The Government Lake နတ်ဘုံအိမ်ယာစီမံချက်

ယုန်ကဲ့သို့ လဲပြိုကျသွားသောကောင်းကင်နှင့်အခြား

နတ်ဘုံအိမ်ယာစီမံချက်


သူဌေး၀င်လာတဲ့အချိန်ငါစားပွဲပေါ်အိပ်ပျော်နေတယ်။ ချက်ချင်းပဲနိုးလာပြီး “ဒီနားကျသွားတဲ့စက္ကူညှပ်ကလစ်တစ်ချောင်းရှာနေတာပါ” “စက္ကူညှပ်ကလစ်ကို ဘယ်သူကများဂရုစိုက်လို့လဲ။ ငါဂရုမစိုက်တာ ငါသိတယ်”။ ‘ငါပိုက်ဆံအကြောင်းငါစဉ်းစားနေတာ။စက္ကူညှပ်ကလစ်က ကုန်ကျစရိတ်များပြီး၊ ကုမ္ပဏီအတွက်အကုန်အကျသက်သာမယ်ထင်လို့။” ‘စက္ကူညှပ်ကလစ်တွေက ဘာမှမကုန်ကျဘူး၊ ကုန်တိုက်တွေဆောက်ဖို့မင်းကိုလခကောင်းကောင်းပေးထားတာ။ ပေါက်တတ်ကရတွေလုပ်တာကရပ်ပါ။ အလုပ်သွားလုပ်တော့” လို့သူဌေးကပြောပြီး စိတ်ဆိုးမာန်ဆိုးနဲ့ထွက်သွားတယ်။ ငါမတ်မတ်ထိုင်ပြီး ငါဘာလုပ်ဖို့ပါလိမ့်ဆိုတာ ပြန်စဉ်းစားတယ်။ အိုး၊ ဟုတ်တယ်၊မာစီဆီမှာ၊ အခန်းပုံကြမ်းရှိတယ်။အလုပ်ပြီးတာနဲ့အယ်လီနောနဲ့ လက်တီဆိုင်မှာတစ်ခုခုသောက်ဘို့ တွေ့မယ်။
အီလီနော်ကလှတယ်။ တော်တယ်။ ပြီးတာနဲ့ ငါ့အိမ်ကို သွားချင်သွားမယ်။ သောက်စရာထပ်သောက်၊ ပြီး ညစာ စားမယ်။ ငါ့လက်ရာ ထူးရှယ်ပါစတာလုပ်မယ်။ သီချင်းဆိုမယ်။ ပြီးတော့အတူတူနှပ်ကြမယ်။ ဘယ်လောက်ချစ်စရာကောင်းလဲ။ ဒါပေမယ့် သူကဒီလိုမိန်းကလေးမဟုတ်ဘူး။ ဒါနဲ့ဆို ငါတို့တွေ့တာ ဒုတိယအကြိမ်။ ဒီလောက်နဲ့ ပျော်စရာပါ။ ဒီတစ်ခါလည်းအော်ပရာအကြောင်းပြောချင်‌ပြောဖြစ်မယ်။ ဘေ့စ်ဘော့အကြောင်းတော့မပြော‌တော့ဘူး။ဒါပေမယ့် ငါအော်ပရာအကြောင်း ဘာမှမသိဘူး။သူကတော့ဘေ့စ်ဘော သို့မဟုတ် လက်ဝှေ့ ကြိုက်တာဖြစ်ချင်ဖြစ်မယ်။ ဒီလိုမိန်းကလေးမျိုးနဲ့ ဘယ်တော့မှ မင်းမသိဖူးဘူး။ သူဌေးက”လာရီ ၊ နင်အားလုံးပြီးတော့မလား”ဆိုတော့ “အိုး၊ ငါ့ကိုအချိန်နည်းနည်းလောက်ထပ်ပေးပါ” လို့ငါပြောတယ်။ ဒီအလုပ်ကို ငါမုန်းတယ်။ ငါတကယ်မုန်းတယ်။ အချို့ဟာတွေကို အနှောင့်အယှက်မရှိ၊ အတွေးစဥ်မပြတ် တွေးပြီး ဆက်လုပ်ဖို့မဖြစ်နိုင်ဖူး။ ငါမီးပြတိုက်မှာအလုပ်ရကောင်းရပြီး တစ်နေ့လုံးရေငုပ်သင်္ဘောတွေရှာကောင်းရှာမယ်။ ( မာစီ)အ၀တ်အစား ။အ၀တ်အစားကို ငါဘာဂရုစိုက်တာလဲ။ ဒါနဲ့ငါ့ဘဝက အဲဒါအပေါ်မှာမူတည်တယ်။ ငါလုပ်ရမှာဘာလည်း ဆိုတာတောင် ငါစဥ်းစားမရဘူး။ ပါတ်သနွန်ကျောင်းတော်ကို ပြန်ဖျက်မယ်။ ကစားစရာ သစ်သားတုံး‌လေးတွေနဲ့ အေသင်ကရဲတိုက် ဆောက်မယ်။ မီးလျှံတွေနဲ့ အယ်လီနော ရုပ်တုကို ဖန်ဆင်းမယ်။

ဘဘဝ

“The Floorplan to Heaven from the Government Lake” by James Tate