About Han Kang’s The White Book အဖြူရောင်စာအုပ်အကြောင်း

အဖြူရောင်စာအုပ် (ဝတ္ထုဘာသာပြန်) အတွက် ဘာသာပြန်သူ့စကားအချို့


ဟန်ကန်သည် သားသတ်လွတ်သမ ဝတ္ထုဖြင့်လူသိများလာခဲ့သည်။ အဖြူရောင်စာအုပ်သည်လည်း အလွန်တရာ လှပ သေသပ်ပြီးထိန်လန့်စရာကောင်းသည်။ ထိုလုံးချင်းဝတ္ထုကို ၁၉၉၄ ခုနှစ်မှာထုတ်ဝေခဲ့သည်။ ထိုဝတ္ထုကြောင့် ၂၀၁၆ ခုနှစ်မှာ Man Booker International Prize ကို သူမနှင့်ဘာသာပြန်သူ ဒဲဘရာစမစ် တို့ ဆုရရှိခဲ့သည်။

ယခု”အဖြူရောင်စာအုပ်” ဝတ္ထုမှာ ဟန်ကန်ရဲ့ ကဗျာဆန်တဲ့ အက်ဆေးတိုတိုလေးတွေကို ရိုးရှင်းတဲ့အဖြူရောင်သဘောသဘာဝကိုပေါင်းစည်းကာ သူမ၏ဘဝအကြောင်း အပိုင်းပိုင်းခွဲထားသော အရေးအဖွဲ့များဖြစ်သည်။ ဤကဗျာများနှင့် ကဗျာအက်ဆေးတိုများတွင် အရေးပါသောပုဂ္ဂိုလ်မှာ လမစေ့ဘဲမွေးပြီး နှစ်နာရီအကြာတွင် သေဆုံးသွားသော ဇာတ်ကြောင်းပြောသူ၏မွေးကင်းစကလေးအကြောင်းဖြစ်သည်။ သူ့အမေက ကမန်းကတန်းချုပ်လုပ်ထားတဲ့ အဖြူရောင်ကလေးအနှီးနဲ့ ဖုံးအုပ်ထားသည်။ အနှီးဖြူဖြင့် သိုင်းခြုံထားသော ဤကလေးငယ်၏ ပုံရိပ်နှင့် သူမ၏ ဘဝအကျဉ်းချုပ်သည် ဇာတ်ကြောင်းတစ်လျှောက် အဓိက ပုံရိပ်တစ်ခုဖြစ်သည်။ “ဘုရားသိကြားမလို့ မသေလိုက်ပါနဲ့” လို့ နတ်၊ ဘုရားတွေ တိုင်တန်းပြီးငိုယိုသည့်ဇာတ်ကြောင်းပြောသူသည် အသက် နှစ်ဆယ့်နှစ်နှစ်သာရှိသေးသော မိခင်သည်ဘဝ ပျိုမြစ်မှု၊ မိခင်တစ်ဦးအနေနှင့် သူ့ကိုယ်သူ သားသမီးများမွေးဖွားမှုတို့ကို ဆင်ခြင်သုံးသပ်သည်။

စာလုံးတလုံး၊ ဝါကျတကြောင်း၊ထို့နောက် စာပိုဒ်တခု ကို စာရွက် အလွတ်ပေါ်မှာ ကဗျာ (သို့ ) စကားပြေ တခုခု ဖြင့် စရေးသားသည်။

စာရေးဆရာသည် စာရွက်အလွတ်ကို မှင်အနက်ဖြင့် ဖွဲ့ဆိုသည်။ နှစ်ပေါင်းငါးထောင်ကြာသည့်တိုင် ကိုရီးယားလူမျိုးများသည် အဖြူရောင်အ၀တ်အထည်များကို ၀တ်ဆင်ထားကြောင်းကို အထူး နာမည်ကြီးခဲ့သည်။ ယခု အဖြူရောင်စာအုပ်တွင် ကိုရီးယားလူမျိုးများနှင့် ပတ်သက်သော နိမိတ်ပုံများနှင့် သင်္ကေတများစွာပါရှိသည်။

ဘာသာပြန်သူ ဒဲဘရာစမစ်သည် ကိုရီးယားဘာသာမှအင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရာတွင် သူမကောင်းကောင်းအစွမ်းပြခဲ့သည်။

စာရေးဆရာနှင့် ဘာသာပြန်ဆိုသူသည် ၎င်းတို့၏ လက်ရာများ၏ အသီးအပွင့်များကို ဝေဆာရန် အကဲဖြတ်သည့် ကြီးမားသောအဖွဲ့ဖြစ်သည်။

ဟန်ကန်က ထို စာအုပ်သည် သူရဲ့ ကိုယ်တွေ့ မှတ်တမ်း မဟုတ်၊ ဝတ္ထုတပုဒ်အဖြစ် အတိအကျဖော်ပြသည်။ အသေအချာပြောနိုင်သည့်အချက်မှာအဖြူရောင်ရှိတဲ့ သက်ရှိ၊ သက်မဲ့ တွေရဲ့ အကြောင်းခေါင်းစဉ်နဲ့ပတ်သက်တဲ့ သူမရဲ့ ကဗျာဆန်တဲ့ မှတ်စုတွေ ဖြစ်သည့်ကလေးချီပိုးပုခက်၊ မွေးကင်းစကလေးဂါဝန် ၊ ဆား ၊ နှင်း ၊ ရေခဲ ၊ လ ၊ ဆန် ၊လှိုင်း ၊ စကားဖြူ ၊ ငှက်ဖြူ ၊ “ဖြူဖြူလေးရယ်တယ်” ဆိုတဲ့အတွေး၊ဗလာစာရွက် ၊ ခွေးဖြူ ၊ ဆံပင်ဖြူ ၊ အနှီး စည့် အရာတွေ သာ စုစည်းထားသည်။

ဤစာအုပ်တွင် စာဖတ်သူသည် သူ၏ ဝတ္ထုကို ကဗျာဖြင့် ဘယ်လို ချဉ်းကပ်သလဲ ချဉ်းကပ်ပုံနည်းလမ်းကို လေ့လာနိုင်သည်။ သားသတ်လွတ်သမ ဝတ္ထုသည် စာရေးဆရာ၏ ကဗျာဆန်သောချဉ်းကပ်မှုဖြင့် ဝေါဟာရနှင့် စိတ်ကူးယဉ်ပုံစံကို အသုံးပြု၍ အောင်မြင်ခဲ့သည်။ ဝတ္ထုတို သုံးခုပေါင်းထားသည်။ ဟန်ကန်သည် “အဖြူရောင်စာအုပ်ကို “စိတ်ကူးယဉ်ဇာတ်လမ်းအဖြစ်ကြိုးစားခဲ့သော်လည်တော်တော်များများက သူမအဆိုကို သဘောမတူကြပေ။ ဝတ္ထု နှင့် ကိုယ်တွေ့မှတ်တမ်း ၊ ကဗျာနှင့် ဖန်တီးမှုစာပေအမျိုးအစားများအတွင်း အလုပ်လုပ်သည်။ ပျော့ပျောင်းမှုမှာ ၎င်း၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဆွဲဆောင်မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။

ဟန်ကန် သည် ကိုရီးယားဘာသာစကား၏ နောက်ထပ် အသုံးအနှုန်းတစ်ခု” ဖြူဖြူလေးရယ်တယ်” ကို ကောက်ယူသုံးလိုက်သည်။

ထိုသို့သောအသုံးအနှုန်းသည် ကိုရီးယားဘာသာစကားဖြင့်သာ ရှိနေသည်ဟု သူမက ဆိုသည်။ စိတ်ဝင်စားစရာကောင်းသောရှာဖွေတွေ့ရှိမှုပင်ဖြစ်သည်။ “ဖြူဖြူလေးရယ်တယ်” ဆိုသည်မှာ ရယ်မောခြင်းဟု ဆိုလိုခြင်းမဟုတ်ပေ။ ကိုရီးယားလို “အဖြူရောင်ရယ်” သည် အကြောင်းအရာပေါ်မူတည်၍ မရိုးသားခြင်းထက် အဓိပ္ပာယ်အလွှာများကို ပေးဆောင်သည်။

သားသတ်လွတ်သမ ဝတ္ထုကဲ့သို့ပင်၊ ဟန်ကန်၏ အဖြူရောင်စာအုပ်သည် ကဗျာရေးသူအဖြစ် သူမ၏ လိုက်လျောညီထွေရှိပြီး စိတ်ကူးစိတ်သန်းများကို ပြသသည့် အလွှာများနှင့် အနက်အဓိပ္ပာယ်များဖြင့် ပျော့ပျောင်းသောလက်ရာကို ထပ်မံပေးသည်ဟု ဆိုရမည်။

သူမသည် စာပေဆိုင်ရာ Nobel Prize (2024 ) ကို ရရှိထားသူတယောက်လည်းဖြစ်သည်။

ကျွန်တော်က Granta Books စာအုပ်တိုက် ၂၀၂၄ ခုနှစ်မှထုတ် သည့် မူကို ဘာသာပြန်ဆိုပါသည်။

ဘဘဝ