Simon Armitage’s Seeing Stars မိုက်ကယ်

“မိုက်ကယ်”

ဒီတော့”ဂျော့ခ်ျ”မှာ ဒီသီအိုရီရှိတယ် ။ ငါတို့ ပထမဆုံး ခိုးဖူးတဲ့ အရာဟာ ငါတို့ကြီးလာတဲ့ အခါ၊ ငါတို့ ဘဝမှာ နောက်ပိုင်း ဖြစ်လာတာတွေအတွက် သင်္ကေတပဲ။ ဥပမာ ဂျော့ချ် ကိုးနှစ်သားတုန်းက ဟိုတယ်ဧည့်ခန်းထဲက ဖန်စီလက်ဆောင်ပစ္စည်းဆိုင်က မွန်းဘလောဖေါင်တိန်တချောင်း ခိုးဖူးတယ်။သူက ခု ဆုရဝတ္ထုရေးသူဖြစ်နေပြီ။ ဒီ သီအိုရီကို စားပွဲမှာ ထိုင်နေတဲ့ လူတွေနဲ့ ငါတို့ စမ်းကြည့်တယ်။ ယုတ္တိတန်လာတယ်။”ကလင့်”က အဝါရောင် ဟင်းချက် ဝိုင်အပြင်းတလုံးခိုးခဲ့တော့ အခု တက်ပါဘားတခု ပိုင်ရှင်ဖြစ်နေတယ်။ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်ဖြစ်နေတဲ့ “ကာစ်တီ”က သူ့ အမေ ပိုက်ဆံအိပ်ထဲက ပိုက်ဆံ ခိုးခဲ့တယ်။”တွတ်” က ချော့ကလက်တဘူးကို ယူသွားတယ်၊ သူကနေမကောင်းဖြစ်တဲ့ထိ အဝလွန်နေတယ်။”ကလောဒီ” ကသူ့ဘဝ မှာ ဘာဆိုဘာမှခိုးတာ မရှိဘူးလို့ ပြောတယ်။ခု သူက သရုပ်ဆောင်တစ်ယောက်၊ ဆိုလိုတာကအလုပ်လက်မဲ့ပေါ့။ ဒဲရစ်”က ” ဒါနဲ့ နေပါဦး ၊ ငါ ခိုးခဲ့တာက ပလတ်စတစ်လေထီးနဲ့ တွဲထားတဲ့ အပြာရောင်ကာတွန်းရုပ်လေ” တဲ့။ “ဒီတော့ သီအိုရီမှန်ကြောင်းသက်သေအဆို ဘာ ထပ်ရှာစရာလိုဦးမလဲ “ဒဲရစ်”လို့ ခရစ်စတီက ဆိုတယ်။

လတိုင်းရဲ့ တတိယပတ်စနေနေ့တိုင်းမှာ သားကို သူ့အမေအိမ်မှာ ဝင်ခေါ်ပြီး သားအဖနှစ်ယောက် ထွက်လာကြတယ်။

တခါတရံ ခွေးပြိုင်ပွဲဆက်တယ်။ တခါတခါ သဘာဝရှုမျော်ခင်းကြီးတွေဘက်ခရီးဆန့်တယ်။ပြီးခဲ့တဲ့ အပတ်က သားအဖ ကြယ်စုံလင်းတဲ့ကောင်းကင်အောက် တစ်ည နေပြီး ကောင်းကောင်းအနားယူဘို့ အမျိုးသားပန်းခြံဆီ ဦး တည်ထွက်ခဲ့တယ်။သားနဲ့ အဖေ၊ နွေးထွေးဖို့သက်သက်ပဲ။သံချိတ်ကွေး၊ချည်မျှင်မျှနဲ့ရုပ်ဆိုးဆိုးငါးတကောင်မိတယ်။ဖမ်းလို့ရတဲ့ ငါးတွေကို ငါးကန်ထဲ ပြန်ပစ်လွှတ်မလို့ပဲ။ ဒါပေမယ့် “လု”ကကျောက်ပြားတခုပေါ် ရိုက်လိုက်ပြီး ငါးတချို့ သေသွားတာ မြင်တော့ ကျနော့်အဖို့ မှင်သက်မိပြန်ပါရော။သူက ငါးဝမ်းကိုခွဲအူတွေထုတ်ဆေးကြောနေတယ်။ အဲဒီနောက် သူက သစ်သား၊ သစ်ရွက်ခြောက်တွေနဲ့ မီးမွှေးချက်ပြုတ်ခဲ့တယ်။ အရိုးရော အသားတွေရောသမလိုက်တဲ့အခါ တကယ်အရသာရှိတဲ့ ဟင်းကောင်းတခွက် ဖြစ်လာတယ်။ နောက်တော့ အမှောင်က တဖြေးဖြေး လွှမ်းခြုံလာတယ်။ တောင်ကုန်းတခုဘက်ဘေးမှာရှိတဲ့သမင် အိုပုံစံ တဲမှာထိုးအိပ်ဘို့ ပြင်ခဲ့တယ်။တဲခေါင်မိုးမှာအပေါက်တခုရှိနေတယ်။ငါတို့ရဲ့ကျောခင်းပက်လက်လှဲရင်း မှင်အပြာရောင်ကောင်းကင်၊နဂါးငွေ့တန်းမျက်လုံးကိုကြည့်နေရင်းက မှောင်မှောင်လာလေနဂါးငွေ့တန်းမျက်လုံးက ပိုထင်ရှား လာနေတယ်။မျက်လုံးတွေက ပြန်စိုက်ကြည့်နေပုံ။”ဂျော့ချ်”သီအိုရီကို ပြန် အမှတ်ရလာတယ် လို့ “လု”ကိုပြောမိတယ်။မင်းအရွယ်ရရင် ဘာဖြစ်မှာလဲလို့ မေးလိုက်တော့ သူက ကောင်းကောင်းတောင် နိုးမနေတော့ဘူး။ဒါပေမယ့် သူ့ အတွေးစမှာ မျောရင်း အိပ်ချင်မူးတူးအသံနဲ့ ပြောတာက ကျွန်တော်လက်မရွံ့ပါးကွက်သားတစ်ယောက် ဖြစ်ချင်တယ်တဲ့။ အခု ခေါင်းမိုးအပေါက်က နားဖြစ်လာတယ်။ ကျနော် နောက်ဆက်ပြောမယ့် စကားလုံးတွေကို အလွန်စိတ်ဝင်စားနေတဲ့ စကြဝဠာရဲ့ နားပဲ။ကျနော် ထိုင်လိုက်ပြီးကျောပိုးအိတ်ထဲကို ထဲ လက်နှိုက်၊ မီးခြစ်ဆံ တစ်ချောင်းကို ကောက်ညှိရင်း “နေပါဦး သားရဲ့၊ လူတစ်ယောက်ရဲ့အသက်ကို နုတ်ယူဖို့-သားပြောနေတာလေ။ဒီလို လက်မရွံ့ကောင်မျိုး ဘာလို့ ဖြစ်ချင်ရတာလဲ”လို့ ပြောလိုက်တယ်။ သူက မျက်လုံးတွေမဖွင်ဲသေးဘဲ ပြန်ဖြေတယ်။ “ကျွန်တော်လုပ်နိုင်မှာ သေချာပါတယ်။ တစ်ယောက်ယောက်ရဲ့ ခေါင်းပေါ်ကို ခေါင်းခြုံကြီး ဆွဲအုပ် ၊ ဆေးထိုးအပ်ကို ဖိထိုးရင် ထိုး၊ ခလုတ်ကို ဆွဲချရင် ချ ဘာပဲ ဖြစ်ဖြစ်ပေါ့လေ … သိတယ် မဟုတ်လား သူတို့က အမှားတွေ လုပ်ထားရင်ပေါ့။ အဖေ သွား အိပ်ပါတော့ဗျာ၊ ခု သွား အိပ်တော့ “🌺

.

ဘဘဝ