Attention, Everyone

English

1. Attention, Everyone

Gloom is the enemy, even to the end. The parodies of self- knowledge were embossed by Gloom inside our eyelids, and the abrasion makes us weep, for no reason, like a new bride disconsolate in the nightgown she had sewn so carefully. The dog comes back from the fields, lumpy with burrs. I put down my pen and pull them out; it is a care I have taught him to expect. I’ve always said it would be difficult.

I’m declaring a new regime. Its flag is woven loam. Its motto is: Love is worth even its own disasters. Its totem is the worm. We eat our way through grief and make it richer. We don’t blunt ourselves against stones-their borders go all the way through. We go around them. In my new regime Gloom dances by itself, like a sad poet.

Also I will be sending out some letters: Dear Friends, Please come to the party for my new life. The dog will meet you at the road, barking, running stiff-legged circles. Pluck one of his burrs and follow him here. I’ve got lots of good wine, I’m in love, my new poems are better than my old poems. It’s been too long since we started over.
The new regime will start when you lift your eyes from this page.
Here it comes.

William Matthews

2. Valediction to the Reader Completing a Book of Poems

Good. You’re finished. Sober with poetry, somber with reflection, make a new start of it, schooled by the images of men wandering without direction, the bell tower that houses orphans during the war, the road through the forest where light languishes on a dead leaf.

Walk out into the street with your hat in your hand. Walk out onto the promenade and greet the flower seller, the girl in the blue dress dotted with clouds, as you turn down the road to the Harbor Bridge.

Remember, all that is will pass. That the way is clear. That the moment when epiphany will transform this doorway into a sleeping beetle, this cafĂŠ into the carcass of the emperor’s horse, is approaching. Remember, you are never and always alone.

Steve Wilson

3. VERTIGO (OR A LETTER TO THE MAN I ALMOST MARRIED)

Dear C-
belated, a little more than 10 years
(I’ve heard women in love default to flattery; after love, allegory.)

Here in the future I find I have not much to say to you. It is as if all the while I was loving you, or calling it love, or wanting so much to believe, I was climbing a ladder toward an attic window-rung by rung-the worry of unfulfilled obligation guiding me fist over fist. And what is love if not, at least in part, obligation?

So I kept climbing, despite the rattling & the wind, despite the fact that some- times you were not even watching or sending down words of encouragement or cups lassoed in rope of water. And at the top when at last I reached it-the ledge, the sill, the Utmost-I made a turn & saw for the first time in aerial dimension the distance I had grown-the devastation possible at such great height.

Then, hand was stretching out to me, but I didn’t want to go in. I your could see clearly how the pickets of the gray fences were really spears, & the oak trees, despite their majesty, suffered at the spine, & I remembered some- thing Roosevelt said about fear during the Great Depression & how his wife had urged the embracing of it, not the turning away.
So which did I fear more-loving or not-to be certain & dissatisfied or uncertain & (perhaps) equally so?
And besides all that, white is not my best color. I like something blue or violet maybe-a gentle, fierce, & sordid purity, which is saying something,coming from me.
I could not permit hesitance. I could not afford brevity or lace.
There in the window your face, the chestnut-brown of your boyish curls,
& your thick man-hand, which I had intended, after all, to exonerate. At that moment, I wanted nothing so much as to leave you, never to see you again. To forget what I had (mistakenly) promised.
It was not malice: of this I am certain. It was simply desperation in an unrealized form:
Desperate, at first, to reach Desperate, at last, to fall you. away.
My Apology, (without regret)

Julie Marie Wade

Ref : 4.. Julie Marie Wade’s Postage Due
5. An Introduction to Prose Poem edited by Brain Clements & Jamey Dunham

Myanmar

လိပ်မူတတ်ကဗျာများ/ပေးစာကဗျာများ
___________

လိပ်မူတတ်ကဗျာများထဲတွင်၊ ပေးစာပုံစံ/ဟန်ကဗျာသည် အသုံးအများဆုံးဖြစ်ပြီး လူသိအများဆုံးလည်းဖြစ်သည်။သို့သော် စကားပြေကဗျာဆရာများသည် ထိုပေးစာဟန်ကို စံပြကဗျာများအဖြစ် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောချက်အမျိုးမျိုးကို ရှာဖွေလေ့ရှိကြပြီး အများသူငှာ လိပ်စာကြေငြာခြင်းကဲ့သို့သော လိပ်မူတတ်ပုံစံများဖြင့် အသုံးပြုကြသည်။ အောင်မြင်လည်းအောင်မြင်ကြသည်။

စကားပြေကဗျာတစ်ပုဒ်ကို ပေးစာဟန် အဖြစ်သတ်မှတ်ရန် စံသတ်မှတ်ချက်များနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားရန် အဓိကအချက်အချို့ရှိပါသည်။

1. ပေးစာပုံစံ- ကဗျာကို သီးခြားလက်ခံသူထံ လိပ်မူကာ သို့မဟုတ် အထွေထွေစာပေးစာယူအဖြစ် ရေးသားကြသည်။

2. ဇာတ်ပြောပုံစံ-ကဗျာကိုလက်ခံသူအား တိုက်ရိုက်ပြောနေသကဲ့သို့ ကဗျာဆရာ၏အလွတ်သဘောလေသံပါရှိသည်။ ရင်းနှီးမှုနှင့် ကိုယ်ရေးကိုယ်တာချိတ်ဆက်မှုကို ဖန်တီးရေးသားကြသည်။

3. ကိုယ်ရေးကိုယ်တာအကြောင်းအရာပုံစံ-အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာအတွေ့အကြုံများ၊ အတွေးများ၊ စိတ်ခံစားမှုများ သို့မဟုတ် ရောင်ပြန်ဟပ်မှုများ၊ စာတစ်စောင်ကဲ့သို့ပင် ရှိနေသည်။ ချစ်ခြင်းမေတ္တာနှင့် ဆုံးရှုံးမှုမှ လူမှုရေးဝေဖန်ချက် သို့မဟုတ် ဒဿနိကမှသည် တေးဂီတအထိ အကြောင်းအရာများစွာကို စူးစမ်းဖေါ်ထုတ်ရေးသားကြသည်။

4. ပေါင်းစပ်ပုံစံ- နှုတ်ခွန်းဆက်အဖွင့်စကား၊ အခမ်းအနား ပိတ်သိမ်းခြင်း၊ အမှတ်တရရက်စွဲများ သို့မဟုတ် အောင့်မေ့ဖွယ်အဖြစ်အပျက်များကဲ့သို့သော စာများတွင် တွေ့ရလေ့ရှိသည့်အတိုအထွာများကို ပေါင်းစပ်ရေးခြင်းသည် ပေးစာကဗျာသဘောသဘာဝကို ပိုမိုတိုးတက်စေအောင်ရေးသားကြသည်။

ဤစံနှုန်းများသည် အခြားသောကဗျာပုံစံများနှင့် ပေးစာ (epistolary ) ကဗျာများကို ခွဲခြားသိမြင်စေပြီး ၎င်းတို့၏ထူးခြားသောသဘောသဘာဝကို စကားပြေနှင့် ပိုဒ်ခွဲများပေါင်းစပ်ထားသည့်အတိုင်းပေါ်လွင်စေသည်။
အောက်ပါကဗျာဆရာများ၏ကဗျာများသည်
အထူးနာမည်ကြီးသည်။

1. အလီဇ်ဘင်ဘစ်ရှပ်”N.Y သို့ ပေးစာ”တွင် သည် သူမ၏ မတူတဲ့ထင်မြင်ချက်နဲ့ သူ့မြို့အပေါ်စိတ်ခံစားချက်များကို ဖော်ပြကာ နယူးယောက်သို့ လိမ်မူစာတစ်စောင်ရေးခဲ့သည်။

2. “အမလီဒစ်ကင်ဆင်မှ ဆူဆန်ဂိဘတ်ဒစ်ကင်ဆင်သို့ပေးစာ”များတွင်
အမလီဒစ်ကင်ဆင်နှင့်သူမ၏ခယ်မ ဆူဆန်ဂိဘတ်ဒစ်ကင်ဆင်တို့ကြား အပြန်အလှန်ဖလှယ်ထားသော စာစုများတွင် အင်မလီဒစ်ကင်ဆင်၏ဘဝနှင့် ဘာသာရပ်အမျိုးမျိုးအတွက် သူမ၏အတွေးအမြင်များကို ဖေါ်ထုတ်သည်။

3. မာယာအန်ဂျလိုးမှ “ငါ့သမီးထံပေးစာ” မှာ အန်ဂျလိုး ၏ကဗျာသည် ဘဝ၏စိန်ခေါ်မှုများကိုရှာဖွေရင်း ဉာဏ်ပညာ၊ အကြံဉာဏ်နှင့် နွေးထွေးတဲ့အားပေးအ​မှုပြုသည်။ပိုင်စိုးဝေ အနွေးဓာတ်လိုနေသည့်အချိန်လိုမျိုးမှာ မာယာအန်ဂျလိုး၏ကဗျာများသည် ထိုအနွေးဓါတ်မျိုးပေးသည်။သူ့သမီးအတွက် နှလုံးသားလှစေသည့် အလှကြွယ်ကြွယ် မင်ရေးချယ်သည်ဟု ညွှန်းကြသည်။

4. လန်းစတန်းဟူးစ် ၏ “အဒေါ်ထံပေးစာ” ကဗျာတွင်၊ ဟူးစ် သည် သူ့အဒေါ်ထံသို့ သရော်စာတစ်စောင်ရေးပြီး ချစ်စရာကောင်းသော လူဖြူအမျိုးသမီးတစ်ဦးနှင့် ရယ်မောဖွယ်တွေ့ဆုံမှုကို ပြန်ပြောင်းပြောပြပါသည်။

5. မာတင်လူသာကင်း ၏ “ဘာမင်ဂမ်အကျဉ်းထောင်မှစာ” – ရိုးရာကဗျာမဟုတ်၊အကျဉ်းကျနေစဉ် ဒေါက်တာကင်းရေးခဲ့သော ပေးစာသည် အာဖရိကတိုက်များရင်ဆိုင်နေရသော မတရားမှုများကို ကိုင်တွယ်ဖြေရှင်းပေးသည့်အတွက် ကဗျာကြောင့်ပန့်ပိုးမှုအားကောင်းပြီး သြဇာကြီးမားသော အရေးအသားတစ်ခုဖြစ်သည်။ အမေရိကန်များနှင့် နိုင်ငံသားအခွင့်အရေးအတွက် ထောက်ခံသူများက အထူးအလေးထား ဖတ်ညွှန်းကဗျာများ လူထုကြားအထူးရေးပန်းစားပျံ့နှံ့ခဲ့သည်။

ပေးစားဟန်ကဗျာများအနက် အနောက်တိုင်းမှ ကဗျာ ( ၃ ) ပုဒ်နှင့် ခြံထွက် ကဗျာ ( ၂ ) ပုဒ်အပြင် လေ့လာသင့်သောကဗျာတချို့ကို ဖေါ်ထုတ်ညွှန်းဆိုခြင်ပါသည်။
ဝီလျှံမက်သျှူး၏ “ အားလုံး- သတိ” ကဗျာ-

အားလုံး- သတိ
ညှိုးငယ်မှုဆိုတာ ရန်သူပဲ၊ အဆုံးစွန်အထိကိုပဲ။ ကိုယ့်ကိုယ်ကိုယ်သိရှိမှုကို သရော်ထားတဲ့ဟာတွေကို ကျွန်တော်တို့ရဲ့ မျက်ခွံတွေထဲမှာ ညှိုးငယ်မှုက ဖောင်းကြွဖြစ်အောင်လုပ်ထားတယ်။ ဒီလိုပွတ်တိုက်စားတာကြောင့် ကျွန်တော်တို့ အကြောင်းအရင်းမရှိဘဲ ငိုရတယ်၊ သူမကိုယ်တိုင် ကျကျနနကြီးကို ချုပ်လုပ်ထားတဲ့ ညဝတ်အင်္ကျီဝတ်ထားပြီး ဖြေမဆည်နိုင်ဖြစ်နေတဲ့ သတို့သမီးသစ်လေးလိုပဲ။ ခွေးက ကွင်းတွေထဲကနေ မြက်သီးတွေနဲ့ငြိလို့ စလုံးစခုဖြစ်ပြီး ပြန်လာတယ်။ ကျွန်တော် ကလောင်တံကို ချပြီး မြက်သီးတွေကို ဆွဲထုတ်ပေးလိုက်တယ်။ ဒီလိုဂရုစိုက်တာမျိုးကို သူသိလာအောင် ကျွန်တော် လေ့ကျင့်ပေးခဲ့တာ။ မလွယ်လှဘူးလို့ ကျွန်တော် အမြဲပြောတတ်တယ်။

အစိုးရသစ်ဖွဲ့လိုက်ပြီလို့ ကျွန်တော် ကြွေးကြော်လိုက်တယ်။ အလံကို နုန်းမြေနဲ့ ချုပ်လုပ်ထားတယ်။ ဆောင်ပုဒ်က အချစ်ဆိုတာ သူကိုယ်တိုင်ဖန်တီးတဲ့ ဘေးဆိုးတွေရှိနေရင်တောင် ထိုက်တန်တယ်၊ သူက ကိုယ်စားပြုအရုပ်က တီကောင်ပဲ၊ ကျွန်တော်တို့ဟာ ဝမ်းနည်းပူဆွေးမှုကို ဖြတ်သန်းပြီး စားသောက်နေထိုင်ရင်း ပူဆွေးမှုကို ပိုမိုအလျှံပယ်ဖြစ်စေတယ်၊ ကျွန်တော်တို့ဟာ ကျောက်တုံးတွေကို ဝင်တိုက်ပြီး မတုံးစေဘူး၊ ကျွန်တော်တို့ နယ်စပ်တွေဟာ အကုန်လုံးကို ဖြတ်သွားတယ်၊ ကျွန်တော်တို့က ပတ်သွားတယ်၊ ကျွန်တော့်အစိုးရသစ်မှာ ညှိုးငယ်မှုက ဝမ်းနည်းနေတဲ့ ကဗျာဆရာလိုပဲ သူ့ဘာသာသူကခုန်တယ်။

ထိုနည်းတူပဲ ကျွန်တော် စာနည်းနည်းပို့ရမယ်၊ အဆွေတော်တို့ရေ ကျွန်တော့်ဘဝသစ်အတွက် ပါတီပွဲကို ကြွခဲ့ကြပါ၊ ခွေးက လမ်းမှာ လာကြိုမယ်၊ ဟောင်လို့၊ ခြေထောက်ခပ်တောင့်တောင့်နဲ့ ဝိုင်းပတ်ပြီး ပြေးမယ်၊ သူ့ကိုယ်မှာကပ်နေတဲ့ မြက်သီးတစ်ခုကို ဆွဲခွာပေးပြီး သူ့နောက်က လိုက်လာခဲ့ပါ၊ ကျွန်တော့်မှာ ဝိုင်ကောင်းကောင်း အတော်များများရှိတယ်၊ ကျွန်တော်က ချစ်စိတ်ဝင်နေတာမို့ ကျွန်တော့် ကဗျာသစ်တွေက ကဗျာဟောင်းတွေထက်တော့ ပိုကောင်းမယ်၊ ကျွန်တော်တို့ အသစ်မစတင်တာကြာပေါ့။
ခင်ဗျား ဒီစာမျက်နှာကနေ မျက်လုံးခွာလိုက်တဲ့အချိန်မှာပဲ အစိုးရသစ်စတင်မယ်။
ကဲ လာပါပြီ။

အပိုဒ်တို ( ၅ ) ပုဒ် ဖြင့် ကဗျာကို ဖွဲ့စည်းထားသည်။ ပထမဆုံးအပိုဒ်တွင် “ ခွေးက ကွင်းတွေထဲကနေ မြက်သီးတွေနဲ့ငြိလို့ စလုံးစခုဖြစ်ပြီး ပြန်လာတယ်။ ကျွန်တော် ကလောင်တံကို ချပြီး မြက်သီးတွေကို ဆွဲထုတ်ပေးလိုက်တယ်။ ဒီလိုဂရုစိုက်တာမျိုးကို သူသိလာအောင် ကျွန်တော် လေ့ကျင့်ပေးခဲ့တာ။ မလွယ်လှဘူးလို့ ကျွန်တော် အမြဲပြောတတ်တယ်။” မြက်သီးတွေနဲ့ညိလာတဲ့ခွေးတကောင်ရဲ့ဖြစ်အင်ကို ဆွဲထုတ်တယ်။ ကိုယ်တိုင်ကိုယ်ကျ ညဝတ်အင်္ကျီချုပ်ဝတ်ထားတဲ့အမျိုးသမီးကို ဥပစာပြတယ်။ ညှိုးငယ်ရခြင်းဟာ ဘယ်ကလာတာဆိုတာ သိစေ၊ လုံလောက်စေတဲ့ အပြတွေ ဖြစ်လာတယ်။ ဒုတိယပိုဒ်၊ တတိယပိုဒ်တွေမှာ အစိုးရသစ်နဲ့ကဗျာဆရာကို ဆက်စပ်ပြတယ်။”ကျွန်တော်တို့ နယ်စပ်တွေဟာ အကုန်လုံးကို ဖြတ်သွားတယ်၊ ကျွန်တော်တို့က ပတ်သွားတယ်၊ ကျွန်တော့်အစိုးရသစ်မှာ ညှိုးငယ်မှုက ဝမ်းနည်းနေတဲ့ ကဗျာဆရာလိုပဲ သူ့ဘာသာသူကခုန်တယ်။” နယ်စပ်တွေကို ပတ်ကြောင်းပြောတယ်။ကဗျာရဲ့ခေါင်းစဉ်အတိုင်း “အားလုံး- သတိ” ဆိုပြီး အများသူငှါ ကို လိမ်မူတတ်ပြီး အပိုဒ်တိုင်းမှာတရင်းတနှီးလေသံ ကို ကြားရတယ်။ “ခင်ဗျား ဒီစာမျက်နှာကနေ မျက်လုံးခွာလိုက်တဲ့အချိန်မှာပဲ အစိုးရသစ်စတင်မယ်။
ကဲ လာပါပြီ။”
ဆိုတဲ့ အဆုံးသတ်ကြောင့် ပေးစာဟန်ကဗျာကို ပိုအသက်ဝင်စေတာဖြစ်သည်။

စတီဝီလ်ဆန်ရဲ့”ကဗျာစာအုပ်တစ်အုပ်ပြီးဆုံးသွားတဲ့ စာဖတ်သူကြီးကို နှုတ်ဆက်စကားဆိုခြင်း”ကဗျာ-

ကောင်းပါ့ဗျာ၊ ခင်ဗျား ဖတ်လို့ပြီးပြီပေါ့၊ ကဗျာနဲ့ အမူးပြေ၊ ပြန်လည်သုံးသပ်တာနဲ့ သုန်မှုန်နေပြီး အသစ်ပြန်စပြန်ရော။ ဦးတည်ရာမရှိဘဲ ခြေဦးတည့်ရာသွားလာနေတဲ့ အမျိုးသားတွေရဲ့ ပုံရိပ်တွေရဲ့ ထိန်းကြောင်းခြင်းခံရ၊ စစ်အတွင်းက မိဘမဲ့တွေကို လက်ခံထားတဲ့ ခေါင်းလောင်းရှိတဲ့ မျှော်စင်၊ ရွက်ကြွေရွက်ခြောက်တွေပေါ် အလင်းကျနေတဲ့ သစ်တောကိုဖြတ်သွားတဲ့ လမ်း။

လက်ထဲမှာ ဦးထုပ်ကိုင်ပြီး လမ်းပေါ်မှာလျှောက်။ ကမ်းခြေကိုစီးမြင်ရတဲ့ လျှောက်လမ်းမှာ သွားလာပြီး ပန်းသည်ကို နှုတ်ဆက်၊ တိမ်ပုံတွေ အကွက်လိုက်ပါနေတဲ့ အပြာရောင်ဝတ်စုံနဲ့ မိန်းကလေး၊ ခင်ဗျား ဆိပ်ကမ်းတံတားကိုဦးတည်တဲ့ လမ်းကိုခင်ဗျား လျှောက်လာစဉ်မှာပေါ့။

ဖြစ်တည်သမျှ အကုန်ပျက်စီးမယ်ဆိုတာ မှတ်ထားဦး။ သည်လိုပေါ့ လမ်းကြောင်းက ရှင်းတယ်။ ဉာဏ်အလင်းပွင့်မှုက သည်တံခါးကို အိပ်ပျော်နေတဲ့ ပိုးတောင်မာအဖြစ် ပြောင်းလဲမယ့်၊ သည်ကဖေးကို ဧကရာဇ်ရဲ့ မြင်းအသေကောင်အဖြစ် ပြောင်းလဲမယ့် အခိုက်အတန့်လေးက ရောက်လာပြီ။ မင်းဟာ အမြဲတမ်းနဲ့ ထာဝရ အထီးကျန်မယ်ဆိုတာ မှတ်ထားဦး။

စတိဝီလ်ဆန်ကဗျာက ၃ ပိုဒ်သာပါသည်၊တိုတောင်းသည်။ “အိပ်ပျော်နေတဲ့ ပိုးတောင်မာအဖြစ် ပြောင်းလဲမယ့်၊ သည်ကဖေးကို ဧကရာဇ်ရဲ့ မြင်းအသေကောင်အဖြစ် ပြောင်းလဲမယ့် အခိုက်အတန့်လေးက ရောက်လာပြီ။ မင်းဟာ အမြဲတမ်းနဲ့ ထာဝရ အထီးကျန်မယ်ဆိုတာ” ကို စာဖတ်သူကြီးတွေ ဖြစ်သည့် အများဆိုင်နာမ် ပုဂ္ဂလ ဓိဌာန်ဘဝရဲ့ အဓိပ္ပါယ်မဲ့မှုကို လိပ်စာဟန်သုံးရေးသားဖေါ်ထုတ်နေသည်မှာ ထင်ရှားနေပြန်သည်။
ပေးစာဟန်အစားအမျိုးမျိုးကို အခြေခံ၍ ကွဲပြားသော လိပ်မူများကိုညွှန်းဆိုသည်။၎င်းတွင် ကျွမ်းဝင်သူအချင်းချင်းတို့၏ပုဂ္ဂိုလ်ရေးစာများ၊ကာဗာစာများ၊ နိုင်ငံရေးစာများ စသည်တို့ကို အခြေခံ၍ ကွဲပြားသော ကဗျာအမျိုးအစားများစွာ ပါဝင်ပါသည်။ စာရေးသူ၊ ကဗျာဆရာနှင့် လိပ်စာပေးသူကြား ဆက်ဆံရေးကို အသုံးပြု၍ စာဖတ်သူကို ထိတွေ့ဆက်ဆံသည်။ ကဗျာသည် စစ်မှန်သောစာပေးစာယူဖြစ်ပုံပေါ်သည် သို့မဟုတ် အနည်းဆုံးအားဖြင့် စာဖတ်သူများကို မယုံကြည်နိုင်လောက်သည့်အခြေအနေတွင် လိုက်လျှောက်ရန် ခွင့်ပြုထားသည်။အရေးတကြီးခံစားချက်နှင့် စာဖတ်သူကိုပင် ယုံကြည်စိတ်ချမှုကို ပေးစွမ်းနိုင်ပြီး၊ ကမ္ဘာကြီးကိုပါတစေ့တစောင်း လှည့်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ၎င်းအရည်အချင်းတွေကို ထိုပေးစာဟန်ကဗျာများမှာ ဖတ်ရှုရသည်။

ပေးစာစကားပြေကဗျာ အမျိုးစားကို နှစ်နှစ်ကားကားရေးတဲ့ ဂျူလီမာရီဝေဆိုသည့်ကဗျာဆရာမရဲ့ကဗျာတပုဒ်တွင် ချစ်ကျွမ်းဝင်သူတယောက်ရဲ့ ပေးစာအမျိုးအစားဆိုသည်ကို ထင်ရှားစေသည်။

VERTIGO (ဒါမှမဟုတ် ငါလက်ထပ်ခါနီး ယောက်ျားထံ စာတစ်စောင်)
____________________

ချစ်လှစွာသော C-
နောက်ကျသွားတယ်၊ ၁၀ နှစ်ကျော်တယ်။

(အချစ်ခံရသော အမျိုးသမီးများကို ချော့မော့ပြီး ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည်ဟု ကြားဖူးသည်။)

နောင်ဒီမှာ မင်းကိုပြောစရာအများကြီးမရှိတာ ငါတွေ့တယ်။ ငါမင်းကိုချစ်နေချိန် ဒါမှမဟုတ် အချစ်လို့ခေါ်တာ ဒါမှမဟုတ် ယုံချင်စရာကြီးဖြစ်နေသလိုပဲ ငါက ထပ်ခိုးပြူတင်းပေါက်တစ်ခုဆီကို လှေကားထစ်ကိုတက်ပြီး မကျေမနပ်ဖြစ်မှာကို စိုးရိမ်လို့ လက်သီးနဲ့ထိုးပြတယ်။ အနည်းဆုံး တစ်စိတ်တစ်ပိုင်းအားဖြင့် တာဝန်မရှိရင် အချစ်ဆိုတာ ဘာလဲ။

ဒါကြောင့် တခါတရံမှာ မင်းကြည့်တောင် မကြည့်ဘဲ အားပေးစကားတွေ ဒါမှမဟုတ် ရေကြိုးနဲ့ပစ်ထားတဲ့ ခွက်တွေကိုတောင် မကြည့်မိပေမဲ့လည်း တရွေ့ရွေ့နဲ့ လေတွေကြားက ငါ ဆက်တက်ခဲ့တယ်။ နောက်ဆုံးတော့ ထိပ်မှာ အထစ် ၊ ထားလိုက်တော့ ၊ အဆုံးစွန် ၊ ငါ လှည့်ပတ်ပြီး ငါ ကြီးပြင်းလာတဲ့ အကွာအဝေးကို ဝေဟင် ရှုထောင့် မှာ ပထမဆုံးအကြိမ် မြင်လိုက်ရတယ် ၊ ဒီလောက် အမြင့်မှာ ပျက်စီးမှု ဖြစ်နိုင်တယ် ။

နောက်တော့ လက်ကို ဆန့်တန်းထားပေမယ့် မဝင်ချင်ဘူး။ မီးခိုးရောင် ခြံစည်းရိုးတွေက လှံတွေစစ်စစ်ဘယ်လိုဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်တယ်၊ ပြီးတော့ ဝက်သစ်ချပင်တွေက ကြီးကျယ်ခမ်းနားပေမယ့် ကျောရိုးမှာ နာကျင်နေပုံ၊ စီးပွားပျက်ကပ်ကြီးအတွင်း အကြောက်တရားနဲ့ ပတ်သက်ပြီး ရုစဗဲ့ပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ သူ့ဇနီးက ပွေ့ဖက်ဖို့ တိုက်တွန်းခဲ့တာကို သတိရလိုက်တာ၊ လှည့်ထွက်သွားတာ မဟုတ်ပါဘူး။

ဒီတော့ ဘယ်ဟာက ပိုချစ်သည်ဖြစ်စေ မသေချာတာ၊ မကျေနပ်တာ ဒါမှမဟုတ် မသေချာတာတွေနဲ့ ထပ်တူထပ်မျှ (ဖြစ်ကောင်းဖြစ်နိုင်) ဘယ်ဟာကို ငါကြောက်တာလဲ။

ဒါတွေအားလုံးအပြင် အဖြူရောင်ဟာ ငါ့ရဲ့အကောင်းဆုံးအရောင်မဟုတ်ပါဘူး။ အပြာရောင် သို့မဟုတ် ခရမ်းရောင် တစ်ခုခုကို ကြိုက်ပါတယ်- တစ်ခုခုကို ပြောနေတဲ့ နူးညံ့သိမ်မွေ့ပြီး ကြမ်းတမ်းပြီး ဖြူစင်သန့်ရှင်းမှု၊ငါ့ထံမှလာ။
ဆိုင်းငံ့ခြင်းကို ခွင့်မပြုနိုင်ပါ။ အတိုချုံး သို့မဟုတ် အဆင်တန်ဆာကို မတတ်နိုင်ခဲ့ပါ။
အဲဒီ့ ပြတင်းပေါက်မှာ မင်းမျက်နှာ၊ မင်းရဲ့ ကလေးဆန်တဲ့ ကောက်ကြောင်းတွေရဲ့ အညိုရောင်၊
ခွင့်လွှတ်ဖို့ ငါရည်ရွယ်ထားတဲ့ မင်းရဲ့ ထူထဲတဲ့လက်၊ အဲဒီအချိန်မှာ မင်းကို မတွေ့ချင်ဖူး၊ မင်းကို ထားခဲ့ဖို့ မလိုတော့ဘူး။တဖန်။ (လွဲမှားစွာ) ကတိပေးခဲ့တာတွေကို မေ့ပစ်လိုက်ပါ။
ငြီးငွေ့ခြင်းမဟုတ်၊ ငါသေချာတယ်။၎င်းသည် လက်တွေ့မဆန်သောပုံစံဖြင့် ရိုးရှင်းစွာ စိတ်ပျက်အားငယ်ခြင်းဖြစ်တယ်၊ပထမတော့ စိတ်ပျက်အားငယ်၊ စိတ်ဓာတ်ကျဖို့၊ နောက်ဆုံးတော့ မင်းကို စွန့်ခွါဖို့ပါပဲကွာ။
တောင်းပန်ခြင်း (နောင်တမရှိဘဲ)၊

ခြံထွက်ကဗျာတွေဖြစ်သည့်
သန်းတင့်၏ “မာကြောင်းသာကြောင်း”ကဗျာသည် အသိမိတ်ဆွေကို လိပ်မူတတ် တရင်းတနှီးပြောသည်။ သန်းတင့်ရဲ့ဝမ်းနည်သံ၊ အားတင်းသံတို့ကို ကဗျာစကားလုံးများတဆင့် ဖတ်သူကို ရှိန်းရှိန်းဖိန်းဖိန်းဖြစ်အောင်၊ သွေးသားတဖျပ်ဖျပ် တုန်ခါစေရလောက်အောင်ပြောသည်။သန်းတင့်ရဲ့ဟန်သည် ပြေပြေပြစ်ပြစ်ပြောလေ့ရှိသလို လေအေးအေးနဲ့အရောက်နားတော်သွင်းသည်။ ဖွင့်ဆိုချက်တခုနောက်မှာ ဥပစာတခု ထပ် ထပ် ခိုင်းနှိုင်းပြောတတ်သူဖြစ်သည်။ ကြွသည်၊ရွသည်၊လှသည်၊ ဒါသည် သန်းတင့်ဖြစ်သည်။

“မကောင်းဆိုးဝါးကိုကြောက်တဲ့
မကောင်းဆိုးဝါးတကောင် ဆိုကြပါစို့ရဲ့ ။
ဘယ်ကဲ့သို့ ဘယ်ချမ်းသာ
ကျွန်တော့အခြေအနေက နည်းနည်းပဲရူးပြီး
များများအစော်ကားခံနေရတယ်
ဆိုပါတော့ ။
ဘဂျာမင်ဖရန်ကလင်တို့
ကြေးသော့လေးကို စွန်မှာချည်လွှတ်လိုက်သလိုမိုးကြိုးဟာ တည့်တည့်ဘဲ ။” ဆိုတဲ့ အဖွဲ့မျိုးကို သန်းတင့် ပိုင်နိုင်ကျွမ်းကျင်သည်။ ဤကဲ့သို့ သာယာနာပျော်ဖွယ် ဖြစ်အောင် ခင်ဖုန်းသက်ဝေ ကဗျာမှာလည်း လေ့လာရသည်။

မာကြောင်းသာကြောင်း

( ၁ )

အဲဒီညကမှ
ခင်ဗျားဆီကို ပြန်စာရေးဖို့ဖြစ်လာရတယ် ။
နှင်းနံ့ ရမရဆိုတာတော့ ခင်ဗျားအပိုင်းပါပဲ ။
အားလုံးသောဆောင်းဦးပေါက်များထံ
ကျွန်တော်လက်နက်ချပြီးတာ
ကြာလှပါပြီ ။

မကောင်းဆိုးဝါးကိုကြောက်တဲ့
မကောင်းဆိုးဝါးတကောင် ဆိုကြပါစို့ရဲ့ ။
ဘယ်ကဲ့သို့ ဘယ်ချမ်းသာ
ကျွန်တော့အခြေအနေက နည်းနည်းပဲရူးပြီး
များများအစော်ကားခံနေရတယ်
ဆိုပါတော့ ။

ဘဂျာမင်ဖရန်ကလင်တို့
ကြေးသော့လေးကို စွန်မှာချည်လွှတ်လိုက်သလို
မိုးကြိုးဟာ တည့်တည့်ဘဲ ။
ကျန်းမာရေးကို ဂရုစိုက်မနေပါနဲ့ဗျာ ။

စာပို့သမားတယောက် သေဆုံးသွားရတာ
ဖြစ်နိုင်ခြေတွေ
အများကြီး ရှိနေလိမ့်မယ်လို့
ဒီလိုပဲ ခင်ဗျားရောထင်တယ်မဟုတ်လား ။
လိပ်စာမှားလာတတ်တဲ့ စာတွေကလည်း
သူ့ကို ကိုယ်ခံအားနည်းစေနိုင်တာဘဲ ။

သွားရလာရခက်တဲ့ ခွင့်လွတ်ခြင်းတွေဆီ ပို့ပေးပါ ၊
အပြာကားဆန်တဲ့ချစ်မေတ္တာဆီ ပို့ပေးပါ ၊
တချို့တော့
အကြီးအကျယ် လုပ်ရက်ကြတယ်ဗျာ ။
မကြားဘူးတဲ့ နိုင်ငံတော်ဆီကို ပို့ပေးစမ်းပါ
ဆိုတာမျိုးပေါ့ ။

ကျွန်တော်ခန့်မှန်းမိတယ် ။
လိပ်စာမထင်ရှားတဲ့ ဂုဏ်ပြုလွှာတစောင်ကလည်း
သိပ်ကိုလေးလံခဲ့ရှာမှာပဲ ။
ဒါပေမဲ့
ဒီလောက်နဲ့ သူသေဆုံးဖို့
လုံလောက်မယ် မထင်မိပြန်ဘူး ။

ခင်ဗျားမှာလည်း
အတူနေလာတဲ့နှစ်တွေ ရှိဘူးပါလိမ့်မယ် ။
ဘယ်သွားသွား ခေါ်သွားချင်တဲ့နှစ်တွေလေ ။
ဥပမာဆိုရင် ကိုယ့်အကြောင်းကို
တခြားတယောက်ရဲ့ အကြောင်းနဲ့
ကိုးကားပြောဆိုရတဲ့ သက္ကရာဇ်မျိုးပေါ့ ။

ကျွန်တော်တော့ဖြင့်
တခါတလေ သိပ်ကိုနေရထိုင်ရခက်ခဲလှတယ်။
ခင်ဗျားလည်းဒီအကြောင်းကို ဒဗ္ဗလင်သားတွေနဲ့တွေ့ရင်
ဆက်ဆက် ပြောပြစေချင်တယ် ။

ရှေးလူတွေ ရေသာခိုလွန်းတယ်ဗျာ ။
လွမ်းဖို့စကားလုံးတွေ
သိပ်လုပ်မထားခဲ့ကြဘူး ။

ဒါက သေဆုံးရတဲ့
အဓိကအကြောင်းမဟုတ်ပေမဲ့
အချိန်တန်ရင် ဒီသစ်သီးတော့ ရင့်မှဲ့လာမှာပဲ
ဆိုတာမျိုး ၊
ကျွန်တော်တို့ သူများမခြွေခင် ကြိုတင် ပုတ်အက်နံစော် ပစ်လိုက်တာမျိုး ။

တယောက်နဲ့တယောက် မတွေဝေပဲပေါ့လေ
အကြာကြီးဝမ်းနည်း မနေရပဲ ၊
နှစ်ယောက်ရဲ့စိတ်ကူးတွေထဲ
ဘယ်လိုသတိရနေကြမလဲဆိုတာ မတိုင်ပင်ဖြစ်ကြပဲ ၊
ဟေ့လူရေ ရေးတုန်းကရေးပြီး
တချို့စကားတွေကို
ကျွန်တော်တော့ နားမလည်တော့ဘူးဗျာ ။

ဘုရားသခင်က
မြို့တမြို့ကိုဖန်ဆင်းပြီးတာနဲ့
စာပို့သမားတယောက်လောက်တော့
သူ့အလိုလိုရောက်လာမယ်ဆိုတာ
ယုံကြည်ပါ ။
ဟိုမားရဲ့ အပစ်ကဗျာတွေထဲမှာပါဝင်ဖို့
အသက်စွန့်သွားကြတဲ့
အက်သင်းမြို့ရဲ့ စစ်သည်တော်တွေလိုပေါ့ဗျာ။

ဖတ်ပြီးရင်ပြီးချင်း
ဘယ်သူ့ကို ဂုဏ်ပြုရမယ်ဆိုတာ ပြောစေ့ချင်တယ် ။
အရမ်းနောက်ကျနေရင်တောင်
ကျွန်တော်ဆက်ဆက် ဦးညွှတ်လိုက်ပါ့မယ် ။

ဓားတွေ ၊ ကညစ်တွေ ၊
အမျက်သင့်ခံရသူရဲ့ အရွှမ်းအဖောက်စကားတွေ ၊
ထင်ယောင်ထင်မှား ခါးနံပါတ်တွေနဲ့
ကျန်တော်တို့ အနာဂတ်မှာ
ကျွန်တော်တို့ အသက်ကြီးနေပါလိမ့်မယ် ။

ခင်ဗျား ဒီစာကိုဖတ်ပြီး ဝမ်းနည်းနေတယ်ဆိုရင်
ကျွန်တော်နိုင်ပါပြီ ။
နောက်တခါတော့ဖြင့် လိပ်စာကို
ထင်ရှားစွာ ရေးစေချင်ပါတယ် ။

( ၂ )

ရဟန်းတော်မြတ်က
ဒုတိယအမှားကို ထပ်ပြောတယ် ။
ဒီလောက်ညံ့နေရင် လောကကြီးကမင်းကို
မေ့သွားလိမ့်မယ်တဲ့ ။
ခင်ဗျားပြောခဲ့ဘူးတာနဲ့ ခပ်ဆင်ဆင်လို့
ကျွန်တော်တော့ထင်တယ် ။

ရှားပါးပြီး
ကြောက်စရာကောင်းတဲ့ အချစ်တွေအကြောင်း
ခင်ဗျားပြောခဲ့တာတော့
ကျွန်တော်အမြဲအမှတ်ရတယ် ။
ဒါဟာ စိတ်ကြိုက်နေထိုင်သွားဖို့ အခွင့်အရေးကောင်းပါပဲ ။

အဆိပ်ရပြီဆိုရင်
ပါရမီရှင် မြွေတကောင်ဖြစ်သွားသလိုပေါ့ဗျာ။

မိုယှေဒါရန်တို့ ချေ တို့ဆိုတာ
ရာသီစာတွေပါဗျာ ။
သဉ္ဇာဝင့်ကျော်တို့ မာရီလင်တို့ဆိုတာလည်း
သွားရေစာသာသာပါ ။
ကိုစောညိန်းတို့ ရောဘတ်ဖရော့(စ်)တို့မှ အဟာရဗျ ။
ဒီလိုပွဲတော်ရက်တွေကို
ကျွန်တော်မုန်းတတ်တာနားလည်ပေးစမ်းပါ ။

အချစ်ရေးနဲ့ပတ်သက်ရင်
ကျွန်တော့ကိုခင်ဗျား ခဏခဏ
အပြစ်တင်တယ် ။
သွားရတော့မှာလားလို့ သူမေးတယ်
နေဦးမှာလားလို့ ကျွန်တော်ပြန်ဖြေတယ်
အဲဒါနဲ့ပဲ နှင်းဦးမြူဦးတွေဝေတိုင်း
ကျွန်တော် နာမည်ပျက်ခဲ့ရတော့တယ် ။

တခါတလေ ကဗျာရေးတယ် စာစပ်တယ်ပေါ့ဗျာ ၊
တခါတေလ
တေးချင်းဆိုတယ်ပဲထားပါတော့ ။
တခုခုမလုပ်ခင် ရလဒ်ကိုစဉ်းစားနေတဲ့အခါ
အတော် ကသီလင်တဖြစ်တယ်မဟုတ်လား ။
ဒီအခါများဆို သီချင်းသံဟာ
ကြိမ်စာတိုက်သံနဲ့ ခပ်ဆပ်ဆင်ဆင်ပဲ ။

ခင်ဗျားညွှန်းလို့
ဟဂျင်း ရေးတဲ့ မီးတောက်ဆိုတဲ့
တရုတ်ဝတ္ထုကိုဖတ်နေဖြစ်တယ် ။
ကျွန်တော့အင်္ဂလိပ်စာညံ့ဖျင်းမှုကြောင့်ထင်တယ်
ဆူပင်း သူ့ချစ်ဦးသူဆီကို ပြန်ရောက်လာရမယ့်အချိန်တွေ
ပိုကြာနေရတယ်ဗျာ ။

သိပ်လှပလွန်းတဲ့အမှားတွေ လောကမှာ အများကြီးပါ ။
ခင်ဗျားဖက်က နဲနဲများအမှန်ပေးလို့ရ မရ
ဒီလိုကြောင့်ပဲ
ဒီစာကိုရေးဖြစ်လိုက်တယ် ။

( ၃ )

ခင်ဗျားရဲ့
ရဲဘော်ရဲဘက်စိတ်ဓာတ်ကို
အမြဲသတိရနေပါတယ် ။
မလွှဲမရှောင်သာတဲ့ အခါမှာတော့
ဝေဒနာတွေကိုလည်း သတိရနေဖြစ်တယ် ။

ခုနောက်ပိုင်း လူသားဆိုတာကိုပဲ
လုံလောက်အောင် သက်သေပြတော့မယ်လို့
စိတ်ကူးမိတယ် ။
အရှုံးပေးတယ်ရယ်လို့တော့ မထင်စေ့ချင်ဘူး။
ကောင်းကင်နဲ့ မလွတ်လို့သာ
ခေါင်းငုံ့လျှောက်နေရတာပါ ။
ပင်ပန်းလွန်းတယ်ဗျာ ။

အပျော်အပျက်ပြောတာလည်း ဖြစ်နိုင်ပါတယ်
ခင်ဗျားသဘောပေါ့ဗျာ ။
အနည်ထခဲ့ဘူးတဲ့ ရေကန်ငယ်လေးလေ
ခိုင်လုံပါတယ်နော်ဆိုတဲ့ လိပ်ပြာလေးတွေတောင်
ခုတော့ ဥယျာဉ်အိုမှာခိုကြပြီ ။

ကြောက်စရာမရှိရင်
သတ္တိရှိဖို့ရော လိုအပ်သေးလို့လားဆိုတော့
မိုးတိတ္သြားလို့
ဖြုတ်ခနဲ ထီးလေးပိတ်လိုက်သလိုပဲနေမှာပေါ့။
ဒီနိုင်ငံကို ရန်သူဟောင်းတွေနဲ့ထားခဲ့ရမှာကို
တယ်ပြီးစိတ်မချဘူး ။

အေဒင်ဥယျာဉ်ရဲ့ အရှေ့မှာ
ဂျိမ်းစ်ဒင်းရဲ့ စီးကာရက်ငွေ့တွေရှိမယ် ။
သရပါအပြင်ဖက်မှာ
ပုဂံမင်းတွေ ဖြိုချခဲ့တဲ့သက္ကရာဇ်တွေရှိမယ် ။
သုမဏကျောမှာ တော့ဖလာရဲ့ တတိယပြက္ခဒိန်ရှိမယ် ။

ခေတ်အဆက်ဆက်
အင်အားနည်းသူတွေပဲ လိမ္မာကြတာပါပဲ ။

ယူဂိုဆလားဗီယားခလေးမရဲ့ဒိုင်ယာရီမှာ
“ငါ့ခွေးလေးရောငါရော
ဘာမှစားစရာမရှိတော့ဘူး ” တဲ့ ။
စစ်ကို နှင်းစိမ်းတွေဝင်ပူးတုန်းကပေါ့.။
ထသွားထလာဒီဇင်ဘာမျိုးတော့
ဟုတ်မယ်မထင်ဘူး
ဒါတွေထားလိုက်ပါတော့ဗျာ.။

မနေ့က
မူဆားလေးနဲ့ ဓာတ်ပုံရိုက်ဖြစ်တာကို
ပို့လိုက်ပါတယ်.။
သူ ဒီမောဆိုးကို ပြန်ရောက်သွားမှာသေချာပါတယ်.။
ခင်ဗျားက ရှာကြံပြီးစိုးရိမ်တတ်လွန်းလို့ပါ ။

ခင်ဗျားရှာခိုင်းထားတဲ့
ကိုသန်းလှိုင် မူရင်းသီချင်းတွေ ရှာရတာ
အတော်ခက်တယ်ဗျာ ။
” မေတ္တာဘုံက ပုံပြင်သက်ထား ” တော့ ရပါပြီ
အဆင်ပြေတဲ့နေ့ ပို့ပေးလိုက်ပါ့မယ် ။

စနေနံ့သာ ပါးကွက်ကြားနှစ်ဖက်တို့ ၊
သရက်ပွင့်လက်ကျန်တွေ
ဟိုတုန်းကလို ပွင့်နေတယ်ကွာဆိုတာတို့ ၊ ခင်ဗျားလှမ်းပြောတဲ့အခါ
ဒါ ကျွန်တော့ကို ဘေးကြပ်နံကြပ်ဖြစ်အောင်
လုပ်တဲ့မေးခွန်းတွေဆိုတာ ရိပ်မိလိုက်ပါရဲ့ ။

ကျွန်တော့သဘောထားကတော့
ရှင်းပါတယ် ။
ဘယ်သူမေးမေး
လွမ်းရရင်လည်း မလွမ်းဘူးလို့ပဲဖြေမယ် ။ ။

နောက်ထပ်တပုဒ်ဖြစ်တဲ့ စစ်ငြိမ်းရဲ့Emily ကဗျာ ကို ဖတ်စေချင်ပါသည်။ ကဗျာဆရာ၏ သုံးနှုန်းထားသည့် စကားလုံးများ၊ ဥပစာများသည် မဆန်းပြား၊ ဆန်းဆန်းပြားပြားမဟုတ်သော်ငြားခမ်းညားသည်။ အတ္ထာလင်္ကာရတွေ မပါ၊ ယနေ့လူငယ်တွေယဉ်ပါးသည့် အသုံးပင်ဖြစ်သည်။ Emily ကိုသတိတရဖြစ်လိုက်သည့်အခိုက်ကို ကဗျာဆရာက “လက်ကောက်ဝတ်မှာမရှိတော့တဲ့နာရီလေးကို အမှတ်မထင်ကြည့်မိသလိုမျိုး လမ်းကူးလာတဲ့လူတွေကို ငေးနေမိတယ်။” ဆိုသည့် ဥပစာမျိုးတွေကြောင့် ကျနော်ပါလိုက် ကြွေမိသည်။ Emily ကို တမ်းတမိသည့်အခိုက်အတန့်ကို စစ်ငြိမ်းက “ ကိုယ့်ပုခုံးကိုကိုက်နေတဲ့ခြင်တစ်ကောင်ကို မရိုက်အားသေးသလိုမျိုး သတိရစိတ်ဟာတဆစ်ဆစ်ပေါ့Emilyရယ်…။ သံသရာတစ်ထောင့်မှာ ကိုယ် စောင့်နေမှာပေါ့။ တတ်တူးဆင်တူထိုးဖို့…။“ ခြင်ကိုက် ခံရသည့် တဆစ်ဆစ်နာကျင်သည်မှ တက်တူးထိုးပြီး တသက်တာ နာကျင်မည်အထိ Emily ကို သိမ်းထုပ်သွားပါမည် အကြောင်း စစ်ငြိမ်း၏ ပေးစာစကားပြေကဗျာသည် ပီပြင်နေသည်။
Emily ကို လိပ်စာတတ်ရေးထားသည့် အချစ်ကဗျာတပုဒ်ဖြစ်သည်။ကဗျာရှည်သည့်အတွက် ဖေါ်ပြဖို့ အခွင့်မသာသည်ကို နားလည်ပေးစေချင်ပါသည်။

နောက်ထပ် ပိုင်စိုးဝေ၏ မိဝင်းဖတ်ဘို့ကဗျာဖျားကို ထပ်ညွှန်းဆိုချင်ပါသည်။

“မနေ့က
မူဆားလေးနဲ့ ဓာတ်ပုံရိုက်ဖြစ်တာကို
ပို့လိုက်ပါတယ်.။
သူ ဒီမောဆိုးကို ပြန်ရောက်သွားမှာသေချာပါတယ်.။
ခင်ဗျားက ရှာကြံပြီးစိုးရိမ်တတ်လွန်းလို့ပါ ။”ဆိုသလို
သန်းတင့် ဒီမောဆိုးရောက်ခိုက် မူဆာလေးနဲ့တွဲရိုက်တဲ့ ဓာတ်ပုံကို သူ့မိတ်ဆွေဆီပို့သလို ခင်ဗျား၊ ကျနော် အမှတ်တရတွေ၊ မျှော်လင့်ချက်တွေကို ကိုယ့်မိတ်ဆွေတွေဆီသုန့လိပ်မူပြီး ကဗျာတွေရေးကြမယ်ဗျာ။ခင်းဗျားလည်းပေးစာဟန်ကဗျာများကို ရေးလိမ့်မည်ဟုမျှော်လင့်နေပါသည်။

ဘဘဝ

Bo Bo Win

BBW worked as an Engineer and founder of Yanant Thit Myanmar Restaurant. He loves to write poems and articles since U time. He published the books and sharing to public as well.

Now the founder of Yanant Thit , BBW has a mission to do publish English version of articles and poems to the public.

Social Links