The Government Lake အမှန်တရား

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

အမှန်တရား


ကျွန်တော်တို့အိမ်ပြန်ရောက်တဲ့အခါမစ်ဇီကအိပ်ပျော်သွားခဲ့တယ်၊ ကျွန်တော်ကအိပ်မရ။ညနေခင်းကကျွန်တော့်ကိုစိတ်မသက်မသာဖြစ်စေခဲ့တယ်။ကျွန်တော်လက်ထပ်မယ်ဆိုတာဂျက်ကဘာလို့တမေးတည်းမေးနေတာလဲ။ ကျွန်တော်ဖြေတာကို ဘာဖြစ်လို့ဘဝင်မကျတာလဲ။ဒါဟာပျက်လုံးတစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဂျက်ရဲ့ဟာသက တစ်ခါတစ်ရံလက်မခံနှိုင်စရာ။ဒါပေမယ့်သူလူဆိုးတစ်ယောက်တော့မဟုတ်ပါဘူး။ ထားလိုက်ဟာ။ငါအိပ်ရာပေါ်လှဲချင်နေပြီ။ မနက်မှာကျွန်ုပ်တို့နိုးလာတော့ မစ်ဇီ ပြောတာက “ဂျက်ဟာမင်းနဲ့ပတ်သက်ပြီးမှန်တယ်မဟုတ်လား “မင်းဘာကိုဆိုလိုတာလဲ” လို့ကျွန်တော်မေးတော့ “ ဂျက်ကမင်းကိုစစ်တပ်ကထုတ်ပြစ်တယ်လို”ပြောခဲ့တယ်။ စစ်တပ်ထဲဘယ်တုန်းကမှ ကျွန်တော်မဝင်ခဲ့ဖူးတာဘယ်လိုအထုတ်ခံရမလဲ။ သူကျွန်တော်ကိုသဘောကျတယ်လို့မထင်ဘူး” ဟုပြောတော့ ဂျက်က မင်းကိုအရမ်းကြိုက်တယ်။ သူကမင်းကိုပိုပြီးစိတ်ဝင်စားဖို့ကောင်းစေချင်တာ” ဟုသူမကပြောသည်။ ကျွန်ုပ်ကိုလျှို့ဝှက်စွာကွာရှင်းတာနှင့်စစ်တပ်မှလျှို့ဝှက်စွာထုတ်လိုက်ခြင်းကချက်ချင်းပင် ကျွန်တော့်ကို ပိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာမှန်သလားလို့သူမကပြောခဲ့သည်။ “ မနက်စာစားတာကောင်းမယ်ထင်တယ်လို့ မေးတော့” ကောင်းတယ်” ဟုသူမကပြောသည်။ နံနက်စာစားနေတုံး ငါကစိတ်ဝင်စားဖို့ကောင်းတယ်လို့မင်းမထင်ဘူးလား” ဟုပြောသည်။ တကယ် ပါ။ မင်းက ချစ်ဖို့ကောင်းတယ်ဆိုတာ ကျွန်တော့် ရင်ထဲက ပြောတာပါ ဟန်နီ” ငါကစိတ်ဝင်စားစရာလို့ ပြောတာကို ထားလိုက်ပါ၊ မေ့လိုက်ပါ” လို့ သူမပြောသည်။ဂျက်ဟာသူငယ်ချင်းဟောင်းတစ်ယောက်ပါ။ သူကအရက်မူးလွန်တာဖြစ်ကောင်းဖြစ်မယ် “လို့ကျွန်တော်ပြောတော့ သူမက မူးလွန်တာဖြစ်နိုင်တယ်လို့ပြောသည်။ဒီနေ့မင်းဘာလုပ်မလို့လဲ” လို့သူမကိုမေးတော့”ငါမင်္ဂလာဆောင်အတွက်အဝတ်အစားအသစ်ဝယ်ဖို့စဉ်းစားနေတယ်” လို့သူမကပြောသည်။ “ဘာမင်္ဂလာဆောင်”လဲလို့ကျွန်တော်ပြောတော့ နောက်လာမယ့်စနေနေ့မှာကဲရိုလ်နဲ့ဘော့တို့ရဲ့မင်္ဂလာပွဲလေ မင်းသိပါတယ်”လို့သူမေပြောတော့”အိုဘုရားရေ အဲဒါကိုလုံးဝမေ့နေတာ “မင်းဘယ်လိုများမေ့လိုက်တာလဲဟာ ဘော့က မင်းဘော်ဒါအရင်းကြီးလေ” လို့ သူမ ပြောသည်။”ငါသိတယ်၊ အခြားအရာတွေကိုကျွန်တော်အာရုံကြနေလို့ပါ။ဒါပေမဲ့အခုသူတို့မင်္ဂလာဆောင်ကိုပဲအာရုံစိုက်မယ်လို့ ကျွန်တော်ကတိပေးတယ်” လို့ ကျွန်တော်ပြန်ပြောလိုက်သည်။တစ်အောက်လောက်နေ မစ်ဇီ အိမ်မှထွက်သွားသည်။ ကျွန်တော်နံနက်ကစားထားတဲ့ပန်းကန်တွေဆေးကြောလိုက်သည်။ထို့နောက်အိပ်ရာပေါ်မှာထိုင်သည်။လွန်ခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်ပြောပြခဲ့တဲ့လျှို့ဝှက်ချက်နှစ်ခုကိုဂျက်ကဘာဖြစ်လို့ပြောပြရတာလဲ။ ငါသူ့ကိုနှုတ်ပိတ်ထားခဲ့တာ။ကျိန်ဆိုစေခဲ့ပြီးနောက်ယခုတော့လူတိုင်းသိကြပြီ။ တစ်ယောက်ယောက်သိသွားရင်သူ့ကိုသတ်မယ်လို့ပြောခဲ့တာ။ သူ့ကို ကျွန်တော်တော်သတ်တော့မှာမဟုတ်ဘူး၊ ပျောက်ကွယ်တော့မယ်လို့ထင်သည်။ တပြိုင်တည်းပြီးပျောက်လိုက်ဖို့ပါ။ကျွန်တော်ဘယ်သွားရမလဲ။ကျွန်တော်ဘာလုပ်ရမလဲ ။ ပြီးတော့ ကျွန်တော် မစ်ဇီကိုချစ်နေပြီ။ ကျွန်တော်သူမကိုအမှန်တရားပြောပြရမယ်။သစ္စာတရားရှာဖို့ဆယ်ရှစ်နှစ်ရှိခဲ့ပြီ။ဒါပေမယ့်ယခုအချိန်အထိ မပြောရသေးဘူး။

ဘဘဝ
“The truth from The Government Lake” by James Tate