The Government Lake စုံတွဲ

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

စုံတွဲ


ဝေါနပ်လမ်းဘယ်မှာရှိတယ်ဆိုတာကျွန်တော်ဘယ်လိုသိရမလဲ။ကျွန်တော် နေတဲ့မြို့လောက်သာကျွန်တော်သိခဲ့တာပါ။နေရာအနှံ့လိုက်ရှာရလို့နှစ်နာရီလောက်ကြာအောင်ကားမောင်းခဲ့တယ်။ နောက်ဆုံးမှာကျွန်တော် လမ်းကိုတွေ့ပြီ။။ယခုဝေါနပ်လမ်းရှိ ၃၄၇ ရှာတွေ့ဖို့လိုနေသေးတယ်။လမ်းကိုအစုံအဆန်မောင်းတယ်။၃၄၇ ကိုမတွေ့သေး။လမ်းပေါ်စာပို့သမားဆီရပ်တယ်။လွန်ခဲ့တဲ့နှစ်များက ၃၄၇ ကို ဖြိုချ လိုက်ကြတယ်လို့ စာပို့သမားက ကျွန်တော့်ကိုပြောပြတယ်။ ဒါနဲ့ Teddy’s လို့ခေါ်တဲ့ လမ်းမကြီးပေါ်ရှိဘားဆိုင်မှာကျွန်တော်ရပ်လိုက်တယ်။ ဇေဗျာဘတ် လို့ခေါ်တဲ့ယောက်ျားတစ်ယောက်ကိုသိသလားလို့စားပွဲထိုးကောင်လေးကိုကျွန်တော်မေးခဲ့တယ်။ သူသိတယ်လို့ ပြောတယ်။ပန်းကန်ခွက်ယောက်တွေဆေးကြောပြီးတာနဲ့တစ်နာရီလောက်သူရောက်လိမ့်မည်။ သတင်းပေးဖေါ်ရတဲ့အတွက်သူ့ကိုကျေးဇူးတင်ကြောင်းကျွန်တော်ပြောခဲ့တယ်။ကျွန်တော်လည်းသောက်ဖို့မှာထားတာစောင့်နေလိုက်တယ်။သူ ရောက်လာတယ်။ အရပ်ရှည်တယ်။ဆံပင်ရှည်တယ်။မုတ်ဆိတ်မွေးနဲ့လူ။ ဇီဗျာ။ကျွန်တော်ခင်ဗျားရဲ့ညီ ကင်ပါ ဗျာ။ အကို ညီ့ကို မှတ်မိလား။ဟာ- ကင်၊ မင်းကိုမှတ်မိတာပေါ့ကွာ။ သိပ် မှတ်မိတာပေါ့လို့ကျွန်တော်ပြောတယ်။ ဟုတ်ပါ့အကိုရာ။ မတွေ့ရတာကြာပေါ့ လို့ သူက ပြန်ပြောတယ်။သူတို့ တို့ကို ခွဲလိုက် ကြတုံးက ကလေးလေးတွေပဲရှိသေးတာပါ။ ခု ဘယ်လောက်တောင်ကြာပြီလဲလို့ ကျွန်တော်က ပြောတယ်။မင်းဘာဖြစ်နေလဲလို့ငါအမြဲတမ်းတွေးမိတယ်။ မင်းအဲဒီအချိန်တုန်းကအကောင်းဆုံးသူငယ်ချင်းပါ။ ကျွန်တော်ကိုဘယ်လိုရှာခဲ့လဲလို့သူကိုမေးတယ်။ ပြောပြတာပေါ့ကွာ။ ရှာရတာ လွယ်မှတ်လို့။နှစ်ပေါင်းများစွာရှာရတယ်လို့ ကျွန်တော်ပြောခဲ့တာပါ။ဒါနဲ့ လောလောဆယ်တော့အလုပ်သွားရအုံးမယ် ။ ကျွန်တော့်အခန်းသွားပြီး အနားမယူချင်ဖူးလား။ အခန်းက ဟိုထောင့်နားလေးမှာရှိတယ်လို့ သူပြောတယ်။ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် နာရီအတော်ကြာကားပေါ်မှာ ရှိခဲ့တယ်လို့ ကျွန်တော်ပြောပြလိုက်တယ်။”အလုပ်ပြီးရင် တွေ့ကြမယ်လေ” “အဆင်ပြေလား” ဟုသူကပြောတယ်။ဟာ သိပ်ကောင်းတဲ့အစီအစဉ်ပါ။ဒါဆို တွေ့ကြမယ်လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ကျွန်တော့် သူ့အခန်းသော့ကို ယူတယ် အခန်းရှိရာကိုခြေဦးလှည့်ခဲ့တယ်။ အခန်းကသေးသွယ်တယ်။ကျဉ်းတဲ့တိုက်ခန်းဖြစ်သော်လည်းမြို့ကိုလှလှပပကြည့်လို့ရတယ်။အိပ်ရာပေါ်မှာလှည်းတယ်။အိပ်ပျော်သွားတယ်။ နိုးလာတော့သူလာရပ်နေတယ်။မင်းသိပ်ပင်းလွန်းမှာဘဲလို့ သူပြောတော့ ၊”ပင်ပန်းတယ်ထင်တာပဲ” လို့ကျွန်တော်ပြန်ပြောပြပါတယ်။ မင်းအတွက်စားစရာတစ်ခုခုကိုငါပြင်လိုက်ဦးမယ်လို့ သူပြောတော့ “ ဟန်ကျတာပေါ့ဗျာလို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ အဲဒီမတော်တဆမှုမှာငါတို့မိသားစုအသတ်ခံရပြီးတရားရုံးကငါတို့ကိုခွဲလိုက်တဲ့အကြောင်းပြောပြပါလား။မင်းဘာဖြစ်ခဲ့လဲဆိုတာကျွန်တော်ဘာမှကိုမသိဘူး “လို့ သူပြန်ပြောပြတယ်။

ကောင်းပြီ၊ ငါ့မိဘတွေတော်တော်လေးပြည့်စုံတယ်။ ချမ်းသာတယ်ပေါ့။ ငါ့ကိုကောင်းတဲ့ကျောင်းတွေမှာထားတယ်။ကောလိပ်ဆက်ပို့တယ်။တကယ့်ကို လိုလေးသေးမရှိရလောက်အောင်လို့ ကျွန်တော်ပြောပြတယ်။” မင်းအကြောင်းပြောပါအုံး” အား-ငါ့အဖေကငါ့ကို အမြဲတမ်းရိုက်တယ်။ ငါ ၁၅ နှစ်အရွယ်မှာထွက်ပြေးခဲ့တယ်။ အဲကတည်းက သူကို မတွေ့ရတော့ဖူး”လို့ သူပြောတော့ငါတို့ ညီရင်းအကိုတွေဘဲလို့ ကျွန်တော်ပြောတယ်။ ဘာပြောတာလဲတဲ့ သူကမေးတယ်။ဘာမှမဟုတ်ပါဖူး။ အဖြစ်အပျက် တွေကတူလိုက်တာလို့” ကျွန်တော်ကပြောလိုက်တယ်။” ဘာလဲ” ဟုသူကပြော တယ်။အိပ်မွေ့ယာမတူတာပါ” လို့ ကျွန်တော်ပြောတော့ဘာ”မွေ့ယာလဲ” လို့သူက မေးတယ်။ဒါ အရမ်းဆန်းကြယ်တယ်လို့ကျွန်တော်ကပြန်ပြောလိုက်တယ်။

ဘဘဝ
“A Pea in a pod From the Government Lake “ by James Tate