The Government Lake ကောင်းကင်သည်ယုန်ကဲ့သို့လဲပြိုကျသွားသည်

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား 

ကောင်းကင်သည်ယုန်ကဲ့သို့လဲပြိုကျသွားသည်


အိုလီဗာသည်ပုလင်းထဲမှနို့ကဲ့သို့သူ့ထိုင်ခုံ၌ထိုင်တော်မူ၏ ။မဟုတ်ပါ။အဲလိုထိုင်နေတာမဟုတ်ဘူး။အိုလီဗာသည် ရွှံ့နွံထဲမှတုတ်ချောင်းကဲ့သို့( လှုပ်ရှားချင်စိတ်မဲ့နေသကဲ့သို့)ထိုင်ခုံ၌ထိုင်တော်မူ၏။ဒီလိုထိုင်တာလည်းမဟုတ်ဘူး။အိုလီဗာသည်ပါးစပ်ထဲမှလေကဲ့သို့သူ့ထိုင်ခုံ၌ထိုင်တော်မူ၏ ။မဟုတ်ပြန်ပါ။အိုလီဗာသည်အသားညှပ်ပေါင်မုန့်မှအသားစထောင်ကျသကဲ့သို့သူ၏ထိုင်ခုံတွင်ထိုင်တော်မူ၏။ဟင့်အင်။အိုလီဗာသည်မြင်းပေါ်မှမြင်းစီးဂျော်ကီကဲ့သို့သူ့ထိုင်ခုံ၌ထိုင်တော်မူ၏ ။ တကယ်မတူပါဘူး။အိုလီဗာသည်ရွှံ့အိုးပေါက်ထဲမှလူတစ်ယောက်ကဲ့သို့သူ့ထိုင်ခုံ၌ထိုင်တော်မူ၏ ။အိုလီဗာသည်နှင်းဆီဖူးပေါ်မှာရှိနေတဲ့မှင်စာကဲ့သို့သူ့ထိုင်ခုံ၌ထိုင်တော်မူ၏ ။အဲသည်လိုထိုင်နေသည်ဆိုတာဖြစ်နိုင်သည်လို့ကျနော်ထင်မိသည်။သူစောင်းလှည့်လိုက်ပြီးသူ၏ခဲတံကိုကောက်ယူခဲ့သည်။ပြီးနောက်သူသည်စပြီးစာရေးခဲ့သည်။စက္ကူအပြည့်စက်ဝိုင်းကြီးရေးဆွဲခဲ့ရာ၊စက်ဝိုင်းလေးတွေသေး၊သေးသေးဆွဲနေရာမှအစက်ကလေးတစက်ချသည်အထိရေးခဲ့သည်။ကုလားထိုင်ပေါ်က သူပြုတ်ကျလုနီးပါးတမျှအစက်ကလေးအပေါ်အချိန်ကြာကြာစူးစိုက်ပြီးသူကြည့်နေခဲ့သည်။ဤသို့ကြည့်နေခြင်းကိစ္စသည် လွန်စာမှားယွင်းကြောင်းသိလိုက်ပြီး မကြည့်တော့ဟုသူဆုံးဖြတ်ချက်ချခဲ့သည်။ရေးပြီးသားစာရွက်ကို လုံးချေ လိုက်သည်နောက်စက္ကူလိပ်ကိုအမှိုက်ပုံးထဲလွှင့်ပြစ်ခဲ့သည်။တကယ်တော့ သူသည်ဘတ်စ်ကက်ဘောဂိုးရခဲ့သည်ကိုလွမ်းတမ်းတနေခဲ့သည်။ အိုကောင်းပြီ ။ဘတ်စ်ကက်ဘောမှာသူသည်အရမ်းထူးချွန်သူမဖြစ်ခဲ့ဘူးပါ။သူသည်အထက်တန်းကျောင်းသားဘဝမှာ အသင်းဖွဲ့ရန်ပျက်ကွက်ခဲ့သည် ။သူတံခါးအပြင်ဘက်မျော်ကြည့်ခဲ့ရာနှင်းများကျသည်ကိုငေးနေသည်။ တကယ်တော့ဒါသည်နာရီပေါင်းများစွာကြာနှင်းများကြနေခဲ့ပြီးဖြစ်သည်။ ထိုးခွဲသောသူမရှိ၊ လမ်းများနှင့်သူ့ခြံလမ်းတွင်ခြေထောက်နစ်မြုပ်လောက်သည်ထိနှင်းထုများမြင်နေခဲ့ရသည်။ အိုလီဗာလေဖြတ်သလိုခံစားရသည်နောက်ဘယ်ကိုမျှလှုပ်လို့မရတော့။ယုံတစ်ကောင်သည်သူ၏ခေါင်းပေါ်မှာခုန်တက်လိုက်သည်နောက်ဘက်( Beth ) သည်သူ့အခန်းအတွင်းဝင်လာသည်။”ဘာလုပ်နေတာလဲ” လိုသူမမေးလိုက်သည်။” ကျနော်ထိုင်ရုံ ဘဲ”ရှိသေးလို့အိုလီဗာဖြေခဲ့သည်။”ထိုင်ရုံဘဲဆိုတာဘာပြောတာလဲ”လို့သူမမေးငေါ့သည်။”ကျနော်လုပ်နေတာကျနော်ထိုင်တာပြောတာ”ဘဲ။” ကျနော်ထိုင်ရုံဆိုတာမျိုးဘယ်သူဆီကမှမကြားခဲ့ရဘူး”””ကြယ်ကြွေတာကြည့်နေတာမျိုး သို့မဟုတ် လမ်းပေါ်ကအမှိုက်သိမ်းကားကိုကြည့်နေတာမျိုး၊မြွေပွေးကိုထုရိုက်နေတာမျိုးတခုခုကို ရှင်လုပ်နေရမှာလေ။ “ကျမဆိုလိုတာကရှင်မျက်နှာမှာဘာဆိုဘာမျှလုပ်နေတာမရှိလို့” လို့သူမပြောသည်။” တကယ်မဟုတ်ဘူး “ လို့ သူပြန်ပြောခဲ့သည်။ ကောင်းပြီရှင်သေတာဖြစ်လိမ့်မယ်၊ ရှင်သေပြီဆိုတာ စဉ်းစားခဲ့သလား”သူမအမေးကို “ကျနော် မသေသေးပါဘူး”လို့ပြန်ဖြေလိုက်သည်။” ဒီကုလားထိုင်ပေါ်ကရှင်ထနိုင်မလား” လို့သူမမေးလိုက်သည်။” ကျနော်မသိဘူး ။ကျနော်ဒီမှာထိုင်ရတာကြိုက်နှစ်သက်ပုံရသည်”ဟု ပြန်ပြောလိုက်သည်။”ရှင်လုပ်နေတာတွေရှင်ကိုယ်ရှင်ကြိုက်ဟန်မတူပါဘူး”စိတ်မချမ်းမြေ့စရာလူတယောက်အဖြစ်မျိုးကရှင်ပါ”လို့သူမပြောသည်။”ဒီယုန်သူငယ်အခန်းထဲဘယ်လိုရောက်လာသလဲဆိုတာကျနော်သဘောပေါက်နားလည်ချင်နေတာပါလို့”ပြန်ပြောခဲ့သည်။”ဘာယုန်လဲ” “ဘာယုန်မှမတွေ့ပါဘူး”လို့သူမပြောသည်။”လွန်ခဲ့တဲ့မိနစ်အနည်းကယုန်တစ်ကောင်ကျနော့ခေါင်းပေါ်ခုန်တက်ခဲ့သည်””ကျမရှင့်ကိုမယုံဘူး။ရှင်တော့ရူးသွားပြီ”လို့သူမပြောခဲ့သည်။” မဟုတ်ဘူး။”ကျနော် တကယ်ပြောနေတာ၊ အမှန်တွေပါ” “တစ်နေရာတည်းမှာကြာကြာထိုင်ခြင်းသည်ရှင့်ကိုစိတ်အာရုံချောက်ခြားစေတာ၊ဒါဟာသက်သေပြတဲ့အချက်ပဲ “ လို့ သူမပြောသည်။ “အဲဒီအကြောင်းယုန်ကိုမေးပါ “လို့ အိုလီဗာကပြောလိုက်ရာ”ယုန်မှမရှိတာ”ဘက်-ဖြေသည်။” အိုလီဗာလည်းမရှိ၊ ဘက်လည်းရှိမနေကြတာပါ”လို့ပြောလိုက်ချိန်တွင် “အခုရှင်ဟာသမုတိသစ္စာ( metaphysical )ရနေပြီလို့ကျမကိုပြောနေတာ”လားသူမဆိုသည်။”ကျနော်အဲဒါကိုကြိုက်နေပြီ။ ကျနော်ပင်လည်းပင်ပန်းနေပါပြီ”လို့ပြောနေချိန်” ထပါတော့ကောင်းကင်ပြိုကျလာပြီ”လို့သူမကပြောခဲ့သည်။”ဒါကောင်ကင်မဟုတ်ရပါဘူး။ကျနော်တခါသိခဲ့တဲ့ယုန်လေးပါ”လို့အိုလီဗာဖြေခဲ့သည်။

ဘဘဝ
” The Sky Is Falling like Bunnies From the Government Lake ” by James Tate