Ghost Money

သွားလေသူတွေအတွက် ရွှေစက္ကူငွေစက္ကူတွေ
_________________

ဟိုချီမင်းစီးတီးမှာ တစ်မနက်ခင်းလုံးလုံး လမ်းတွေမှာ ခြေတိုအောင်လျှောက်လို့ နောင်တစ်ချိန်လိုများလိုမလားဆိုပြီး သူများလွှင့်ပစ်ထားတဲ့ အိုးကွဲခွက်ကွဲတွေ၊ လက်ပြတ်ခြေပြတ်အရုပ်တွေကို လက်ဆောင်ပစ္စည်းလိုစုရင်း သွားလေသူတွေအတွက် မီးရှို့ပေးရတဲ့ ရွှေစက္ကူငွေစက္ကူတွေ တစ်ပုံတပင်ကြီးကို တွေ့လိုက်ရတာနဲ့ အကုန်လုံး လိုက်ကောက်တော့တာပါပဲ။

မနက်ပိုင်း ဈာပနကလည်း အများသားဆိုတော့ ကျွန်တော် သန်းကြွယ်သူဌေးပေါ့ဗျာ။ အင်္ကျီအိတ်တွေထဲ ငွေစက္ကူတွေကဖောင်းနေ၊ တိုလီမုတ်စဝယ်တဲ့ ပလတ်စတစ်အိတ်ထဲလည်း အပြည့်နဲ့ စီရင်စုတစ်ခုပြီး တစ်ခု သဝေထိုးတော့တာပေါ့။ သူစိမ်းတွေကတော့ ရယ်ပြီး ရှောင်ကွင်းသွားကြတယ်။ ပြီးနောက် နာရီပေါင်းအတော်ကြာအောင် လမ်းပျောက်တာမို့ ကိုယ့်အခန်းလည်း မပြန်တတ်၊ တာပေါ်လင်စအမိုးတွေအောက်မှာ နေတဲ့ မိသားစုတွေရှိတဲ့ လမ်းလည်း ရှာမတွေ့။ မွန်းလွဲပိုင်းလောက်မှာ အပြန်လမ်းရှာတွေ့ပေမယ့် ကျွန်တော့်ကို သက်သတ်လွတ်ဟင်းချိုနဲ့ မက်မွန်ကွတ်ကီး နေ့စဉ်ရောင်းနေကျ အမျိုးသမီးကတော့ ဆီတွေစွန်းပေးနေတဲ့ ငွေစက္ကူတွေပေးတဲ့အခါ သိပ်ပူတဲ့ပုံမပေါက်ဘူးလေ။
နောက်တော့ ကျွန်တော့်အစားစိုးရိမ်သွားတဲ့ မိတ်ဆွေတစ်ဦးက ကျွန်တော် ရွှေစက္ကူငွေစက္ကူတွေ လိုချင်ရင် ဆိုင်ကဝယ်ရတယ်၊ လမ်းပေါ်က ကောက်ရတာမဟုတ်ဘူးလို့ ပြောပါတယ်။ ဘယ်လိုဗုဒ္ဓဘာသာဝင်မျိုးက ဒီလိုလုပ်မှာလဲလို့ သူကဆိုပါတယ်။ မကျွတ်မလွတ်တဲ့ဝိညာဉ်တွေက အညာခံရတယ်လို့ မှတ်ပြီး ငတ်ငတ်ပြတ်ပြတ်နဲ့ ကျွန်တော့်နောက် လိုက်ကြလိမ့်မယ်ပေါ့။ သူက အတော်လေးကို အလေးအနက်ထားပြောတာမို့ ကျွန်တော်လည်း ကိုယ့်ဘဝကိုယ်နားလည်လိုက်ပါတယ်။ သည်ညတော့ ကျွန်တော် ကိုယ်လျှောက်ခဲ့တဲ့လမ်းကို နာရီပေါင်းများစွာ ပြန်လျှောက်ပြီး လမ်းပေါ်မှာ ရွှေစက္ကူငွေစက္ကူတွေကို မသိလိုက်မသိဘာသာနဲ့ ပြန်ထားလိုက်တယ်။ အကုန်လုံး ကုန်တဲ့အထိပေါ့။ ကုန်တာထက်လွန်သွားတဲ့အထိပေါ့။ ကျွန်တော် အင်္ကျီအိတ်တွေနဲ့ ပလတ်စတစ်အိတ်ထဲမှာ ကျောင်းသုံးစာအုပ်မှတ်စု အပိုင်းအစတွေ၊ တစ်ရှူးစက္ကူပတ်တဲ့ စက္ကူလိပ်တွေ၊ တွန့်ကြေနေတဲ့ စီးကရက်ဘူးတွေ၊ ကြွေအိုးအစတွေ၊ ရက်လွန်နေတဲ့ ထီလက်မှတ်တွေပဲ ကျန်တဲ့အထိပါပဲ။ ချူးတစ်ပြားမှမကျန်တော့တာမို့ ကျွန်တော်လည်း အမေက မွေးတဲ့လူတိုင်းလိုပဲ ဘဝကို စရပြန်တယ်။

Ghost Money by John Martone

Leave a Reply

Your email address will not be published. Required fields are marked *