The Government Lake ကျီးရဲ့ဦးခေါင်း

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

ကျီးရဲ့ဦးခေါင်း


ခရစ်စမတ်မှာ သူတို့ကို ထောင်ကနေကျွန်တော်တို့လွှတ်ပေးလိုက်ရာတွင် သူတို့ဘယ်တော့မှ ပြန်မလာကြပေ။ဒါသိပ် အဆင်ပြေသည်။ ကျနော်တို့လည်း သူတို့ကို မကြိုက်လှ။ ဒါပေမဲ့ သူတို့က ရှုပ်ထွေးမှုကိုချန်ထားခဲ့သည်။ သူတို့အခန်းများသည် မြင့်မားသော ကောင်းကင်ယံထိပုပ်စပ် နံဟောင်လျက်ရှိ၏။ ပြီးတော့သူတို့ဟာ သူတို့ရာဇဝတ်မှု ဘယ်နေရာမဆို သူတို့ကျူးလွန်ကြသည်က အမှန်ပင်။ ကျနော်တို့က ထိုအတွက်တော့ စိတ်မကောင်း။ သူတို့ကိုဖမ်းပြီးထောင်ထဲ ထည့်ထားနိုင်မည်ဟူသောမျှော်လင့်ချက်ဖြင့် သူတို့၏အမည်များကိုအခြား ရာဇဝတ်မှုကာကွယ်ရေး အေဂျင်စီများထံ ပေးပို့ခဲ့သည်။ သို့သော် တစ်ခါမှ မဖမ်းကြ။ ရာဇဝတ်မှုများ ဒေသတွင်း၌ပျံ့နှံ့သွားသည်။ ဒီလိုဖြစ်တာလည်း မကောင်းဘူးလို့ ကျွန်တော်တို့ ခံစားရသည်။ ထို့နောက် ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဘုန်းတော်ကြီးတစ်ပါးဖြစ်လာပြီး ဘာသာရေး စာတမ်းများကိုပြုစုသည်။ အခြားဂိုဏ်းခေါင်းဆောင် တစ်ဦးကဆင်းရဲသောရပ်ကွက် များ၌ အစားအသောက် တွေကို ကုသိုလ်လုပ်သည်။ အခြားသူတွေက စစ်ထဲဝင်ပြီးပင်လယ်ရပ်ခြား၌တိုက်ခိုက် ခဲ့ကြသည်။ သူတို့ကိုယ် သူတို့အပြောင်းအလဲ တွေက တကယ် အံ့သြစရာပင်။ ထောင်တာဝန်ခံက သူတို့ရဲ့ပြောင်းလဲမှုအတွက် အပြည့်အဝ ဂုဏ်ယူခဲ့ပေမယ့် တကယ်တော့ သူနဲ့ဘာမှမဆိုင်။ အပြောင်းအလဲ တစ်ခုလုံးကို စတင်ခဲ့သူမှာမူလဂိုဏ်းခေါင်းဆောင် ဟိုဆေးတောရက်စ် ဆို သူသာ ဖြစ်သည်။ ဘုရားသခင်က သူ့အားနည်းလမ်းသစ်ကို ပြသခဲ့တာလို့ သူကဟုဆိုသည်။။သတင်းထောက်များရဲ့စူးစမ်းလေ့လာ ဖေါ်ထုတ်မှုအပြီး ဘုရားရှိခိုးကျောင်းများ၏လှုဖွယ်ပစ္စည်းတဝက်ကို လုယူခဲ့တာလို့ သတင်းထောက်များက ပြောသည်။ ဟိုဆေးကတော့ ဟိုးတောအနက်ထဲက မှင်စာများအတွက် နောက်ထပ်ဘုရားရှိခိုးကျောင်းတစောင် ဆောက်ရန်ပိုက်ဆံ ယူခဲ့သည်ဟု သူပြောသည်။ စာနယ်ဇင်းသမားများသည်ဤပြောဆိုချက်အပေါ်အကြီးအကျယ်လှောင်ပြောင် လိုက်ကြသည်။ ဟိုဆေးသည် တိတ်ဆိတ်စွာနေခဲ့ရပြီး မကြာမီယင်းသတင်းကိုလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။ အမျိုးသမီးတစ်ယောက်က ဟိုဆေးဆီကိုလာပြီး ဘုရားရှိခိုးကျောင်းသစ်ကို ရောက်ခဲ့ပြီး ကျောင်းသစ်က အရမ်းကောင်းတယ်လို့ သူမကပြောသည်။ဟိုဆေးက သူမရဲ့အစီရင်ခံစာ အတွက်သူမကိုကျေးဇူးတင်သည်။ သတင်းထောက်တွေပြန်လာ မေးမြန်းလာရင် သူမကိုလိုအပ်နိုင်မည်လို့ ဟိုဆေးကပြောသည်။ အီရတ်တွင်သေဆုံးသွားသော စစ်သားသုံးယောက်ဟာ သူတော်စင်များ ဖြစ်နိုင်သည်ဟု ဟိုဆေးပြောသည်။ယင်းက ဘုရားကျောင်းရဲ့အကြီးအကဲတွေကို အနှောင့်အယှက်ဖြစ်စေသဖြင့် ဟိုဆေးက အလျှော့ပေးလိုက်ရသည်။ ပြသနာတက်ပြီးနောက် ဟိုဆေးက မှန်ကန်သည့် အလုပ် တစ်ခုမှ သူမလုပ်နိုင်ဟု ထင်လာသည်။ ထို့ကြောင့်ဘုရားကျောင်းမှ သူထွက်လိုက်ပြီး ကိုယ်ယောင်ဖျောက်သွားခဲ့သည်။
ဘုရားကျောင်းမှ သူကောက်ယူခဲ့သည့်အဟောင်းအနွမ်း၊အပေါစားလက်ဝတ်တန်ဆာများ၊ တန်ဖိုးမဲ့သောအရာ၊ ဝက်၏ခြေထောက်၊ ကျီးခေါင်းကဲ့သို့သောအရာများကိုသာ သူအရောင်းအဝယ် လုပ်သည်။ သို့သော် ရဲများက သူမသိသောအကြောင်းပြချက်များကြောင့် သူ့ကိုစစ်ဆေးသည်။ ထို့နောက် အဖိုးမတန်တဲ့လက်ဝတ်ရတနာ အဟောင်းများကို မရောင်းတော့ဘဲသူ ပျောက်ကွယ် သွားသည်။ အကျဉ်းထောင်ဟောင်း၏အဓိပတိက သူသည် ထိုနေရာသို့ပြန်လည် ရောက်ရှိရန် ကြိုးစားမည်ကို စိုးရိမ်ခဲ့သည်။ အနှစ်သုံးဆယ်ခန့်အကြာတွင် တောင်ကယ်ရိုလိုင်းနားရှိ လူတစ်ယောက်က ဟိုဆေးတွင်းတူးနေသည်ကို မြင်တွေ့ခဲ့ရသည် ဟုဆိုသည်။ သို့သော်အမှန်မှာယင်းက သာမာန် မြေကျင်းဂူ မဟုတ်၊ တူးတူးပြီးချင်း ဟိုဆေး ခုန်ချသေသွားသည့် ကျင်း ဖြစ်သည်။

ဘဘဝ
” The Jackdaw’s Head From the government lake by ” James Tate