ေတာ့ အခြေကျပြီလို့ မှတ်တယ်။ ဒါနဲ့ ငါအလုပ်ပြန်ဆင်းတယ်။ အိမ်ကို ညဘက်ပြန်ရောက်တယ်။ သတင်းစာဖတ်တယ်။
ပြီးရင် ညစာစားပြီး အလုပ်ကဘယ်သို့ ဘယ်ညာပြောတယ်။ အိမ်ရဲ့ အဆင်မပြေတဲ့ ရေမြောင်းနှင့် ပြူတင်းပေါက် အကြောင်းပြောတယ်။ ပြီးတော့ ဘယ်တော့ ခလေးယူမလဲ။ အိုး ဟုတ်ပါ့၊ ဒါကပေါ့သေးသေးကိစ္စမဟုတ်ဘူး။ ဂျူလီယန်နာက အခုပဲ ခလေးတွေ လိုချင်နေတယ်၊ ဒါပေမဲ့ တို့ ငွေရေးကြေးရေး ပိုပြီး စိတ်ချရမယ့်အချိန်အထိစောင့်ရမယ်လို့ ကျွန်တော်ပြောတယ်။ သူမက ဒါကို ကျွန်တော်အမြဲတမ်းသုံးလို့ရတဲ့ဆင်ခြေသာ ဖြစ်တယ်လို့ ပြောတယ်။ တို့ရဲ့ အပေါင်စာချုပ်သစ်အတွက်တောင် မတတ်နိုင်သလိုဖြစ်ေနတယ်လို့ ကျွန်တော်က ပြောတယ်။ ငြင်းလိုက်ခုံလိုက်နဲ့ ဆက်နှစ်ပါးသွားနေရတယ်။ တကယ်တော့ ဒါဟာ တစ်နှစ်ထက်မက ကြာခဲ့ပြီ။ တစ်နေ့ေတာ့ သူမက ကိုယ်ဝန်ရှိနေကြောင်း ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း ပျော်ချင်ယောင်ဆောင်ခဲ့တယ်။ ဒါပေမယ့် မွေးဘို့နီးလာေလ ကျွန်တော်စိတ်တွေ ပိုလှုပ်ရှားရေလပါပဲ။ နာမည်တွေ ချရေးပြီး စာရင်းလုပ်တယ်။ အဝတ်အစားတွေနဲ့ ကစားစရာတွေဝယ်တယ်။ အခန်းအလှဆင်တယ်။ တစ်နေ့တော့ ကျွန်တော်တို့ဆေးရုံကို အမြန်ေပြးရတယ်။ နာရီပေါင်းများစွာပင်ပန်းရပြီးမှ ခလေးေလး မွေးလာတယ်။ ယောက်ကျားလေး။ ဖြူရော်လွန်းပြီး တစ္ဆေနဲ့တူတယ်။ သူဘာများ ချို့ယွင်းတာလဲလို့ ဆရာဝန်ကိုမေးကြည့်တယ်။ ဆရာဝန်က “ခလေးဘာမှမချို့ယွင်းပါဘူး။ ဖန်သားခန္ဓာနဲ့ခလေးပါ”။







