အိုင်ဝေဝေ စကားဝိုင်း
30th July
အိုင်ဝေဝေစကားဝိုင်း
တင်မာလို ✍️
အနုပညာက ဘာသာရေးဖြစ်သင့်တယ်လို့ ပြောတာလား။
ဝေဝေ့ 🍅
အနုပညာမှာပဲ ဖြစ်ဖြစ်၊ ကဗျာမှာပဲ ဖြစ်ဖြစ်၊ အကောင်းဆုံး အခိုက်အတန့်တွေမှာ ဘာသာရေးဆန်တဲ့ ခံစားချက်တစ်ခုခု ပါတယ်။
တင်မာလို ✍️
ဖိနှိပ်မှုမရှိတဲ့ ဘဝကို ပြန်လည်စိတ်ကူးယဉ်ဖို့ အနုပညာကို အသုံးပြုချင်တဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေကို ဘယ်လို အကြံပေးမလဲ။
ဝေဝေ့🍅
ဒါကို ကျနော်ဖြေလို့မရဘူး။ ကျနော်ဖြေနိုင်တဲ့ မေးခွန်းမဟုတ်ဘူး။
တင်မာလို ✍️
ကိုယ့်ရဲ့ သုတေသနကို လိုက်လုပ်ပါ၊ ကိုယ့်ဘာသာကိုယ် ပိုရှာဖွေပါ၊ ရဲရင့်ပါ ဆိုတဲ့ အကြံပြုချက်မျိုးလား။
ဝေဝေ့🍅
ကျနော့်အထင်ကတော့ သူတို့က အိုင်ဒီယိုလိုဂျီအတွက်ပဲ အလုပ်လုပ်ဖို့ မလိုဘူး။ ကိုယ့်အတွက် အလုပ်လုပ်သင့်တယ်။ ဘဝရဲ့ အခြေခံကျဆုံး ဂုဏ်သိက္ခာအတွက်တိုက်ပွဲမဝင်ရင် သူတို့ရဲ့ဘဝက ဘယ်လိုဖြစ်မလဲဆိုတာ မေးခွန်းထုတ်သင့်တယ်။ မဟုတ်ရင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုဆိုတဲ့ မရှိမဖြစ် ခံစားချက်တွေကို မေ့သွားလိမ့်မယ်။ သူတို့က ဘယ်လိုလူသားမျိုး ဖြစ်လာမလဲဆိုတာကိုလည်း မေ့သွားလိမ့်မယ်။ ခင်ဗျားကိုယ့်ကိုယ်ကို တက်ကြွလှုပ်ရှားသူလို့ပဲ ဖြစ်ဖြစ်၊ အနုပညာရှင်လို့ပဲ ဖြစ်ဖြစ် တွေးနေပြီဆိုရင် အဲဒါက တကယ့်ကို ဝမ်းနည်းစရာပဲ။ မကြာခဏဆိုရင် အဲဒါက ပုံပြင်တစ်ခုလို ဟန်ဆောင်မှုတစ်ခုပဲ။ ခင်ဗျားကိုယ့်ကိုယ်ကို အနုပညာရှင်လို့ပဲ ဖြစ်ဖြစ်၊ တက်ကြွလှုပ်ရှားသူလို့ပဲ ဖြစ်ဖြစ် တွေးလို့ မရဘူး။
တင်မာလို ✍️
ခင်ဗျားအတွက်ကတော့ အနုပညာနဲ့ တက်ကြွလှုပ်ရှားမှုဆိုတာ ခွဲထုတ်လို့မရအောင် ဆက်နွယ်နေတာကို ကျနော်နားလည်တယ်။ ခင်ဗျားကတရုတ်နိုင်ငံမှာနိုင်ငံရေးနဲ့ပတ်သက်ပြီး ပါဝင်မှုမရှိတဲ့ အနုပညာရှင်တွေ၊ စာရေးဆရာတွေကို တော်တော်လေး ဝေဖန်ခဲ့တယ်။ ဖိနှိပ်မှုမှာ ပူးပေါင်းပါဝင်နေတယ်လို့ အာဏာပိုင်တွေက ထုတ်ဖော်ပြသခံရတဲ့သူတွေကိုလည်း ဝေဖန်ခဲ့တယ်။ ဖိနှိပ်တဲ့ လူ့အဖွဲ့အစည်းတွေထဲမှာ အနုပညာရှင်တွေ ပိုပြီး ထုတ်ဖော်ပြောဆိုသင့်တယ်လို့ ခင်ဗျားအခုထိ ပြင်းပြင်းထန်ထန် ခံစားနေတုန်းလား။
ဝေဝေ့🍅
စာရေးဆရာတွေ ဒါမှမဟုတ် အနုပညာရှင်တွေက သူတို့ဘဝရဲ့ အရေးကြီးဆုံး အရည်အသွေးဖြစ်တဲ့ အမှန်တရားကို ရှာဖွေမှု၊ အဲဒါကို ဖော်ပြဖို့ ဘာသာစကားတစ်ခု ဖန်တီးမှုကို မကာကွယ်ရင် စိတ်ပျက်စရာပဲ။ ဒါက တကယ့်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပဲ။ ဒါပေမယ့် လူတွေက ဒါကို လွယ်လွယ်နဲ့ စွန့်လွှတ်ပြီး သူတို့က စာရေးဆရာ ဒါမှမဟုတ် အနုပညာရှင်လို့ ဟန်ဆောင်နေကြတယ်။ ဘယ်လောက် ရှက်စရာကောင်းလဲ။ ဒီကမ္ဘာကြီးက တကယ့်ကို ထူးထူးခြားခြား ဖြစ်နိုင်တယ်။ တရုတ်နိုင်ငံကို ခဏလည်လာတဲ့ မင်းသမီးတစ်ယောက်၊ နိုင်ငံရေးအကြောင်း ဘာမှမသိတဲ့ သူ၊ လျှို့ဝှက်ဖမ်းဆီးခံလိုက်ရတယ်။ သူက နာမည်ကြီး တရုတ်မင်းသမီးတစ်ယောက်ပဲ၊ ဒါပေမယ့် ကျနော်သူ့ရုပ်ရှင်တွေ တစ်ခါမှ မကြည့်ဖူးဘူး။ မကြာသေးခင်ကလည်း ပြည်သူ့လုံခြုံရေးဌာနရဲ့ အကြီးအကဲကို ပါရီမှာ ပြန်ခေါ်ပြီး လျှို့ဝှက်ဖမ်းဆီးခံလိုက်ရတယ်။ သတင်းထောက်တစ်ယောက်ကို ဆော်ဒီသံရုံးထဲ ခေါ်သွင်းလိုက်တယ်ဆိုတဲ့ သတင်းလည်း ရှိတယ်။ ကျန်တာကို လူတိုင်းသိတယ်။ လူတွေက အခုထိ “ဘယ်သူလုပ်တာလဲ၊ လို့ မေးနေကြတယ်။ “ရုပ်အလောင်းဘယ်မှာလဲ”လို့ ဘယ်သူမှမမေးဘူး။ ဘယ်သူလုပ်တာလဲ ဆိုတာ အရေးမကြီးဘူး။ ရုပ်အလောင်းဘယ်မှာလဲအဲဒါကိုပဲ ပြောပြပါ။ ဒီကမ္ဘာကြီးက အဲဒီလိုပဲ။ တကယ့်ကို ထူးဆန်းတဲ့ ကမ္ဘာပဲ။
တင်မာလို ✍️
ကျနော်မှတ်မိတယ်၊ Art Newspaper မှာ အင်တာဗျူးတစ်ခုဖတ်ခဲ့ရတာ၊ ခင်ဗျားမကြာသေးခင်က ဒိုဟာ၊ အစ္စတန်ဘူလ်၊ ဂျေရုဆလင်မှာ ပြသခဲ့တယ်လို့ ထောက်ပြထားတယ်။ ဒီနိုင်ငံသုံးခုက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခံရတဲ့ နေရာတွေ၊ ဖိနှိပ်မှုတွေ ရှိခဲ့တဲ့ နေရာတွေပဲ။ အဲဒီမှာ ပြသရတာ ခင်ဗျားအဆင်မပြေသလို ခံစားရလား၊ ခင်ဗျားအဲဒီမှာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြေကြားချက်တစ်ခု ပေးခဲ့တယ်။







