Ai Wei Wei အိုင်ဝေဝေစကားဝိုင်း

အိုင်ဝေဝေ စကားဝိုင်း

16th July

အိုင်ဝေဝေစကားဝိုင်း

တင်မာလို ✍️

ဒုက္ခသည်ပြဿနာရဲ့ အတိုင်းအတာကို ကြည့်ရင် မလွှမ်းမိုးနိုင်ဘူးလို့ ခံစားရလား၊ ဒါမှမဟုတ် မျှော်လင့်ချက်မရှိတော့ဘူးလို့ ထင်လား။ ဒါမှမဟုတ် ဒီလူတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ရဲ့ တစ်ဦးချင်း အသံတွေကို နားထောင်ရင်း၊ သူတို့ကို လူအုပ်ကြီးတစ်ခုလို မမြင်ဘဲ တစ်ဦးချင်းအနေနဲ့ ဆက်ဆံရင်း လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်တချို့ တွေ့လား။ သူတို့ရဲ့ ခံနိုင်ရည်ကြောင့် မျှော်လင့်ချက်ရှိလား၊ ဒါမှမဟုတ် ဒီပြဿနာရဲ့ အတိုင်းအတာကို ကြည့်ရင် အားလုံးက အလဟဿဖြစ်နေသလို ခံစားရလား။ အနုပညာကိုရော အလဟဿလို့ ထင်လား။


ဝေဝေ့🍅

ကနော်ရဲ့ ချဉ်းကပ်ပုံက တော်တော်လေး “တစ်ကိုယ်ကောင်းဆန်” တယ်။ ဒါက ကျနော်ရဲ့ ကိုယ်ပိုင်သင်ယူမှုအတွက်ပဲ။ ကျနော်နားလည်ထားဖို့ လိုတယ်၊ ကျနော်တို့ ဘယ်လို ကမ္ဘာမှာ နေနေရတာလဲ ဆိုတာကို ကျနော့်ရဲ့ ရှုထောင့်နဲ့ နားလည်ဖို့ လိုတယ်။ ဒါက ရိုးရှင်းတယ်။ ခင်ဗျားအဲဒီလူတွေကို မရင်ဆိုင်ဘဲ၊ သူတို့ဘယ်လို ညတွေကို ဖြတ်သန်းနေရလဲ၊ မိုးရေထဲမှာ ဘယ်လို ရပ်နေရလဲ၊ ဘယ်လို အစားအသောက်လုပ်နေရလဲ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ ဘယ်လို အိမ်သာသွားနေရလဲ၊ ရေချိုးနေရလဲ ဆိုတဲ့ ရိုးရှင်းတဲ့ အရာတွေကို မမြင်ဘဲနဲ့ ဒီအခြေအနေကို ဘယ်တော့မှ နားမလည်နိုင်ဘူး။
သူတို့ကို ရင်ဆိုင်ကြည့်တဲ့အခါမှ သူတို့က ခင်ဗျားလိုပဲ၊ ခင်ဗျားရဲ့ ညီမလိုပဲ၊ ခင်ဗျားရဲ့ ကလေးလိုပဲ ဆိုတာကို သိလာတယ်။ ဒုက္ခသည်စခန်းတွေမှာ လူသားဆန်မှုက အလွန်ကြမ်းတမ်းတဲ့ ပုံစံနဲ့ ရှိနေတယ်။ အဲဒီနောက် မင်း မေးခွန်းထုတ်လာတယ်။ ဘယ်သူက သူတို့ကို ဒီလို အခြေအနေမျိုးထဲ ထည့်လိုက်တာလဲ။ ဘာလို့ လူတွေက သူတို့ကို လက်မခံတာလဲ။ ဘာလို့ လူတွေက ဒီလို အားနည်းပြီး ဒုက္ခရောက်နေတဲ့ သူတွေကို ခွဲခြားဆက်ဆံပြီး ညစ်ပတ်တဲ့ နာမည်တွေ ပေးနေကြတာလဲ။ လူ သန်းခုနှစ်ဆယ်လောက်က သူတို့အိမ်တွေကနေ အဓမ္မနှင်ထုတ်ခံထားရတယ်။ သူတို့အားလုံးမှာ အိမ်တွေ ရှိခဲ့ဖူးတယ်။ ဘယ်သူမှ တခြားနေရာကို သွားချင်တာ မဟုတ်ဘူး။ ထွက်ပြေးပြီး နေရာသစ်မှာ တကယ့်ဘဝတစ်ခုကို တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။

တင်မာလို ✍️

ခင်ဗျားက လက်ဆ်ဘော့စ်ကမ်းခြေမှာ အလန် ကာဒီ (Alan Kurdi) ဆိုတဲ့ ကာ့ဒ်လူငယ်လေးရဲ့ ပုံစံအတိုင်း ဓာတ်ပုံရိုက်ခဲ့တယ်။ အဲဒီလူငယ်လေးက ရေနစ်သေဆုံးခဲ့တာ။ အဲဒီဓာတ်ပုံအတွက် အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်။ ခင်ဗျားကတော့ အဲဒါကို စာနာမှုပြတာပဲ၊ သူ့အခြေအနေထဲ ကိုယ့်ကိုယ်ကိုယ် ထည့်ကြည့်တာပဲ လို့ ပြောခဲ့တယ်။ အများပြည်သူရဲ့ တုံ့ပြန်မှုတွေကို ခင်ဗျားအံ့သြသွားလား။ ခင်ဗျားက အခုဆို နာမည်ကြီး နိုင်ငံတကာ အနုပညာရှင်တစ်ယောက်၊ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်နေပြီ။ ခင်ဗျားလုပ်တဲ့အရာတွေကို အများပြည်သူဘယ်လို တုံ့ပြန်မလဲ ဆိုတာကို စဉ်းစားရလား။

ဝေဝေ့🍅

ခင်ဗျား ထင်လား၊ ကျနော်အဲဒီလို အများပြည်သူရဲ့ အော်ဟစ်မှုတွေကို ဂရုစိုက်ရင် ဒီနေ့လို အနုပညာရှင်တစ်ယောက် ဖြစ်လာနိုင်မယ်လို့။ အဲဒီလို အရာတွေကို တစက်မှ ဂရုမစိုက်ဘူး။