The Government Lake ငတွမ်

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

ငတွမ်


ကျွန်တော့်ဇနီး နဲ့ကျွန်တော် အိမ်မှာဘဲ သာသာယာယာ ညတစ်ညကို တိတ်တဆိတ် ကုန်လွန်လိုက်တယ်။ သူမက အိပ်ယာပေါ်မှာ မဂ္ဂဇင်းတစ်အုပ်နဲ့ ငြိမ့်လို့။ ကျွန်တော်က ကုလားထိုင်ပေါ် မှာ ဝတ္တုစာအုပ်တစ်အုပ်နဲ့။”သဲရေ-ကိုယ် ချောကလက် ပူပူလေးတစ်ခွက် မင့်ဖို့ ဖျော်လိုက်ရမလား” လို့ မေးတော့ “သိပ်ကောင်းတာပေါ့” လို့ သူမက ပြန်ပြောတယ်။ ကျွန်တော် ထပြီး မီးဖိုချောင်ထဲဝင်၊ နွားနို့စကျိုလိုက်တယ်။ တစ်အောင့်လောက်ကြာတော့ သူမကို ချော့ကလက် တစ်ခွက်ကမ်းလိုက်တယ်။
“ဟူးး မွှေးလိုက်တဲ့အနံ့။ ကျေးဇူးတင်တယ် ကျားကျားရေလို့ သူပြောတယ်။ ကျွန်တော်ကုလားပေါ်ပြန်ထိုင်ပြီး ဖတ်လက်စ ဝတ္ထုကို ပြန်ဖတ်တယ်။ “ကျားတစ်ကောင်ရဲ့ အရိုးအရေအတွက်ကမျောက်ရဲ့ အရိုးအရေအတွက်နဲ့ အတူတူပဲဆိုတာရှင်သိလား”လို့ သူမကမေးတော့
“ မယုံဘူး” လို့ငါပြောလိုက်တယ်”။ ပြီးတော့ “ဝေလငါးရဲ့ အရိုးအရေအတွက်ဟာလည်း ကြွက်တစ်ကောင်နဲ့ အတူတူပဲ”လို့ပြောတော့၊ “ပေါက်ကရတွေပါဟာ” လို့ ကျွန်တော်ပြန်ပြောတယ်။ ဒါတွေဟာ ဂျွန်ဒီဘက်စ်တာ (John D. Baxter) ဆိုသူ တွေ့ရှိထားတဲ့ မထင်မရှား အချက်လက်တွေဖြစ်တယ်လို့” သူမကပြောတယ်။ “အဲဒီငတက အရူးပဲဖြစ်မယ်” လို့ ကျွန်တော်ပြောတယ်။
ကျွန်ုပ်တို့ ခဏတာ နှုတ်ဆိတ်သွားကြတယ်။ကျွန်တော်လှမ်းကြည့်လိုက်တော့ သူမအိပ်ပျော်နေပြီ။ ကျွန်တော် ဝတ္ထုဆက်ဖတ်နေတယ်။ ပြီးတော့ဝတ္ထုကိုချ၊ ထိုင်ရာကထပြီး အိမ်ထဲ‌ကို ‌ခြေသံဖွပြီး‌လျောက်ကြည့်တယ်။ အိပ်ခန်းထဲကိုသွားတယ်။ ပြီး ဗီရိုဆီ ရောက်တယ်။ မစ်ဇီရဲ့လက်ဝတ်ရတနာဗူးလေးကိုဖွင့်လိုက်ပြီး လက်ဝတ်ရတနာတွေကို ခပ်သွက်သွက် ကိုင်ကြည့်လိုက်တယ်။
စိန်တွေ၊ ပတ္တမြားတွေ၊ မြတွေ တကယ့်အဖိုးတန်တွေ။ အချို့ကိုခိုးဖို့ စဉ်းစားပေမယ့် ကျောချမ်းသလို ခံစားမိတယ်။ ဒါနဲ့ သူတို့ကို ဗူးထဲပြန်ထည့်လိုက်ပြီး ဧည့်ခန်းဘက်ကို ဖွဖွ‌လေးနင်းပြီး ပြန်လာလိုက်တယ်။ ကျွန်တော် ကော်ဖီစားပွဲကို ခလုတ်တိုက်မိပြီး လဲကျသွားတယ်။ မစ်ဇီနိုးလာတော့ သူ့ကိုပြန်အိပ်ဖို့ ကျွန်တော်ပြောတယ်။
“ဘာဖြစ်တာလဲ” လို့ သူမကမေးတော့ “ငါခလုတ်တိုက်ပြီးလဲတာပါလို့” ပြောလိုက်တယ်။
သူမ ထလာတယ်။ “ဘယ်သွားမလို့လဲ” လို့ကျွန်တော်မေးတော့ ”ငါ့လက်ဝတ်ရတနာဗူး သွားကြည့်မလို့” ဟု သူမကဆိုတယ်။ “ဘာလို့လဲ” လို့ မေးတော့ “အခန်းထဲမှာ တစ်‌ယောက်ယောက် အဲ့ဒါကို ခိုးဖို့လုပ်နေတာ ငါအိပ်မက်မက်လို့” ဟုသူမကဆိုတယ်။ သူမအိပ်ခန်းထဲဝင်တယ်။ ဗူးကိုကြည့်တယ်။ ပြီး ပြန်ထွက်လာတယ်။ “ဘာမှမပျောက်ဖူး” လို့သူမကပြောတယ်။ “ကောင်းပါပြီ။ ဝမ်းသာပါတယ်ကွာ” လို့ကျွန်တော်ပြောတယ်။ သူမလည်း အိပ်ရာပေါ် ပြန်တက်ပြီး မဂ္ဂဇင်းကို ကောက်ကိုင်တယ်။
“ဂျယ်လီငါးတွေဟာ လူတွေထက် ဦးနှောက်ပိုကြီးတယ်ဆိုတာရှင်သိလား” လို့ သူမကမေးတော့ “ယုံပါဘူးကွာ” လို့ ကျွန်တော်ပြန်‌ဖြေတယ်။ ဟုတ်တယ်။ “သူတို့ဟာ တကယ်ပဲ လူတွေထက် ဦးနှောက်ပိုကြီးတယ်။ ဒီမှာ‌ပြောတယ်‌လေ”လို့သူမကဆိုတယ်။

ဘဘဝ
“The Thief From the Government Lake” by James Tate