ဒေးဗစ်ရဲ့ မိုးတိမ်များ
ဒေးဗစ်ရဲ့ မိုးတိမ်များ မိတ်ဆက်
ဒီအရေးအသားအားလုံးဟာ စကားပြေကဗျာများဖြစ်တယ်လို့ ပထမဆုံးပြောပါရစေ။ ရပ်ဆယ်အက်ဆန်ရဲ့ အဆိုက သဘောကျစရာ ။” အမေရိကန် စကားပြေကဗျာဖွံ့ဖြိုးလာရတာက ပြင်သစ်ရိုးရာစကားပြေကဗျာဟန်နောက် မလိုအပ်လို့ မလိုက်တော့ဘဲ မော်ဒန်ကဗျာဥခွံကနေ ဖေါက်ထွက်လာခဲ့ရတယ်။ အဖြစ်မှန်နည်းနည်း ပလီထားတာများများပေါင်းစပ်တဲ့အရေးအသားဖြစ်တယ်။ စကားပြေကို ကဗျာပုံဆောင်စေဖို့မော်ဒန်ကဗျာကို တိုးချဲ့ထားတာဖြစ်တယ်”လို့ နှစ်လေးဆယ်လောက်က နေ ခုထိ တိုးချဲ့နေတာကို ကျွန်တော် အလွန်တရာ နှစ်သက်မိတယ်။ ဒါကြောင့်ဘဲ ဒေးဗစ်ရဲ့ မိုးတိမ်များဟာ စကားပြေကဗျာ ဖြစ်တယ် လို့ ကျွန်တော် အာမခံတာပါ။
ကဗျာအားလုံးသည် စမ်းသပ်ထားတာဖြစ်တယ် လို့ဝေါလေ့စတီဗင် အဆိုအတိုင်း ဒေးဗစ်ရဲ့မိုးတိမ်များကို စမ်းတဝါးရေးခြင်းမျိုး မဟုတ်၊ စမ်းသပ်ထားတာသာဖြစ်တယ်။ သို့သော်လည်းစကားလုံးများကို အနုပညာအဖြစ် ပြောင်းလဲဖို့ ကျွန်တော် ရည်ရွယ်ချက်ဖြင့် မလုပ်ပါ။ ဒါ ဟာ သဘာဝမကျဘူးလို့ မြင်ထားလို့ကြောင့်ဘဲ။ နှုတ်တရာစာတလုံး၊ စာတလုံး ဘုရားတဆူ ဝါဒ မျက်မှန်တပ်ပြီး ဒေးဗစ်ရဲ့ မိုးတိမ်များကို ကြည့်လို့လည်း သင်ဘာမှ မြင်မယ်မထင်ပါ။ ဘာကြောင့်ဆိုသော် ဒေးဗစ်ရဲ့ မိုးတိမ်များသည် ကဝိ ဥစ္စာ မဟုတ်ပါ။ ကမ္ဘာကြီး ကို ကိုယ်စားပြုဘို့ ဒီစကားပြေကဗျာများက မတောင်းဆိုပါ။ ဒါ သည် ဘယ်သူ့တွက် ဘာညာဖြစ်ဖို့ထက် ရိုင်းရိုင်းစိုင်းစိုင်း ထူးခြားအောင်အသစ်တခုလုပ် လိုသူတဦးရဲ့အတ္ထနောမတိတခုသာ မှတ်ယူ၍ ဖတ်ပါ။ နောက်ထပ်ကျူးလွန်မိတဲ့ ကျွန်တော့် အတ္ထတခု အပို ထပ်ဆောင်း ပါလာတာသည် ဖြားယောင်းမှု မဟုတ်ကြောင်းကို တပါတည်းဝန်ခံပါရစေ။ ဒီစမ်းသပ်မှုအတွက် ရေးပေးခဲ့ကြတဲ့ မိတ်ဆွေတချို့ရဲ့ မှတ်ချက်တွေရယ်၊ အဖုံးနှစ်ခုရယ်ပါ။ ဒီအတွက် တစုံ တရာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရင် ကျွန်တော့်ကိုသာ လက်ညှိုးထိုးစေချင်ပါတယ်။
အားလုံးကို ဖတ်ပြီးတဲ့အခါ ဖတ်သူတွေရဲ့ စိတ်သဘောထားအတိုင်း ကျွန်တော် လက်ခံလိုက်ပါတယ်။
ဒေးဗစ်ကိုယ်စား
ဘိုဘိုဝင်း

ဒေးဗစ်ကို မနေ့က သူတို့ သတ်လိုက်ကြတယ်။
ဘယ် လူသတ်မှုမဆို တရားတယ်လို့ ငါ ထင်မထားခဲ့ဘူး။ “အမေရိကန် စပိုင်တွေ ဂျူလီယာအဆန်းကို ရုတ်တရက်လုပ်ကြံဖို့လုပ်ပြီး မတော်တဆအမှုပါလို့ ပေါင်းကြံစည်ကြတာမျိုးလားလို့” အတူနေတဲ့ ကျွန်တော့်အမျိုူသမီးက ပြောတယ်။ စနိုးဒင်း၊ အာဆန်းတို့ဟာ အာဏာပိုင်တွေရဲ့လူ့အခွင့်အလံအောက်က မဟုတ်ဘူး။ ဘူးလီး အလုပ် ခံထားရသူတွေအတွက် ဆိုင်ဘာ နတ်ဘုရား၊တမန်တော်တွေဘဲ။ အာဆန်းလို ဒေးဗစ်ဟာ ငါတို့အတွက် အစိမ်းကျိမ်စာရဲ့နောက်ဆုံး မီးတောက်ပဲ။ ဂလိုဘယ် လူမြင်ကွင်းမှာ ဒေးဗစ် အသတ်ခံရတာ။ နံရံတိုင်းမှာ ဒီမျက်လုံးတွေ ရှိနေသေးတယ်။ ဒေးဗစ် အကြည့်တွေပေါ့။ငါတို့လွတ်မြောက်ဖို့ အားပေးနေတဲ့ မျက်လုံးတွေလေ။အစိမ်းတွေအတွက် ခြောက်လှန့်နေမည့် စူးရှရှ အကြည့်တွေ ။ဒီ အကြည့်တွေကြောင့် ဒီ မြင်ကွင်းကို သူတို့ ဖြတ်တိုင်း နောက်လိုက်နောက်ပါတွေ တအုံတမနဲ့ ရဲရဲပြန် မကြည့်ရဲကြတာ။ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်ဝံ့ သလိုမျိုး။ဒေးဗစ်ကို သတ်လိုက်တာ ငါးကန်တကန် သေသွားတာ၊ အင်ဒိုနီးရှား တောမီးလောင်တာမဟုတ်ဘူး။ မတော်တဆမဟုတ်ဘူးလို့” ငါ့အခန်းဖော်ကို စိတ်ပေါက်ပေါက်နဲ့ ပြောဖြစ်လိုက်တယ်။
“အရွယ်ကောင်းတုန်းလို့””သေခြင်းသေ ငါသေရမှာ၊ ငါသာ သူ့နေရာ လဲလိုက်ခြင်တော့တာဘဲ” လို့ ပြောတော့ ငါနဲ့ အတူနေတဲ့ သူက “ဟဲ့ နမိတ်မရှိ နမာမရှိ၊ လွဲပါစေဖယ်ပါစေ”တဲ့။ ပါလို့ လွဲပါစေ လို့ ပြောရတာလဲလို့ ငါမေးတော့ မင်းက ငါ့အတွက် အသုံးဝင် နေတာလေ၊ မင်းကို မသေစေချင်ဘူးတဲ့”၊ ထားလိုက်ပါဟာ။ ဒေးဗစ် အကြောင်း ကို ငါ စဉ်းစားနေတာ။ ဒေးဗစ်ဟာ သူ့ ပညာရပ်မှာ အတော်ဆုံး လူတွေထဲ ပါသလို လူကောင်းတယောက်ဆိုတာ ငါသိနေလို့ဘဲ။ဒေးဗစ်ဟာ နင်လို ကမ္ဘာကြီးကို ဆေးရောင်စုံ ချယ်ပြစ်မယ်ဆိုပြီး ရောင်စုံ ဆေးဗူးတွေ ချပြီးပြော မနေပေမဲ့ သူ့ပိုင်တဲ့ နေရာကျဉ်းကျဉ်းထဲက လူတွေ ဘဝတွေ လှပစေခဲ့တဲ့အထဲ ငါလည်းပါတယ်။ “အမိန့်အာဏာမှန်သမျှဖီဆန်ကျ” ဆိုတဲ့ စာတကြောင်းကြောင့် ငါမနေခြင်ခဲ့တဲ့ နေရာမှာ အမှောင်ချ ခံခဲ့ရတာကို ဒေးဗစ် ထုတ်ပေးခဲ့တာ။ မိဘမဲ့ ဂေဟာတွေ မဗာပြည် အနှံ့ဆောက်ပြစ်လိုက်မယ်လို့ နင်ကြိမ်းဝါးနေချိန် ဒေးဗစ်မှာ သူ့မိဘတွေကို မမြင်ဘူးခဲ့။ ကြီးမှ နာမည် ကိုသာ ကြားဖူးခဲ့တာ။ ဒါနဲ့ ဒေးဗစ်ရဲ့ ရေဝေးဆိုတဲ့ နောက်ဆုံးခရီးကို လိုက်ပို့ ဖြစ်တယ်။ ဒေးဗစ် နောက်ဆုံး အထုပ်တထုပ်ကို နာရေးကူညီအသင်းကို ပို့ပေးပါတဲ့။ “ဒေးဗစ်ရဲ့ ဘလန့်ခ် ချက်လက်မှတ် တခု”။ ကြိုတင် ရေးခဲ့တာလို့ထင်ရတဲ့ “သေတမ်းစာ” ပါ စာတကြောင်း။ “လွတ်ပေါက်ကိုရှာပါ”။
ဘဘဝ







