ဆွေးပေါ့
မင်းသွားလို့ရတဲ့ နေရာက ဒီနေရာပေါ့၊ နေထွက်တာ၊ နေဝင်တာမရှိတဲ့ အခြားတစ်နိုင်ငံ၊ အိပ်မက်တွေ၊ စီးကရက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေမရှိဘူး။ လူတချို့လောက်ပဲ အဲ့ဒီနေရာကိုလာလို့ရပြီး ခင်ဗျားဆီရောက်နိုင်မယ်။ ခင်ဗျားကို ပြန်ခေါ်လို့ရနိုင်မယ်လို့ သူတို့က မျှော်လင့်ကြတယ်၊ တကယ်တော့လည်း မသိရှာကြတာ။ မဟုတ်ရင်လည်း ခင်ဗျားဆီကို ဘယ်တော့မှ လာလည်လို့မရနိုင်တော့ဘူးလို့ ထင်ကြတယ်။ အနည်းဆုံးတော့ အဲ့ဒီနေရာကိုပေါ့။ ဘယ်သူကမှ ခင်ဗျားကို အဲ့ဒီလို မတွေ့ချင်မမြင်ချင်ကြဘူး။

ခင်ဗျား ဇာတ်ကြောင်းပြောတာကို လက်လွှတ်ဖို့လုပ်တဲ့အခါ တစ်ညတည်းမှာပဲ နှစ်တစ်ရာလောက် အိုမင်းသွားတာ၊ နှလုံးသားမရှိတဲ့ ဒီဇာတ်လမ်း၊ အခန်းလွတ်တွေအပြည့်ရှိတဲ့ အိမ်၊ တင်းတင်းကျပ်ကျပ်ပိတ်ထားတဲ့ ပြတင်းပေါက်တွေ၊ သံပုရာနံ့ရတဲ့ ဖုန်ရှင်းပစ္စည်းနဲ့ အထီးကျန်မှု၊ ခင်ဗျား ဘယ်တော့မှ သဘောမကျခဲ့ တင်းတိတ်နဲ့မိန်းကလေး၊ ခင်ဗျား ဆုံးရှုံးခဲ့ရတဲ့သူနဲ့ အနီးကပ်လာသူ ဘယ်သူမဆို အကြောင်းတွေ ခင်ဗျား သူတို့ကို ပြောပြမှာမဟုတ်ဘူး။
အဲ့ဒီနောက်မှာ ခင်ဗျား စိတ်ဝိဉာဉ်က မတက်ချင်တက်ချင်နဲ့ တက်သွားတဲ့ ပူဖောင်းတစ်လုံးလို မြင့်တက်သွားပြီး အပေါ်ကိုရောက်လေ သူ့မီးခိုးရောင်ခေါင်းကို ခါနေလေပေါ့။ ရက်သတ္တပတ်ပေါင်းများစွာအကြာပဲ သူက ခင်ဗျားဆီကိုမရောက်နိုင်၊ ခင်ဗျားကလည်း သူ့ဆီမရောက်နိုင်။ ဒါပေမဲ့ သူက ခင်ဗျားအတွက် မျှော်လင့်ချက်၊ သီချင်းတစ်ပုဒ်၊ ကလေးဘဝတုန်းက ခင်ဗျား ဘေးမှာချပြီး အိပ်စက်ခဲ့ပြီး နောက်ပိုင်းမှာ မျက်လုံးတွေကို ကော်ထုတ်ပစ်ခဲ့တဲ့ အရုပ်လေးတစ်ရုပ်နဲ့ပတ်သက်တဲ့ အောက်မေ့စရာတွေ မျှော်လင့်ပေးခဲ့ပါတယ်။ ပြီးတော့ အရုပ်ရဲ့ မျက်နှာကို နူးညံ့ပြီး ချောမွတ်နေတဲ့ ခေါင်းအုံးအဖြစ်အသုံးပြုခဲ့တာရောပေါ့။
ဘဘဝ
The Blues by Nin Andrews







