Ai Wei Wei အိုင်ဝေဝေစကားဝိုင်း

အိုင်ဝေဝေ စကားဝိုင်း

5th July

အိုင်ဝေဝေစကားဝိုင်း

အီဗန် ✍️
အိုကေ၊ မိုက်ခရိုဖုန်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ဒီမှာရှိတဲ့လူတွေဆီက မေးခွန်းတွေကို လက်ခံမယ်။ ဒါပေမယ့် မှတ်ချက်တွေ၊ ဇာတ်လမ်းတွေထက် မေးခွန်းတွေပဲ မေးပေးပါ။
ပရိသတ်မှ မေးသူ (စိတ်လှုပ်ရှားစွာ)
ခင်ဗျားက ဆိုရှယ်မီဒီယာပေါ်မှာ ဆယ်လ်ဖီတွေနဲ့ နာမည်ကြီးတယ်လေ။ ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံကောင်းကောင်းရိုက်ဖို့ဆိုရင် ဘာတွေလိုအပ်တယ်လို့ ထင်လဲ၊
အိဗန် (ရယ်ရင်း)
ဆယ်လ်ဖီကိစ္စမှာ ခင်ဗျားရဲ့အရည်အချင်းကို သူချီးကျူးနေတာပဲ။ ဘယ်လိုရိုက်မလဲဆိုတာ ပြောပြပါဦး။
ဝေဝေ့ 🍅(ပြုံးရင်း)
ဒါက အင်မတန်ရှုပ်ထွေးတဲ့အကြောင်းအရာပဲ၊ တကယ်ပါ။ ကျွန်တော်တို့လက်ထဲမှာ ဒီဖုန်းလေးရှိတယ်လေ။ ဒါကို ရင်ဘန်( Rembrandt ) မှာရှိနေတာနဲ့တွေးကြည့်ရင် မယုံနိုင်စရာပဲ။ ရင်းဘန်ဆိုတဲ့ပန်းချီဆရာကြီးမှာ ဒီလိုဖုန်းရှိခဲ့ရင် သူ့ပန်းချီကားတွေကို ပြတိုက်ထဲမှာ ဘယ်မြင်ရတော့မလဲ။ ဒီလိုကိရိယာမျိုးကို လူသားတွေ တီထွင်ဖို့ အချိန်အတော်ကြာခဲ့ရတာ။ ပြီးတော့ ဆယ်လ်ဖီရိုက်လိုက်တာနဲ့ ချက်ချင်း ဆိုရှယ်မီဒီယာပေါ် တင်လို့ရတယ်။ ဒီလိုအခွင့်အရေးတွေကို ကျွန်တော် တန်ဖိုးထားတယ်။

အိဗန် ✍️
ဆယ်လ်ဖီဆိုးဆိုးက ဘာတွေလဲ၊
ဝေဝေ့ 🍅(ပြတ်သားစွာ)
ဆယ်လ်ဖီဆိုးဆိုးဆိုတာ မရှိဘူး။

အိဗန် ✍️(ရယ်ရင်း)
ဒီစကားကို တီရှပ်ပေါ်ရိုက်ထုတ်မယ့်သူ တစ်ယောက်ယောက်တော့ ရှိမှာပဲ။
ပရိသတ်မှ မေးသူ
ခင်ဗျားရဲ့ အခုနယူးယောက်မှာ ပြသထားတဲ့လက်ရာတွေကို ကြည့်ရတာ အရမ်းနုနယ်ပြီး သိမ်မွေ့တယ်လို့ ခံစားရတယ်။ အရင်လက်ရာတွေနဲ့ မတူဘူး။ ဒီအကြောင်း ပြောပြလို့ရလား၊ ဒီလက်ရာတွေမှာ နုနယ်တဲ့ခံစားချက်မျိုး ပါတယ်။
ဝေဝေ့ (မျက်မှောင်ကျုံ့ရင်း)
တကယ့်အမှန်ကိုပြောရမလား၊
ပရိသတ်
ဟုတ်ကဲ့၊ ပြောပါ။
ဝေဝေ့🍅
တကယ်ကတော့ အဲဒီလက်ရာတစ်ခုချင်းစီဟာ ဆယ်တန်ကျော်လေးတယ်ဗျ။ အဲဒီသံမဏိဖွဲ့စည်းပုံတွေကို သင်္ဘောနဲ့တင်ပို့ပြီး အချိန်တိုအတွင်း ပြသဖို့ တပ်ဆင်ရတာ သိပ်ကုန်ကျတယ်။ ဒါပဲ အဖြေပါ။

အိဗန် ✍️
သံမဏိဖွဲ့စည်းပုံတွေအကြောင်းပြောနေတာလား၊
ဝေဝေ့🍅
အားလုံးပဲ။ အဲဒီလက်ရာတွေကို ပုံဖော်ဖို့၊ ပြီးရင် သိမ်းထားဖို့ဆိုတာ အမြဲတွေးရတဲ့အရာပဲ။ ဒီအဖြေက စိတ်ပျက်စရာဖြစ်ရင် တောင်းပန်ပါတယ်။
ပရိသတ်
မဟုတ်ဘူး၊ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး။
ဝေဝေ့🍅
ဒါပေမယ့် ဒါက အမှန်ပဲ။
ပရိသတ်
ကျွန်တော်ပြောတာက နုနယ်တယ်ဆိုတာ အဲဒီလက်ရာတွေမှာ မျဉ်းသေးသေးလေးတွေ၊ သိမ်မွေ့ပြီး ဇာကဲ့သို့သော ဒီဇိုင်းတွေ ပါတယ်လို့ ဆိုလိုတာပါ။
ဝေဝေ့ 🍅(ပြုံးရင်း)
တစ်ခါကျွန်တော်ပြောဖူးတယ်၊ “တကယ့်အင်အားကြီးမားမှုဆိုတာ နုနယ်မှုထဲမှာ ရှိတယ်” တဲ့။ ဒီလိုပြောရင် နည်းနည်းပိုကောင်းသလား။
ပရိသတ်
ကျေးဇူးပါ။
ပရိသတ်မှ မေးသူ
ခင်ဗျားက အနုပညာရှင်တစ်ယောက်အနေနဲ့ရော၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ရော သိပ်ကိုလှုံ့ဆော်မှုပေးနိုင်တယ်။ အခုဆိုရင် ဘယ်သူက ခင်ဗျားကို လှုံ့ဆော်ပေးနေလဲ။
ဝေဝေ့ 🍅(ခပ်ပြတ်ပြတ်)
ကျွန်တော်ကိုယ်တိုင်ပဲ။

အိဗန် ✍️(ရယ်ရင်း)
ဒါကတော့ ဆယ်လ်ဖီတစ်မျိုးပေါ့။
ပရိသတ်မှ မေးသူ
ကိုယ်ပိုင်ဆင်ဆာဖြတ်တောက်မှုအကြောင်း မေးချင်ပါတယ်။ ခင်ဗျားလက်ရာတွေမှာ ဒါကို မကြာခဏဖော်ပြဖူးတယ်လို့ ပြောဖူးတယ်။ ဒူးရှန့်လိုမျိုး ကိုယ်ပိုင်အမည်ဝှက်နဲ့ လုပ်ဖို့ တစ်ခါမှ မတွေးဖူးဘူးလား၊ ဒူးရှန့်မှာ Rrose Sélavy နဲ့ R. Mutt ဆိုတဲ့ အမည်ဝှက်တွေရှိခဲ့တယ်လေ။ ကိုယ်ပိုင်အမည်ဝှက်နဲ့ဆိုရင် ဆင်ဆာမလုပ်ဘဲ ပိုပြီးလွတ်လွတ်လပ်လပ်ပြောလို့ရမယ့် အရာတွေကို ပြောနိုင်မယ်လို့ တွေးဖူးလား၊

အိဗန် ✍️
အမည်ဝှက်နဲ့ လက်ရာတွေလုပ်ဖို့ တွေးဖူးလား။လျှို့ဝှက်အထောက်အထားမျိုးနဲ့ပေါ့။
ဝေဝေ့🍅
ကျွန်တော်ရဲ့လက်ရာအားလုံးလိုလိုက အဲဒီလိုပဲ လုပ်ထားတာပါ။
အိဗန် ✍️
ဘယ်လိုရှင်းပြမလဲ
ဝေဝေ့🍅 (ပြုံးရင်း)
လူတွေက အမြဲမေးတယ်၊ “ဒါက ဘာကိုဆိုလိုတာလဲ”တဲ့။ ကျွန်တော်က အရမ်းရိုးရိုးသားသားနဲ့ ဖြောင့်ဖြောင့်တန်းတန်း ပြောဖို့ကြိုးစားရင်တောင် လူတွေက ဒီထဲမှာ လျှို့ဝှက်အဓိပ္ပါယ်တစ်ခုခုရှိတယ်လို့ ထင်ကြတယ်။ အဲဒါက တကယ်ပဲ။

အိဗန် ✍️
လူသိရှင်ကြား အိုင်ဝေဝေ့ နဲ့ ပုဂ္ဂလိက အိဝေဝေ့ ဆိုတာ ရှိလား။ လူတွေက ခင်ဗျားကို ထင်ထားတဲ့ပုံစံ၊ ဒါမှမဟုတ် ဖြစ်စေချင်တဲ့ပုံစံက ခင်ဗျားအမှန်တကယ်ပုံစံနဲ့ မတူဘူးလို့ ခံစားဖူးလား။
ဝေဝေ့ 🍅(မျက်မှောင်ကျုံ့ရင်း)
ဒီမှာထိုင်နေတဲ့ အိုင်ဝေဝေ့က တကယ့်အိုင်ဝေဝေ့လို့ ထင်နေတာလား။

အိဗန် ✍️ (ရယ်ရင်း)
ထင်တာပဲ၊ ဒါပေမယ့် မမှန်ကန်တာလည်း ဖြစ်နိုင်တယ်။ ခင်ဗျားက ကွဲပြားတယ်လို့ ထင်လား။
ဝေဝေ့ (ခပ်ဖွဖွရယ်ရင်း)
အဲဒါကိုတော့ မပြောပြဘူးဗျာ။
ပရိသတ်မှ မေးသူ
အနုပညာလောကရဲ့ စျေးကြီးမှု၊ သီးသန့်ဖြစ်မှုနဲ့ အဲဒီလိုမျိုးတွေကို ခင်ဗျားရဲ့သတင်စကားတွေနဲ့ ဘယ်လိုမျှတအောင် လုပ်ဆောင်သလဲ။
ဝေဝေ့🍅
ပထမဆုံး၊ ကျွန်တော်က တစ်ဦးချင်းပဲ။ အနုပညာလောကတစ်ခုလုံးအတွက် တာဝန်မယူနိုင်ဘူး။ အဲဒီလောကကြီးက ကျွန်တော်နားမလည်နိုင်တဲ့ ကမ္ဘာတစ်ခုပဲ။ လူတွေဘာလို့ အနုပညာစုဆောင်းကြလဲ၊ စျေးတွေဘာလို့ ဒီလောက်မြင့်နေလဲ၊ ဘာလို့ ငယ်ရွယ်တဲ့အနုပညာရှင်တွေ ဘယ်တော့မှ အောင်မြင်မှုမရှိတာလဲ၊ ဒါမှမဟုတ် ကျွန်တော်ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာရတာလဲ—ဒါတွေကို ကျွန်တော် အခုထိ နားမလည်ဘူး။ တကယ်ပြောတာ၊ ကျွန်တော်လို ဉာဏ်ကောင်းတဲ့သူတောင် ဒီမေးခွန်းမျိုးကို နားမလည်ဘူးဗျ။
ပရိသတ်
အဲဒီအကြောင်း စိတ်ထဲမတူညီမှုဖြစ်လား။
ဝေဝေ့🍅
အပြစ်ရှိသလို ခံစားရတယ်။

အိဗန် ✍️
ဘာလို့လဲ။
ဝေဝေ့🍅
တစ်သက်လုံး တစ်ခုခုကို လုပ်နေပြီး အဲဒါကို နားမလည်ဘူး။ ပြီးတော့ မင်းမတာဝန်ယူရတဲ့ မမှန်တဲ့အမြင်တွေကို ဖြန့်ဝေနေတာပဲ။ ဒါပေမယ့် အပြစ်တင်ခံရမှာကတော့ မင်းပဲ။ နားလည်လား။

အိဗန် ✍️(ရယ်ရင်း)
သိပ်မရှင်းဘူးဗျာ။
ဝေဝေ့🍅
ကျန်သေးတဲ့ မိနစ် ၁၇ မိနစ်ရှိသေးတယ်။ (အိဗန် ရယ်လိုက်သည်)
ပရိသတ်မှ မေးသူ
အမေရိကန်တွေနဲ့ အနောက်ကမ္ဘာက တရုတ်ကို ပိုနားလည်အောင် ဘယ်လိုလုပ်ရမလဲ
ဝေဝေ့ 🍅(ပြတ်သားစွာ)
မဖြစ်နိုင်ဘူး။
ပရိသတ်
မဖြစ်နိုင်ဘူးလား။
ဝေဝေ့🍅
မဖြစ်နိုင်ဘူး။ ကမ္ဘာ့အနေအထားကို ကြည့်ပါဦး။ ဒီမှာ နေ့လည်နေရောင်ထဲ ရှိနေတယ်၊ တရုတ်မှာတော့ ညဖြစ်နေပြီ။ ဘယ်တော့မှ တစ်ချိန်တည်းမဖြစ်ဘူး။ ဒီမှာ ဆောင်းရာသီဆိုရင် အဲဒီမှာ နွေရာသီပဲ။

အိဗန် ✍️
ခင်ဗျားက မကြာသေးခင်က လူတွေကို တခြားနိုင်ငံတွေအကြောင်း ရှင်းပြဖို့ အချိန်များများသုံးခဲ့တယ်၊ အထူးသဖြင့် ခင်ဗျားရဲ့ရုပ်ရှင်သစ်မှာ လူတွေကို လူသားဆန်အောင် ပြဖို့ ကြိုးစားခဲ့တယ်။ အမေရိကထဲက လူတွေက တရုတ်ကလူတွေကို ပိုနက်ရှိုင်းစွာ နားလည်အောင် ဘယ်လိုလုပ်လို့ရမလဲ။
ဝေဝေ့🍅
ဒီလိုနားလည်မှုလွဲတာတွေက—ပြီးတော့ ကျွန်တော့်ကို သိပ်အလေးအနက်မထားပါနဲ့၊ဘဝကို ပိုပြီးစိတ်ဝင်စားဖွယ်ဖြစ်စေတယ်။ ဘာလို့ဆို တခြားသူတွေဘာတွေးနေလဲဆိုတာကို ပိုပြီးအချိန်ယူပြီး တွေးရတာကိုး။ တစ်ခါတလေ ကိုယ်နားလည်ပြီလို့ထင်ပေမယ့် နှစ်တွေကြာလာတဲ့အခါ “အိုး၊ အဲဒါ မမှန်ဘူးပဲ၊ အဲဒီလိုမဟုတ်ဘူး” လို့ ပြန်တွေးရတယ်။ ပထမဆုံး ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ဟာ အရမ်းကန့်သတ်ခံထားရပြီး တခြားအကြောင်းအမျိုးမျိုးနဲ့ သတ်မှတ်ခံထားရတယ်ဆိုတာကို အရင်လက်ခံရမယ်။
ပရိသတ်မှ မေးသူ
ကမ္ဘာ့ပေါင်းစည်းမှုတိုးလာပြီးကတည်းက မြေပုံပေါ်မှာ နယ်နမိတ်တွေက သိသာတဲ့ တစ်ခုတည်းသော နယ်နမိတ်တွေဖြစ်လာပြီး၊ နိုင်ငံတွေကို ကျော်လွန်တဲ့ အကြောင်းအရာတစ်ခုကို ခင်ဗျားက အရိပ်အမြွက်ပြခဲ့တယ်။ ကမ္ဘာ့ပေါင်းစည်းမှုလွန်ကမ္ဘာမှာ ဘယ်လိုအဓိကလမ်းကြောင်းတွေက ဦးဆောင်နေတယ်လို့ ထင်လဲ
ဝေဝေ့ 🍅: All the President’s Men ဆိုတဲ့ ရုပ်ရှင်ထဲမှာ နာမည်ကြီးတဲ့စကားတစ်ခွန်းရှိတယ်၊”ငွေနောက်လိုက်ပါ”တဲ့။