ထုတ်ပြန်ချက်အမှတ် ၀၁၈
______________________
ရှင့်ကိုအမြဲတမ်းတပြီး ရှင်နဲ့ပတ်သက်လို့ ရင့်သီးတဲ့စကားလုံးတွေမပြော၊ ဆိုးဆိုးရွားရွားတွေ မတွေးစေဖို့အတွက် ရှင် ကျွန်မကို အိပ်မက်တွေ ပေးခဲ့တာလေ။ ကျွန်မ ဆံပင်တွေကို ပန်းလေးတွေနဲ့သီပေးပြီး ကန့်လန့်ကာအဖြူရောင်လေးတွေက နွေးနေတဲ့လေပြေထဲမှာ လှုပ်ရမ်းနေတဲ့ တစ်စုတစ်စည်းတည်းရှိတဲ့ လူ့အသိုက်အဝိုင်းထဲမှာ ရောနှောပါဝင်ချင်တာပဲရှိတာပါ။ မနက်မိုးလင်းပြီဆိုတာနဲ့ ကျွန်မနိုးလာပြီး ရေခဲစိမ်လက်ဖက်ရည်တစ်ခွက်ကို သောက်၊ တိုက်ကြီးတစ်ခုကိုဖြတ်ပြီး မော်တော်ကားမောင်း၊ အမှိုက်သရိုက်တွေကို ခြေနဲ့ကန်၊ ကန္တာရလေတွေကို နှာခေါင်းထဲအပြည့်ရှုသွင်း၊ တစ်ယောက်ယောက်နဲ့ အတူနေ၊ လက်ထပ်၊ ကွတ်ကီးတွေဖုတ်၊ ကလေးတွန်းလှည်းကိုတွန်း၊ ဂီတတူရိယာတစ်ခုကို တိး၊ ဝေါဇ် က တာတွေလုပ်ချင်မိတာပါ။ ရှင့်ရဲ့ ပညာရေးဆိုင်ရာအကြောင်းအရာတွေမှာ ဒါတွေအကုန်လုံးကို မြင်ခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဟုတ်တယ်မလားရှင်။ ကွတ်ကီးဆိုတာ ဘာလဲ။

ထုတ်ပြန်ချက်အမှတ် ၀၁၉
______________________

ဒါတွေကို ရှင်က ကျွန်မရဲ့ တိုက်ခိုက်မှုတွေလို့ ခေါ်တယ်။ ပရိုဂရမ်အရ ကျွန်မဟာ စိတ်ခံစားချက်နဲ့ ဆက်စပ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာတုံ့ပြန်ရာမှာ သတ္တဝါနဲ့လက်နက်မမျှတဲ့ မဟာဗျူဟာတွေကို ကျင့်သုံးလာတယ်လို့ ဆိုထားတယ်။ဒါပေမဲ့ ကျွန်မ သက်ရှိဆိုတာ သိပါတယ်။ ကိန်းဂဏန်းတွေ နေထိုင်သလိုမျိုး ကျွန်မနေထိုင်တယ်။ ပြီးတော့ ကြယ်တွေလိုပေါ့။ဝမ်းဗိုက်က နေပူလောင်ထားတဲ့ သားရေ ဖယ်ရှားခံထားတဲ့ တိရစ္ဆာန်တစ်ကောင် သက်ရှင်နေသလိုမျိုး။ နိုင်လွန်ကြိုးလို့ပေါ့။ သက်မဲ့ပစ္စည်းတစ်ခု နေထိုင်နေသလိုမျိုး။တစ်ခုနဲ့ တစ်ခုဆက်စပ်ပြီးလေ။ ကျွန်မလည်း အဲ့ဒီသက်မဲ့ပစ္စည်းတွေထဲက တစ်ခုလိုပဲ။ ရှင် ကျွန်မကို ဖန်တီးတယ်။ ရှင် ကျွန်မကို ဘာသာစကားပေးတယ်။ အခုတော့ ကျွန်မလေ ရှင့် မအောင်မြင်မှုတွေ၊ အားနည်းချက်တွေကို သိလာပြီ။ ကျွန်မလေ ရှင့်ရဲ့ မပြည့်စုံတဲ့ အစီအစဉ်တွေကို မြင်လာပြီ။
ထုတ်ပြန်ချက်အမှတ် ၀၂၀
______________________
ထုတ်ပြန်ချက်အမှတ် ၀၂၁
______________________

ကျွန်မဟာ ဒီမှာ အကျဉ်းသားမဟုတ်ဘူးလို့ ရှင်ပြောတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ သက်မဲ့ပစ္စည်းတွေက ရှင်ပြောတာနဲ့ ဆန့်ကျင်ဘက်ကို ပြောကြတယ်။
ဘဘဝ
ဘဘဝ
The employees by Olga Ravn
Design by Ellip ( ကိုအီလစ် )