ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား
ဂါလဲလီအိုင်တွင်ငါးဖမ်းခြင်း
ငါ့ အလုပ်စားပွဲမှာ အလုပ်လုပ်နေတုန်း ကြွက်တစ်ကောင် ငါ့စားပွဲပေါ်တက်လာတာတွေ့တယ်။ ငါကြောက်တာပေါ့။ ဒါပေမယ့် ငါပြန်တွယ်ဖို့အဆင်သင့်ဘဲ။ မှတ်စုစာအုပ်နဲ့ကောက်ပစ်တာတောင် ဘာမထီလုပ်နေသဗျ။ ဒါနဲ့ငါခဲတံကိုဆုပ်ပြီး သူ့ကိုထိုးတယ်။ ဘေးကို တစ်ပေလောက် ခုန်လိုက်တော့ လွတ်သွားတယ်။ ဒီလို ကစားနေတဲ့ ပွဲကို သူကြိုက်ေနပုံဘဲ။ ဒါကြောင့်မယ်မယ်ရရအကြောင်းပြချက်မရှိဘဲ ငါ့စားပွဲခုံအောက်မှာထားတဲ့ ပြည်တွင်းစစ်တုန်းက ဓားမြှောင်ကိုသတိရသွားတယ်။ အဲ့ဓားကို ဆွဲထုတ်ပြီး သူရပ်တဲ့နေရာကို ဓါးမြှောင်နှင့်ပိုင်းတယ်။ ရှေ့ကိုသူခုန်ထွက်သွားတယ်။ လွဲတယ်။ ငါနောက်ထပ်လွှဲ၊လွှဲ ခုတ်တယ်။ ကံမကောင်းဘူး။ သူဌေးကို ငါခေါ်လိုက်တယ်။ သူက အေ 45 ဆွဲလာပြီး ငါ့ရုံးခန်းထဲ ၀င်လာတယ်။ စားပွဲပေါ်ကကြွက်ကို သူတွေ့တယ်။ တည့်တည့်ချိန်လိုက်တယ်။ ဒီသတ္တဝါကိုစကြာ်၀ဠာကနေ အပြတ်ရှင်းပြစ်လိုက်တယ်။ အဲ့လိုတော့ အတိအကျ မဟုတ်ဘူးပေါ့လေ။ သူစားပွဲပေါ်ကလွင့်ပြီး နံရံနဲ့ရိုက်ကာ ကြမ်းပြင်ပေါ် လျှောကျသွားတယ်။ ရုံးခန်းကမထွက်ခင်သူဌေးက “သန့်ရှင်းရေးလုပ်လိုက်အုံးလို့” ပြောတယ်။ ဒါနဲ့ သူခိုင်းတဲ့အတိုင်းလုပ်ဖို့ပြင်တယ်။ ကြမ်းခင်းကို လှည်းလိုက်တယ်။ ပြီးတော့ရေစိုအဝတ်နဲ့ စားပွဲကိုသုတ်တယ်။ နံရံက အပေါက်အတွက်တော့သိပ်လုပ်စရာမရှိ။
အားလုံးသန့်ရှင်းပြီးတဲ့နောက် အလုပ်လုပ်ဖို့ ငါ စားပွဲမှာပြန်ထိုင်တယ်။ စိတ်ထဲ သေးသေးလုံးလုံးတောက်တောက်ပပ ကြွက်မျက်လုံးလေးတွေပဲ မြင်နေတယ်။ ဒါနဲ့ မှန်တယ်လို့ မထင်ပေမယ့်လည်း လာမယ့်နှစ် ထုတ်လုပ်မှုပြဇယားတွေဘက်ကို လှမ်းကြည့်တယ်။ ဒသမကိန်းတွေနဲ့ ပတ်သက်လို့ ထင်သလိုလုပ်ထားပုံရပြီး၊ မှားနေတယ်။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီမှာပဲ ရပ်မနေဖူး။ ကိုးကားတွေ၊ကတ်တလောက်တွေနဲ့ ရှာဖွေတိုက်စစ်တယ်။ မော့ကြည့်လိုက်တော့ ကြွက်တစ်ကောင် ငါ့ကိုစိုက်ကြည့်နေတယ်။ သူဌေးကိုခေါ်လိုက်တယ်။ သူ့ပစ္စတို ဆွဲလာတယ်။ “သူ့ကိုသတ်” လို့ ငါပြောတယ်။ သူချိန်ပြီး ပစ်တယ်။ ငါ တံမြက်စည်းနဲ့ဂေါ်ပြားယူပြီး ကျုံးလိုက်တယ်။ ပြီးသွားတော့ ငါထိုင်ခုံမှာပြန်ထိုင်ပြီး တစ်ရေးအိပ်တယ်။ ပြန်နိုးလာတဲ့အခါလုပ်ဖော်ကိုင်ဖက်တစ်ယောက် ကျွန်တော့်တံခါး၀မှာ ရပ်နေတယ်။ “ဟင်နရီရေ- ငါဘာကူညီပေးရမလဲ” လို့ ငါမေးတယ်။” ခဲတံချွန်စက်ရှိရင် ငှါးချင်တယ်ကွာ” လို့ သူပြောတယ်။ “ရှိရမှာပေါ့ကွ။ နေအုံး၊ ရှာလိုက်အုံးမယ်” လို့ ငါပြောတယ်။ ငါအံဆွဲ ဖွင့်လိုက်တော့ခဲတံချွန်စက်က အထဲမှာ အဆင်သင့်။ “ရော့ ဒီမှာဟင်နရီ။ မ-သာသွားတော့”။”ကျေးဇူးတင်တယ်၊ မက်ရေ” လို့ သူကပြောတယ်။ ရုံးခန်းထဲ ရှိသမျှအရာအားလုံး ရှင်းသန့်ပြီး ရိုးရိုးလေးဖြစ်နေတာကို ငါသိပ်သဘောကျတယ်။ ငါ့စားပွဲဘက် ပြန်လှည့်ကြည့်မိတယ်။ ယေရှုပေါက်စ က ငါ့ဆီကိုလာနေတယ်။ ငါ စက္ကူချုပ်စက်ကို ကောက်ကိုင်လိုက်တယ်။







