The Government Lake လူမှားလက်ထပ်ခဲ့သည်

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

လူမှားလက်ထပ်ခဲ့သည်


ကျွန်တော့်ကြောင့် ဖြစ်ခဲ့သမျှသော ဆင်းရဲဒုက္ခတွေအတွက် အရမ်း စိတ်မကောင်းဖြစ်မိသည်။သူမက ဒါအားလုံးဒုက္ခ ဖြစ်ခဲ့သည်မဟုတ်ဟု ဆိုသည်။ ကျွန်တော်သောက်စရာကမ်းလှမ်းခဲ့သည်။ သူမကသောက်ကောင်းလိမ့်မယ်ဟု ဆိုသည်။ ကျနော်တို့ ဆိုဖာပေါ်မှာ ထိုင်ချလိုက်သည်။ သူ့အမည်ကိုကျွန်တော် ထပ်မေးခဲ့သည်။သူမက”သီချင်းထဲမှာ လိုပဲ မာတဲလ်ဒါ” လို့ ပြောသည်။”မာတဲလ်ဒါကိုတစ်ခါမှ မကြားဖူးဘူး။ ဒါက နာမည်ကောင်းတစ်ခုပဲ” လို့ပြောခဲ့သည်။“ အမေကဩစတြေးလျကို အမြဲသွားချင်တယ်၊ ဒါပေမယ့် မာတဲလ်ဒါကို သူမခေါ်တာက သူမနဲ့နီးနီးရှိစေချင်တယ်လို့” သူမ ပြောသည်။ “ငါ့ကိုဘာလို့ပြန်ခေါ်တာလဲ” ကျွန်တော်ကပြောတော့ “မင်းကလူကောင်းတစ်ယောက်ဖြစ်လိုပဲ “လို့ သူမက ပြောသည်။”ကျေးဇူးတင်ပါတယ်ဗျာ ။ဆံပင်ကို ခုလေးဘဲညှပ်လိုက်တာ” လို့ ကျွန်တော် ပြောတော့သူမရယ်သည်။ “ဆံပင်ညှပ်စရာတောင်မှ မလိုဘူးထင်တယ်” လို့သူမကပြောသည်။ “ဒါကမင်းရဲ့အရမ်းရက်ရောခြင်းပါ “ လို့ ကျွန်တော်ကပြောသည်။”ကျွန်မက အမှန်တရားပဲပြောတာပါလို့ “သူမကဆိုသည်။”အမြဲပြောမလား”လို့ ကျွန်တော်က မေးလိုက်တော့ “မဟုတ်ဘူး၊ ကျွန်မ ခံစားမိတဲ့အချိန်တခုမှာပဲ” ဟု သူမကပြောသည်။ “အိုး-ဒါဆိုရင် ကျွန်တော် သတိထားရလိမ့်မယ်” လို့ ပြောလိုက်မိသည်။ “မလိုပါဘူးရှင်”လို့ သူမ ပြန်ပြောတော့ “ဘာကြောင့်” လို့ ကျွန်တော်က မေးလိုက်သည်။ သူမက“ ရှင်ကိုကျွန်မပြောပြီးသားလေ”” ရှင့်ကို ကျွန်မကြိုက်တယ်” လို့ပြောသည်။ “နမ်းလို့ရမလား”လို့ကျွန်တော်မေးလိုက်သည်။ “ရှင်နမ်းချင်လျှင်” ဟုသူမက ဆိုသည်။ ဒါနဲ့ ကျွန်တော်သူ့မကိုနမ်းသည်။အနမ်းပန်းတွေဝေသီ ပြစ်လိုက်သည်။ နှစ်ဦးစလုံး အနမ်းပင်လယ်တကြောမျောသည်အထိ ကျွန်တော် သူ့မကိုနမ်းခဲ့သည်။ “အရမ်းကောင်းတယ်” လို့ကျွန်တော်ပြောခဲ့လိုက်သည်။ “မရပ်ပါနဲ့” လို့သူမကဆိုသည်။ ထို့နောက် သူမကိုအိပ်ယာပေါ်ခေါ်ယူလိုက်သည်။ကျွန်တော်တို့ချစ်ယမ္မက်များဖြင့် အဲဒီညကိုလောင်ကျွမ်းပြစ်လိုက်သည်။ပျော်ရွှင်မြူးထူးရသည်။ကျွန်တော်တို့ မနက်ခင်း နိုးလာတဲ့အခါမိုးသက်မုန်တိုင်းက ကြိုလိုက်ပြီ။ သူမက “ကျွန်မလစ်ရတော့မယ်” လို့သူမပြောသည်။”ဘာဖြစ်လို့လဲ”မုန်တိုင်းပြီးတဲ့အထိ စောင့်ပါလားလို့”ကျွန်တော်ပြောလိုက်သည်။သူမက“ မစောင့်နိုင်ဘူး၊ ကျွန်မလက်ထပ်ထားတယ်” လို့ပြောသည်။အိုး” ဒါက ထူးခြားသွားစေသည်။”ကျွန်မတောင်းပန် ပါရစေရှင်”လို့ သူမမြွက်ဆိုသည်။ ရှင့်ကို ကျွန်မပြောသင့်တာပါလို့ စကားစသည်။။အဲဒီအကြောင်းပြောခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်လို့ “ ကျွန်တော် ပြောတော့ “ဖြစ်မှာမဟုတ်ဖူး” ဟုသူမက ဆိုသည်။ သူမကပိုက်ဆံအိတ်ထဲ နှိုက်လိုက်ပြီး ခြောက်လုံးပြူးသေနပ်တလက် ဆွဲထုတ်လိုက်သည်။ယခုဘဲ ရှင်ကိုကျွန်မ သတ်ရတော့မယ်။ တကယ်စိတ်မကောင်းပါဘူး” လို့ သူမ ပြောသည်။သူမက “ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှမပြောဘူး။ ကျွန်တော့်ကတိပါ” လို့ ကျွန်တော်ပြောလိုက်သည်။

“ဒီမှာရှင် ရှိနေရင်ကျွန်မက ရှင်နဲ့အတူနောက်တဖန်အိပ်ချင်နေဦးမှာဘဲ။ကျွန်မရှင့်ကိုစုံမက်နေပြီလေ။နောက်ထပ် တကယ်ကို ကျွန်မစွန့်စားလို့မရတော့ဘူး၊”လို့ သူမပြောသည်။”မင်းခင်ပွန်းကိုဘာလို့မထားခဲ့လဲ “လို့ကျွန်တော်ပြောတော့” မစွန့်လွှတ်နိုင်ဘူး။ကျွန်မတို့ ဘဝအတွက်လက်ထပ်ခဲ့တာ ပြီးတော့သူက မသေနိုင်တဲ့လူဘဲ”လို့ သူမပြောနေသည်။”သူကဘာလဲ “လို့ကျနော်မေးပြန်သည်။

“သူဟာ မသေနိုင်တဲ့သူ ဖြစ်တယ်။ သူ့ကိုသုံးကြိမ် အဆိပ်ခပ်သပ်ဖို့ကြိုးစားပြီး သူ့နှလုံးတည့်တည့်ချိန် နှစ်ကြိမ်နှစ်ခါပစ်ခဲ့တယ်။ ဒါတောင် သူ့ကိုအနှောင့်အယှက်မဖြစ်ဘူး။သူက မနာလို ဝန်တိုစိတ်ပြင်းထန်လွန်းနေတယ်။ “လို့သူမပြောသည်။”ဒါတကယ်တော့ရှက်စရာပဲ၊ ဒါပေမယ့် ကျွန်တော့်ကို သတ်စရာမလိုဘူး။ကျွန်တော်နဲ့ ခင်ဗျားဟာ သူငယ်ချင်းတွေဖြစ်တယ်လို့ ခင်ဗျားရဲ့လင်တော်မောင်ကိုပြောပြနိုင်တယ်လို့”ကျွန်တော် သူမကို ပြန်ပြောတော့” ကျွန်မ လိမ်ပြောတာဆိုရင် သူကသိတယ်” လို့သူမ ပြန်ပြောသည်။” အိုကေ၊ ကျွန်တော့ကိုပစ်လိုက်ပါတော့”လို့ ကျွန်တော်ပြောတော့“ကျမမလုပ်နိုင်ဘူး” တဲ့။”ဘာကြောင့်လဲ” လို့ကျွန်တော်မေးရာ”ကျည်ဆံမှမရှိတာ”လို့ သူမပြောသည်။

ဘဘဝ
” Married to the Wrong Man From the government lake ” by James Tate