အိုင်ဝေဝေ စကားဝိုင်း
10th August
အိုင်ဝေဝေစကားဝိုင်း (အမလီ အန်ဒရာအို့စ်နှင့် ကယ်ရိုလ် ဘက်ကာ တို့၏ စကားဝိုင်း)
ဝေဝေ့ 🍅
ဟုတ်တယ်၊ ဒါက ကျနော့်အတွက် လွယ်တယ်။ ဗိသုကာနဲ့ပတ်သက်ပြီး တစ်ခုခုမတော်လို့ မဖြစ်လိုက်ရင်တောင်၊ ကျနော်က “ငါက အနုပညာရှင်ပါ” လို့ပြောလိုက်ရင် ပြီးတာပဲ။ ဗိသုကာပညာရှင်ရော၊ အနုပညာရှင်ရော နှစ်ခုလုံးလုပ်တာက ကျနော်အတွက် အများကြီးအကျိုးရှိတယ်။
ကာရိုးလ်ဘက်ကာ ✍️
ကူပါယူနီယံမှာ မင်းထည့်ထားတဲ့ဂိတ်တွေကို ကျွန်မအထူးသတိထားမိတယ်။ ကျွန်မငယ်ငယ်တုန်းက ဘရွတ်ကလင်းမှာ ကြီးပြင်းလာတော့၊ ကူပါယူနီယံ ( ပီတာကူပါ တည်ထောင်သည့်ကျောင်း ) က အနုပညာ၊ ဗိသုကာပညာ၊ အင်ဂျင်နီယာပညာတွေကို လေ့လာချင်တဲ့ ဒုက္ခသည်တွေအတွက် အခမဲ့တက်ရောက်နိုင်တဲ့နေရာဖြစ်ခဲ့တယ်။ ဒါက ဒုက္ခသည်တွေအတွက် အထူးဖန်တီးထားတဲ့ ကျောင်းတစ်ခုပဲ။
ဝေဝေ့ 🍅
ဟင်၊ ဟုတ်လား။
ကာရိုးလ်ဘက်ကာ ✍️
ဟုတ်တယ်။ ပီတာကူပါရဲ့ရည်မှန်းချက်က သူကိုယ်တိုင် ကျောင်းမတက်နိုင်ခဲ့လို့ဒုက္ခသည်တွေအတွက် အခမဲ့ပညာသင်ကျောင်းတစ်ခုဖြစ်လာဖို့ပဲ။ ဒါကြောင့် ကူပါယူနီယံကို ဒီလိုရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ။ အမြဲတမ်း လင်းပွင်းခဲ့တယ်။ ဒါပေမယ့် အခု ကူပါယူနီယံမှာ မင်းထည့်ထားတဲ့ ခြံစည်းရိုးတွေကို မြင်ရတော့၊ အဲဒီအခွင့်အရေးက မရှိတော့သလိုပဲ။ အခုဆို အဲဒီဂိတ်တွေက ပိတ်ထားသလို ခံစားရတယ်။ ကူပါယူနီယံကို ပြန်ကြည့်ရင်း၊ အရင်က ဘယ်သူမဆို အခမဲ့တက်နိုင်တဲ့ ကျောင်းဆိုတဲ့အချက်ကို ပြန်စဉ်းစားမိတယ်။
ဝေဝေ🍅
ကူပါယူနီယံကို ကျနော်ကြိုက်တာက သူတို့ရဲ့ ဗိသုကာပညာသင်တန်းက သိပ်ကိုတင်းကျပ်တယ်လို့ ကြားဖူးလို့ပဲ။ ဒုတိယနှစ်မှာ မင်းရဲ့မော်ဒယ်တွေက မကောင်းရင် ဆရာတွေက မော်ဒယ်တွေကို ဖျက်ဆီးပစ်ပြီး “ဒီကနေ ထွက်သွား” လို့ ပြောလိုက်တယ်ဆိုပဲ။ ဘာလို့မှန်းမသိပေမယ့် အဲဒီလိုဆိုတော့ ဒီကျောင်းကောင်းမယ်လို့ ထင်ခဲ့တယ်။
အမလီ အန်ဒရာအို့စ် ✍️
အခုတော့ အဲဒီလိုမလုပ်တော့ဘူးလေ။
ဝေဝေ့ 🍅
ကျနော်က အခုဘာလင်မှာ အနုပညာသင်ပေးနေတယ်။ ကျောင်းသားတွေကို အရမ်းယဉ်ကျေးစွာဆက်ဆံရတယ်။ ဘာလို့ဆို သူတို့က ဆရာတွေလို ဖြစ်နေကြတာ။ သိပ်ဖိလိုက်ရင် ငိုကြလိမ့်မယ်။ ဒီနေ့ခေတ်ကျောင်းသားတွေက ဘာဖြစ်နေကြတာလဲ။ လူတွေက “ဒီကျောင်းသားတွေက အရမ်းလစ်ဘရယ်ဖြစ်တယ်” လို့ ပြောကြတယ်။ ဒါပေမယ့် ကျနော် အဘိဓာန်ထဲမှာ ကြည့်ကြည့်တော့ “လစ်ဘရယ်” ဆိုတာ “ပျင်းရိတယ်” ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး။ ဒါပေမယ့် ဒီကျောင်းသားတွေက တကယ်ပျင်းရိတယ်။ ဘယ်လိုလုပ်ပြီး တကယ့်စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မှာလဲ။ နောက်ပိုင်းဘဝမှာ စိန်ခေါ်မှုဆိုတာ မရှိတော့ဘူးလား။ ဆရာတစ်ယောက်အတွက် အခုခေတ်မှာ သင်ကြားဖို့ သိပ်ခက်တယ်လို့ ထင်တယ်။ ဘာလို့ဆို သိပ်ဖိလို့မရဘူး။ ဖိမထားရင်လည်း ဘာလို့ဆရာဖြစ်နေရမှာလဲ။ ခက်တာပဲ။
ကယ်ရိုလ် ဘက်ကာ ✍️
အနုပညာနဲ့ ဗိသုကာပညာကျောင်းသားတွေက အခုလိုကမ္ဘာထဲဝင်ဖို့ ဘာတွေသိထားဖို့လိုမယ်လို့ မင်းထင်လဲ။
ဝေဝေ့🍅
ပထမဆုံးကတော့ ပညာရေးစနစ်တစ်ခုလုံးက သိပ်ကိုရှည်လျားလွန်းတယ်။ အသက်နှစ်ဆယ့်ငါးနှစ်၊ သုံးဆယ်လောက်ရှိတဲ့ ကျောင်းသားတချို့က ဘွဲ့တစ်ခုရဖို့ ကြိုးစားနေကြတုန်းပဲ၊ ကျနော်ထင်တာက ဘဝရဲ့အကောင်းဆုံးနှစ်တွေကို ကျောင်းထဲမှာ ဖြုန်းနေရတာပဲ။ ကျောင်းထက် ပိုကောင်းတဲ့ သင်ယူစရာနေရာတွေရှိတယ်။ မန်ဟက်တန်က ကျောင်းတစ်ကျောင်းမှာတောင် လူငယ်တွေကို တကယ့်ဘဝအကြောင်း ဗဟုသုတဖွဲ့စည်းပုံဖြစ်အောင် သင်ပေးနိုင်တဲ့ အချက်အလက်တွေ မလုံလောက်ဘူး။ ကျနော့်အတွက်ကတော့ သင်ကြားဖို့က အဆင်ပြေပေမယ့် ကျောင်းတက်ရတာက သိပ်ကိုရှည်လျားလွန်းတယ်။
အမေးလ်အန်ဒရာ့စ်✍️
ဒါက အနုပညာကျောင်းနဲ့ ဗိသုကာကျောင်းထဲမှာ ကျွန်မတို့ မကြာခဏဆွေးနွေးနေရတဲ့အကြောင်းတစ်ခုပဲ။ ဒီနေ့ခေတ် ဗိသုကာပညာရှင်တွေနဲ့ အနုပညာရှင်တွေက ဘာသာရပ်ပေါင်းစုံနဲ့ မီဒီယာအမျိုးမျိုးမှာ လုပ်ကိုင်နိုင်ဖို့လိုတယ်။ အရင်လိုမျိုး တစ်ကြောင်းတည်းမဟုတ်တော့ဘူး။ ဒါကို ကျွန်မတို့ သင်ပေးဖို့ ကြိုးစားနေရတယ်။ ရှင်ပြောတာလည်း ဟုတ်တယ်၊ ဘဝနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။