Ai Wei Wei အိုင်ဝေဝေစကားဝိုင်း

အိုင်ဝေဝေ စကားဝိုင်း

22nd July

အိုင်ဝေဝေစကားဝိုင်း

ဝေဝေ့🍅

ခင်ဗျားရယ်တယ်နော်

တင်မာလို ✍️

ဟာ၊ ရယ်နေပြီ။ ကျနော့်ဆီက ခင်ဗျားဘာမှ မသင်ယူခဲ့ဘူးလို့ ထင်တယ်။ ကျနော်ကတော့ ခင်ဗျားဆီက သင်ယူခဲ့တာ အများကြီးရှိတယ်။ ရှောင်း စကူလီ (Sean Scully) က ခင်ဗျားရဲ့ ပါဆင်းမှာ ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ သူက အချို့အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့တယ်၊ ဒါပေမယ့် သူကိုယ်တိုင်ကလည်း ဒါကို ရယ်စရာလို့ ထင်တယ်။ ခင်ဗျားက ဒူရွှန့် ( Duchamp) ဆီကလည်း အများကြီး သင်ယူခဲ့တယ်လို့ ပြောဖူးတယ်။ သူ အဲဒီအချိန်မှာ အသက်မရှင်တော့ပေမယ့်။ ဂျက်စပါ ဂျွန်း (Jasper Johns) ဆီကလည်း သင်ယူခဲ့တယ်လို့ ပြောဖူးတယ်။ ဒီလူနှစ်ယောက်က ဖြစ်နိုင်တဲ့ အနုပညာရှင်တွေပဲ။ အခု ကမ္ဘာတဝှမ်း မှာ ခင်ဗျားတွေ့မြင်ရတဲ့ အနုပညာတွေဆီက ဆက်လက်သင်ယူနေတုန်းပဲလား။ ဒါမှမဟုတ် ခင်ဗျားရဲ့ တက်ကြွလှုပ်ရှားမှုတွေ၊ ဒုက္ခသည်ပြဿနာလို အတွေ့အကြုံတွေကြောင့် အနုပညာကို သိပ်မကြည့်တော့ဘူးလား။


ဝေဝေ့ 🍅

ကျနော် ၁၉၉၃ လောက်မှာ တရုတ်ကို ပြန်သွားပြီး လူသားတွေက မတူညီတဲ့ ခေတ်တွေမှာ ဖန်တီးခဲ့တဲ့အရာတွေကို ၆ နှစ်ကျော်လောက် ပြန်လည်သုံးသပ်ခဲ့တယ်။ အဲဒီနောက်ပိုင်း ခေတ်ပြိုင်အနုပညာကို မကြည့်တော့ဘူး။ ခေတ်ပြိုင်အနုပညာအကြောင်းလုံလောက်တဲ့ အသိပညာရှိပြီးသားလို့ ကျနော်ထင်တယ်။ တကယ်တော့ ခေတ်ပြိုင်အနုပညာမှာ အချိန်ဖြုန်းတာက မလိုအပ်ဘူး။ တခြားအရာတွေကို ပိုဂရုစိုက်တယ်။ ဗိသုကာ၊ အနုပညာ၊ ဒီဇိုင်း၊ ဘဝ၊ ဟင်းချက်တာ၊ ဆံပင်ညှပ်တာ ဒါမှမဟုတ် တခြားအရာတွေပေါ့။ နောက်တော့ ပြခန်းတွေကို မသွားတော့ဘူး။

တင်မာလို ✍️

ဒါပေမယ့် ခင်ဗျားက အနုပညာလောကရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတုန်းပဲ၊ ဒါပေမယ့် အပြင်မှာလည်း ရှိနေတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပြတိုက်နဲ့ အဖွဲ့အစည်း ၃၅ ခုမှာ ခင်ဗျားပြသခဲ့တယ်။ အဲဒီအရင်ကဆိုရင် ၁၀၀ လောက်ရှိမယ်။ အနုပညာလောကက ခင်ဗျားအတွက် ရည်မှန်းချည်တစ်ခုရောက်ဖို့ နည်းလမ်းတစ်ခုလို့ မြင်လား။

ဝေဝေ့🍅

ဒါက ရှိပြီးသား အဖွဲ့အစည်းတွေနဲ့ ဆိုင်တယ်။ ဥပမာဆိုပါတော့ ခင်ဗျားလမ်းပေါ် လျှောက်သွားတယ်ဆိုရင်၊ အဲဒီလမ်းက အရင်ကတည်းက ရှိပြီးသား။ မြစ်တစ်စင်းကို ဖြတ်တယ်ဆိုရင်၊ တံတားက အရင်ကတည်းက ရှိပြီးသား။ တံတားက ဘယ်လိုဖြစ်ရမယ်လို့ စိတ်ကူးမယဉ်ဘူး။ အဲဒါက တံတားတစ်စင်းပဲ။ မင်း ရေစိုမခံချင်လို့ ဖြတ်ကူးလိုက်တာပဲ။